“MSI” (၉)နှစ်ပြည့် ကုမ္ပဏီနှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် မလေးရှားနိုင်ငံသို့ လေ့လာရန် ခရီးစဉ်

မလေးရှားနိုင်ငံသို့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များကိုလေ့လာလိုသူများအတွက် အမေရိကန်ဒေါ်လာ(၄၇၈) သာကုန်ကျမည့် (Family, Education & Health Exposure) ဟူသောကုန်ကျစရိတ် အထူးသက်သာပြီးနိုဝင်ဘာလ (၁၄) ရက်နေ့မှ (၁ရ) ရက်နေ့ထိ (၃)ညအိပ် (၄)ရက်သာကြာမည့်“Malaysia Tour Package” ခရီးစဉ်သစ်ကြီးကို Myanmar Search International (MSI) မှ ကုမ္ပဏီသက်တမ်း (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စီစဉ်ထားကြောင်းMyanmar Search International (MSI)နိုင်ငံခြားပညာရေး ၀န်ဆောင်မှု မန်နေးဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။ 

ကျောင်းတက်ရင်း လုပ်ငန်းခွင်အတွေ့အကြုံပါရယူနိုင်မည့် TMC Academy နှင့် MSI တို့၏ ပညာရေးဆွေးနွေးပွဲ

စင်ကာပူနိုင်ငံရှိ Council for Private Education (CPE) ၏ Edutrust ကို လေးနှစ်ဆက်တိုက် ရရှိထားသော TMC Academy တွင် စီးပွားရေးဘာသာရပ်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဘာသာရပ်နှင့် IT ဘာသာရပ်များကို စိတ်ပါဝင် စားသောမြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူများအတွက် TMC Academy နှင့် ပညာရေးနယ်ပယ်တွင် (၈)နှစ်ကျော်ကြာ ရပ်တည်လျက်ရှိသော Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်း၍ ပညာရေးဆွေးနွေးပွဲပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုဆွေးနွေးပွဲကို (၂၀၁၅) ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်တွင် MSI ရုံးခန်းဖြစ်သော အမှတ် (၂၃၄) ၊ ဒုတိယထပ် (ညာ) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်) ၊ ပန်းပဲတန်းမြို့နယ် ၌ မွန်းလွဲ (၂) နာရီမှ ညနေ (၅) နာရီအထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း Myanmar Search International ၏မန်နေဂျင်း ဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။

KDU တက္ကသိုလ်(ပီနန်)၏ (၂၀၁၆)ခုနှစ် (၃၀%၊ ၅၀%၊ ၈၀%) ပညာသင်ဆုများကို MSI မှ လျှောက်ထားပေးနေပြီ။

မလေးရှားနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သလိုခရီးသွားမြို့တော်လည်းဖြစ်သည့် Penang (ပီနန်) မြို့တွင် ဖွင့်လှစ်လျက်ရှိသော KDU တက္ကသိုလ်တွင် သင်ကြားနေသောဘာသာရပ်များအားလုံးကို (၂၀၁၆) ပညာသင်နှစ်အတွက် မြန်မာကျောင်းသား/သူများ အား (၃၀%၊ ၅၀%၊ ၈၀%) ပညာသင်ဆုများပေးအပ်နေပြီဖြစ်ကြောင်း၊ ပညာသင်ဆုလျှောက်ထားမည့်သူများသည် မြန်မာနိုင်ငံ ရှိတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်းသား/သူများ ဖြစ်ရမည်ဖြစ်ပြီး၊ International School မှ IGCSE ဖြေ ဆိုအောင်မြင်ပြီးသော ကျောင်းသားများလည်း ၄င်းပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း။၎င်းအပြင်A-Level အောင်မြင်ပြီး သူများနှင့် မြန်မာနိုင်ငံရှိတက္ကသိုလ်တက်ရောက်နေသူများပါ ထိုပညာသင်ဆုများကိုလာရောက်လျှောက်ထားခံစားခွင့်ရှိကြောင်း

Webster တက္ကသိုလ်၏ ဘွဲ့ဒီဂရီတန်း (၅၀%) နှင့် MBA (၃၀%) ပညာသင်ဆုပေးအပ်ဆွေးနွေးပွဲကို MSI မှ ကျင်းပမည်

