မြန်မာနိုင်ငံရှိ HND နှင့် NCC (UK) ပြီးထားသူများအား KDU (ပီနန်) ၏ Bachelor တန်းအတွက် ပညာသင်ဆုများ

တရုတ်လူမျိုးများ အများဆုံးနေထိုင်သော ပီနန်မြို့ရှိ KDU ကောလိပ်သည် မလေးရှားနိုင်ငံ၏ နာမည်ကြီးကျောင်းတစ်ခုဖြစ်ပြီး MQA-Accredited Programmes၊ MSC Status Company၊ ISO Certified for Quality၊ China Embassy Accreditation၊ MOHE & Kementerian Dalam Negeri Permit For Foreign Students Enrolment စသည့် အသိအမှတ်ပြုလက်မှတ်များစွာ ရရှိထားသည်။ ထိုကဲ့သို့ ပညာရေးတွင်သာမက အလုပ်အကိုင်အတွက်ပါ အခွင့်အလမ်းများရှိသော “KDU ကောလိပ်၏ Bachelor တန်းအတွက် ကျောင်းလျှောက်ထားနိုင်သူများမှာ HND ပြီးထားသော ကျောင်းသား၊ ကျောင်းသူများ၊ NCC (UK) အသိအမှတ်ပြု ဒီပလိုမာများ၊ City & Guilds တက်ရောက်ဆဲ (သို့မဟုတ်) UK အသိအမှတ်ပြု ဘာသာရပ်များကို သင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ” ဖြစ်ပြီး ပညာသင်ဆုများဖြင့်တက်ရောက်လိုပါက Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု အမှတ် (၂၃၄) ၊ ဒုတိယထပ်(ညာ) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့ လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
webster-university.png

MSI မှ အမေရိကန် Webster တက္ကသိုလ်၏ ပညာသင်ဆုနှင့် ပညာရေးဆွေးနွေးပွဲ ကျင်းပမည်။

ပညာသင်ဆုများ၊ အမေရိကန်ပညာရေးကိုစိတ်ဝင်စားသော ကျောင်းသားကျောင်းသူများ နိုင်ငံခြားပညာရေးကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများ ဇူလှိုင်လ (၁၂)ရက်နေ့ ၂၀၁၅ တွင် Park Royal Hotel ၊ ပတ္တမြား Meeting Room (3) သို့လာရောက်နိုင်ကြောင်း၊ အသေးစိတ်သိရှိလိုသည်များကို အမှတ် (၂၃၄) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း အလယ်လလောက် ပန်းဆိုတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ MSI ရုံးခန်း သို့ လူကိုယ်တိုင်သော် လည်းကောင်း ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့လည်းကောင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
n.jpg

KDU (ပီနန်) ကောလိပ်၏ နိုင်ငံတကာအသိအမှတ်ပြု Diploma in Nursing အတွက် ပညာသင်ဆုများလျှောက်ထားနိုင်ပြီ။

 KDU (ပီနန်) ကောလိပ်သည် (၂၀၀၇) ခုနှစ်ကတည်းက အရည်အသွေးပြည့်သူနာပြုပေါင်း (၅၀၀) ကျော်ကို KDU (ပီနန်) ကောလိပ်မှ မွေးထုတ်ခဲ့ပြီးဖြစ်ကာ သူနာပြုအဖွဲ့အစည်းမှ စစ်ဆေးသည့် စာမေးပွဲများကို (၉၀%) ဖြင့် အောင်ချက်ကောင်းခဲ့သော ကောလိပ်လည်းဖြစ်သည်။ စာတွေ့တင်သာမက လက်ရှိဖွင့်လှစ်လျက်ရှိသော ပြည်သူ့ဆေးရုံများတွင်လည်း လက်တွေ့သင်ကြားမှုများကြောင့် လုပ်ငန်းခွင် အတွေ့အကြုံများကိုပါ သင်ယူနိုင်မည်ဖြစ်ကာ သင်ကြားပေးသော ဆရာ၊ ဆရာမများမှာလည်း အတွေ့အကြုံရှိ ၀ါရင့်သူနာပြုများနှင့် မဟာဘွဲ့ရရှိထားသော ဆရာ၊ ဆရာမများဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထိရောက်သောသင်ကြားမှုများကို ရရှိနိုင်ကြောင်း သိရှိရသည်။ ယခု KDU (ပီနန်) ကောလိပ်တွင် သင်ကြားပေးနေသည့် Diploma in Nursing ကို တက်ရောက်ပြီးသူများသည် မလေးရှားနိုင်ငံသူနာပြုအဖွဲ့အစည်းမှ စစ်ဆေးသည့်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးပါက နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေးပြည့် သူနာပြုတစ်ဦး ဖြစ်လာစေကာ “အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် မလေးရှားနိုင်ငံအပါအ၀င် အခြားနိုင်ငံများဖြစ်သော ထိုင်း၊ စင်ကာပူ၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျနှင့် အင်္ဂလန်နိုင်ငံတို့တွင်လည်း သွားရောက်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း” သိရှိရသည်။