နိုင်ငံတကာပညာရေးလောကတွင်သာမက မြန်မာ့ပညာရေးလောကတွင် ရေပန်းစားနေသော MBA (Master of Business Administration) အတွက် ထိုင်းနိုင်ငံရှိ အမေရိကန်ကျောင်းခွဲဖြစ်သော Webster တက္ကသိုလ်တွင် အနည်းဆုံး (၃၀%) ပညာသင်ဆုဖြင့် စတင်တက်ရောက်နိုင်ပြီဖြစ်ကြောင်းနှင့် ဘွဲ့ဒီဂရီတန်းအတွက် (၅၀%) ပညာသင်ဆုများကိုပါ (၂၀၁၆) ခုနှစ်၊ ဇန်န၀ါရီလ ကျောင်းဖွင့်ချိန်အတွက် ပေးအပ်မည်ဖြစ်ကြောင်း

တက္ကသိုလ်ဝင်တန်း ဂုဏ်ထူး (၄) ဘာသာနှင့်အထက် ရရှိသူများပညာသင်ဆု (၈၀%) ကို MSI တွင်လျှောက်ထားနိုင်

မလေးရှားနိုင်ငံပီနန်မြို့ရှိ KDU တက္ကသိုလ်ကောလိပ်မှမြန်မာနိုင်ငံတက္ကသိုလ်ဝင်တန်း (၁၀) တန်းကိုဂုဏ်ထူး (၄)ဘာသာနှင့်အထက်အောင်မြင်ပြီးသောကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုများပေးအပ်နေပြီဖြစ်ရာ ထိုပညာသင်ဆုများကို Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုတစ်ခုတည်းမှ လျှောက် ထားနိုင်မည်ဖြစ်ကြောင်း၊ ၎င်းပညာသင်ဆု (၈၀) ရာခိုင်နှုန်းကို (၂၀၁၆) ခုနှစ်၊ ဇန်န၀ါရီလကျောင်းဖွင့်ချိန်အတွက် လျှောက်ထားသူများကိုပေးအပ်မည်ဖြစ်ပြီးလျှောက်ထားနိုင်သောဘာသာရပ်များမှာA-Level၊ Business၊ Design၊ Engineering၊ English၊ Hospitality, Tourism & Culinary Arts၊ IT & Games Technology နှင့် Mass Communication တို့ဖြစ်ကြောင်း

MSI နှင့် PSB Academy တို့ပူးပေါင်း၍ Computer Science ဘာသာရပ်အတွက် Study Grant စင်ကာပူဒေါ်လာ (၁၀၀၀)

စင်ကာပူနိုင်ငံရှိနာမည်ကြီးပုဂ္ဂလိကကျောင်းတစ်ခုဖြစ်သောPSB Academy နှင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်း၍အင်္ဂလန်နိုင်ငံ၏ နာမည်ကြီးတက္ကသိုလ် ဖြစ်သော Conventry University မှ Computer Science ဘာသာရပ်အတွက် Study Grant စင်ကာပူဒေါ်လာ (၁၀၀၀) ချီးမြှင့်ဆွေးနွေးပွဲတစ်ခုကို MSI ရုံးခန်းဖြစ်သောအမှတ် (၂၃၄) ၊ ဒုတိယထပ်(ညာ) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်) ၊ ပန်းပဲတန်း မြို့နယ်၌ (၂၀၁၅) ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်တွင် ညနေ (၄) နာရီခွဲမှ (၆) နာရီခွဲအထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်း

MSI မှ ကနေဒါနိုင်ငံ တက္ကသိုလ် Foundation တန်း၏ ပညာသင်ဆုဆွေးနွေးပွဲကိုရန်ကုန်၊မန္တလေးမြို့တွင်ကျင်းပ

ဆွေးနွေးပွဲတွင် ကနေဒါနိုင်ငံ တက္ကသိုလ်အကြို Foundation တန်း၏ Canadian Pre University (CPU) အတွက် အထူးအစီအစဉ်အဖြစ် (၁၀) တန်းအောင်မြင်ပြီးသော ကျောင်းသားများ၊ IGCSE အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ အများအပြား ပညာသင်ဆု လာရောက်လျှောက်ထားခဲ့ကြောင်း၊ ကျောင်းသားတစ်ဦးစီလျှင် ပညာသင်ဆု ရရှိငွေ မလေးရှားငွေ (RM 5000) ပေးအပ်ခဲ့ကြောင်း၊ ထိုပညာသင်ဆုကို အောက်တိုဘာလကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင်သော ကျောင်းသားဦးရေမှာ (၅) ဦးသာဖြစ်ကြောင်းနှင့် Myanmar Search International (MSI) တွင် လာရောက်လျှောက်ထားသည့်သူများသာ ၎င်းပညာသင်ဆုကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်းကို Taylor’s တက္ကသိုလ်မှ တာဝန်ရှိသူ Ms. Natasyia မှ ရှင်းလင်းပြောကြားခဲ့သည်။

Taylor’s တက္ကသိုလ်၏ တက္ကသိုလ်အကြိုတန်းပညာသင်ထောက်ပံ့ကြေးများကို MSI မှ လျှောက်ထားပေးနေပြီ

Taylor’s မှ ပေးအပ်သောပညာသင်ဆုများအကြောင်း၊ သင်ကြားလျက်ရှိသော ဘာသာရပ်များ၊ ကျောင်းဝင်ခွင့် ရရန်နှင့် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားရန်အတွက် လိုအပ်ချက်များ၊ ပြင်ဆင်မှုများအကြောင်းကို အသေးစိတ် သိရှိလိုပါက (၂၀၁၅) ခုနှစ် စက်တင်ဘာလ (၅) ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ပာိုတယ်၊ ပတ္တမြား Meeting  Room (3) ၌ နေ့လယ် (၁) နာရီမှ (၃) နာရီထိလည်းကောင်း၊ (၂၀၁၅) ခုနှစ် စက်တင်ဘာလ (၆) ရက်တွင် မန္တလေးမြို့ရှိ Hotel Mandalay၊ စံပယ်ဖြူခန်းမ၌ နေ့လယ် (၁) နာရီမှ (၃) နာရီထိ လည်းကောင်း ကျင်းပမည့် “Taylor’s ပညာရေးဆွေးနွေးပွဲ”သို့ လာရောက်ဆွေးနွေးနိုင်ကြောင်း MSI မှ သိရှိရသည်။   

Mechatronics ကို စိတ်ဝင်စားသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် KDU (ပီနန်) မှပညာသင်ဆု ၈၀%

မလေးရှားနိုင်ငံ၏ ပီနန်မြို့ရှိ KDU (ပီနန်) ကောလိပ်တွင် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအတွက် ကမ္ဘာ့အသိအမှတ်ပြုဘွဲ့ကြိုတန်းများ၊ ဘွဲ့လွန်တန်းများကို ဘာသာပေါင်းများစွာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် Diploma in Electrical & Electronic Engineering (Mechatronics) ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီဖြစ်ကြောင်း

သြစတြေးလျ Curtin တက္ကသိုလ်၏ Diploma in Commerce ဘာသာရပ်ကို MSI တွင် လျှောက်ထားနိုင်ပြီ

Curtin university သည် စင်ကာပူပညာရေးအစိုးရ၏ အသိအမှတ်ပြု Edutrust လက်မှတ် ရရှိထားသော တက္ကသိုလ်တစ်ခုဖြစ်သည်။ Curtin university သည် 2014 Academic Ranking of World Universities ၏ စစ်တမ်းများအရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွင် Top 2% အတွင်းရပ်တည်နေပြီး globe university တစ်ခုဖြစ်သည့်အတွက် Singapore campus အပြင် သြစတြေးလျနိုင်ငံရှိ Perth နှင့် Sydney တို့တွင်လည်းကောင်း၊ မလေးရှားနိုင်ငံရှိ Sarawak တို့တွင်လည်းကောင်း university ၏ campus များရှိပြီး ၎င်း campus များသို့ semester အလိုက် လွယ်ကူစွာ ကူးပြောင်းသင်ယူနိုင်သည်။ ကျောင်းတွင်တက်ရောက်နေသော ကျောင်းသူကျောင်းသားများ အတွက်လည်း wifi အင်တာနက်အား အခမဲ့ရရှိနိုင်မည်ဖြစ်ပြီး ကျောင်းသူ ကျောင်းသားများ အတန်းလွတ်ချိန်တွင် နားနေရန်အတွက် student lounge လည်း ထားရှိပေးထားသည်။ ထို့ပြင် ကျောင်းသားတစ်ဦးချင်းစီအတွက် student locker, shower facilities နှင့် အားကစားအတွက် Fitness center စသည့် faciities များပါ ရရှိနိုင်မည် ဖြစ်သည်။ ကျောင်းသားများအချင်းချင်း ဆွေးနွေးမှုများပြုလုပ်ရန်နှင့် ကိုယ်တိုင်လေ့လာမှုများပြုလုပ်ရန်အတွက် Student discussion rooms များနှင့် နိုင်ငံတကာအဆင့်မီစာကြည့်တိုက်ကိုလည်း university campus အတွင်းတွင် ထားရှိပေးထားသည်။