နည်းပညာ အထက်တန်း ကျောင်းသားများ ဇွန်လ နောက်ဆုံးပတ် အထိ လက်ခံ သွားမည်။(Up Date))

အစိုးရနည်းပညာ တက္ကသိုလ်များ ရှိသည့် နယ်မြို့များ၌ နည်းပညာ အထက်တန်း ကျောင်းသားများအား ဇွန် ၂၆ရက်အထိ လက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သင်တန်းကို မည်သည့် အသက် အရွယ်မဆို အဋ္ဌမတန်း အောင်မြင်ပြီးသည့် သူများ တက်ရောက် သင်ကြားနိုင်မည်ဖြစ်ပြီး ယင်းသင်တန်းနှစ်နှစ် တက်ရောက် အောင်မြင်ပါက သင်တန်းအောင် လက်မှတ် ထုတ်ပေး မည်ဖြစ် ကာ အစိုးရဌာနနှင့် ပုဂ္ဂလိက စက်မှုကျွမ်းကျင် ဝန်ထမ်းအဖြစ် အလုပ်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Taylor’s တက္ကသိုလ်သည် QS Global Rankings ၌ ပထမဆုံးစာရင်းသွင်း အသိအမှတ်ပြုခံရ

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ်ပြည်နယ်ရှိ ဆူဗန်းဂျာရာမြို့တွင် တည်ရှိသော Taylor’s University Campus သည် Taylor’s Education Group ၏ အဖွဲ့ဝင်ကျောင်းတစ်ခုဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် QS Global Rankings ၌ ပထမဆုံးစာရင်းသွင်းအသိအမှတ်ပြုခံရသော ပုဂ္ဂလိကတက္ကသိုလ်ဖြစ်ကာ အာရှတွင် အဆင့် ၂၀၀ မှ ၂၅၀ အတွင်း သတ်မှတ်ခံရကြောင်း Myanmar Search International (MSI) မှသိရှိရသည်။ Taylor’s တက္ကသိုလ်သည် ၁၉၆၉ ခုနှစ်တွင် ကောလိပ်အဖြစ်စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ကောလိပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် အဓိကဘာသာသုံးခု တိုးမြှင့်သင်ကြားရန် စီစဉ် (Up Date)

ရန်ကုန်တက္ကသိုလ်တွင် ယခုပညာသင်နှစ်မှစ၍ အဓိကဘာသာရပ်သုံးမျိုး ထပ်မံတိုးမြှင့်သင်ကြားနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ထပ်တိုးသင်ကြားမည့် ဘာသာရပ် သုံးမျိုးမှာ စာကြည့်တိုက် နှင့် သုတပညာ၊ ဇီဝဓာတုဗေဒနှင့် အဏုဇီဝဗေဒဘာသာရပ်များ ဖြစ်သည်။ အဆိုပါ အဓိကဘာသာရပ်သုံးခုအနက် စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်ကို စာကြည့်တိုက်နှင့် သုတပဒေသာဌာနက ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဇီဝဓာတုဗေဒဘာသာရပ်ကို ဓာတုဗေဒဌာနမှ  ဖွင့်လှစ်မည်ဖြစ်ပြီး အဏုဇီဝဗေဒဘာသာရပ်ကိုရုက္ခဗေဒဌာနက ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်မှ သတင်းရရှိသည်။

ယူကေဗီဇာနှင့် လူဝင်မှု ကြီးကြပ်ရေး လိုအပ်ချက်များ အတွက် ဖြေဆိုရသည့် IELTS ယူကေစာမေးပွဲ အကြောင်း

မေး - ယူကေဗီဇာ လျှောက်ထားရာတွင် ဖြေဆိုရန်မည်သည့် IELTS စာမေးပွဲကိုဖြေဆိုရပါသလဲ ။

ဖြေ - အကယ်၍သင်က ယူကေနိုင်ငံအတွင်းမှာ ဗီဇာနှင့်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်ထားပါက သာမန် IELTS စာမေးပွဲကို ဖြေရပါမည်။ ယူကေနိုင်ငံကို သွားရောက်အခြေချ နေထိုင်ရန် ဗီဇာနှင့်လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်များအတွက် လျှောက်ထားသည့်အခါ အင်္ဂလိပ်စာအရည် အချင်းကို ပြသရန် လိုအပ်ပါသည်။ အထူးသဖြင့် ဗီဇာအမျိုးအစား အမြောက်အများအတွက် ယူကေနိုင်ငံ၏ ပြည်ထဲရေးဌာနမှ ထုတ်ပြန်ထားသော Secure English Test ခေါ် SELT စာမေးပွဲကိုသာ ဖြေဆိုကာ သင့်အင်္ဂလိပ်စာ အရည်အချင်းကို တင်ပြရပါသည်။ IELTS နှင့် IELTS Life Skills စာမေးပွဲများမှာ အဆိုပါ စာမေးပွဲများတွင် ပါဝင်ပါသည်။ သင်က ထိုကဲ့သို့သော စာမေးပွဲများ ဖြေဆိုရန် လို၊ မလိုနှင့် မည်သည့်အဆင့် ရရှိအောင် ဖြေဆိုရမည်ကို www.gov.uk တွင် ပိုမိုသိရှိရန် ကြည့်ရှုနိုင်ပါသည်။

KDU (ပီနန်) ကောလိပ်မှ သြဂုတ်လနှင့် စက်တင်ဘာလကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆု

မလေးရှားနိုင်ငံတွင်ဖွင့်လှစ်လျက်ရှိသော KDU University College (၄) ခုအနက် တရုတ်လူမျိုးများအများဆုံးနေထိုင်သော မလေးရှားနိုင်ငံ ပီနန်မြို့တွင်ရှိသည့် KDU (ပီနန်) ကောလိပ်တွင် ယခု ၂၀၁၅ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများ ၏ ကျောင်းဖွင့်ချိန်များအတွက် ပညာသင်ဆုများလျှောက်ထားနိုင်ပြီဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။

ထိုင်းနိုင်ငံရှိအမေရိကန်နိုင်ငံကျောင်းခွဲဖြစ်သော Webster တက္ကသိုလ်မှ ၂၀၁၅ခုနှစ်အတွက်ပညာသင်ဆု

ပညာသင်ဆုလျှောက်ထားလိုသော မြန်မာကျောင်းသား/သူများသည် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ထားသူများ၊ GCE “O” level၊ IGCSE၊ မြန်မာအစိုးရတက္ကသိုလ်များတွင် အထက်ဖော်ပြထားသောဘာသာ ရပ်များနှင့်ဆက်စပ်နေသည့် ဘာသာရပ်များကိုသင်ယူနေသောကျောင်းသား/သူများ၊ ပညာသင်နှစ် ၁၂ တန်းရှိသော Foundation နှင့် GCE “A” Level အောင်မြင်ပြီးစီးထားသောကျောင်းသား/သူများမည်သူမဆိုလျှောက်ထားနိုင်ပြီးအင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်အဖြစ် ဘွဲ့ကြိုတန်းများအတွက် IELTS 6.0 (သို့မဟုတ်) TOEFL – 550 နှင့် ဘွဲ့လွန်တန်းများအတွက် IELTS – 6.5 (သို့မဟုတ်) TOEFL – 575 လိုအပ်ကြောင်း၊ IELTS (သို့မဟုတ်) TOEFL အမှတ်များမရှိပါက Webster University ၏English Placement Test ကိုဖြေဆိုနိုင်ကြောင်း၊ ထိုပညာသင်ဆုများသည် တက္ကသိုလ်ဝင်တန်းအမှတ်နှင့် ဂုဏ်ထူးများအပေါ်မူတည်ပြီးပေး အပ်မည်ဖြစ်ကြောင်း MSI မှထပ်မံသိရှိရသည်။

MSI ၏ နိုင်ငံတကာပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်းနှင့်ပညာရေးဆွေးနွေးပွဲကြီးအောင်မြင်စွာကျင်းပပြီးစီး

၂၀၁၅ ခုနှစ်၊ ဇွန်လ၊ ၅ရက်(သောကြာနေ့)၊ နံနက် (၁၀)နာရီမှ နေ့လည် (၁၂)နာရီအထိရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် “ ပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်း နှင့် ပညာရေးဆွေးနွေးပွဲကြီး ’’ ကို Myanmar Search International (MSI) Education Consultancy ပညာရေးဝန်ဆောင်မှုမှ မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ် အဖြစ်ကြီးမှူးကျင်းပပြီးစီး ခဲ့ပြီး၎င်းပွဲတွင်ကမ္ဘာ့ ထိပ်တန်းဝင်ကျောင်းများဖြစ်သောစင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ KDU(Penang)College, Kaplan Higher Education Academy, Webster University Thailand Campus (U.S.A), Taylor’s University နှင့် Westminster International College(WIC) တို့ပူးပေါင်းပါဝင်ခဲ့ကြသည်။