dscn6166.jpg

မလေးရှားနိုင်ငံ KDU College နှင့် MSI Education Consultancy Services တို့ ပူးပေါင်း၍ ၂၀၁၅ ပညာသ

“ဒီ ၂၀၁၅ ခုနှစ် ဧပြီ ၊ ဇူလိုင်နှင့် စက်တင်ဘာတန်းတွေအတွက် လျှောက်လွှာတွေ လျှောက်လိုရပါပြီး။ ပီနန်ကမလေးရှား မှာစက်မှုထွန်းကားပြီး ကျန်မာရေးဝန်ဆောင်မှု ၊ ခရီးသွားဝန်ဆောင်မှုတွေလဲထွန်းကာတယ်။ကမ္ဘာ့ နိုင်ငံအသီးသီးကထင် ရှားတဲ့ကုန်အမှတ်တံဆိပ်တွေ၊လုပ်ငန်းတွေလုပ်ဆောင်နေတဲ့နေရာလည်းဖြစ်ပါတယ်။ဒါကြောင့်ပညာရေးတင်မဟုတ်ပဲ အလုပ်အကိုင်အတွေအကြုံကောင်းတွေရနိုင်တယ်။၂၀၂၀မှာနိုင်ငံတကာပညာရေးဆုံချက်နေရာအဖြစ်သတ်မှတ်ထားပြီးအမေရိကန်တက္ကသိုလိတွေလာဖွင့်ဖို့ ရှိပါတယ်။” ဟု MSI မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင် ကပြောသည်။

အမေရိကန်ဘွဲ့ Civil ဘာသာရပ်ကို MSI တွင်လျှောက်ထားနိုင်ပြီ။

                  မြန်မာကျောင်းသား/သူများသည် စင်္ကာပူနိုင်ငံ Nanyang Insitute of Management (NIM)  တွင်  အမေရိကန် နိုင်ငံရှိ Trine University ၏ဆောက်လုပ်ရေးဘွဲ့ ကို တစ်နှစ်တာအတွင်း တက်ရောက် နိုင်မည့် (2+1) လမ်းကြောင်းကို Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန် ဆောင်မှုမှတဆင့် လျှောက်ထားနိုင်ကြောင်းကို MSI ၏ မန်နေဂျင်းတာရိုက်တာဒေါ်စုစု လှိုင်ထံမှသိရသည်။

ပညာသင်ဆု (၈၀%) ဖြင့် အလုပ်သင်ကာလ ပူးတွဲပါသော Diploma in Interior Design ဘာသာရပ်ကို MSI မှလျှောက်ထားန

ပညာသင်ဆုလျှောက်ထားချင်သူများသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးထားသူများ၊ IGCSE/ GCE “O” Level/ “A” Level ကျောင်းသားများအပြင် အစိုးရတက္ကသိုလ်/ ပုဂ္ဂလိကသင်တန်းကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား/သူများ MSi တွင်လာရောက်လျှောက်ထားနိုင်ပါသည်။ MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ ၈၀% ပညာဆုရနိုင်မည့်သူများကို ရွေးချယ်သွားမည်ဖြစ်သည်။

Game Technology ဘာသာရပ်ကိုပညာသင်ဆုများဖြင့် (၂၀၁၅) ခုနှစ်အတွင်း MSI မှလျှောက်ထားနိုင်ပြီ။

မြန်မာနိုင်ငံမှကျောင်းသားလူငယ်များ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ထားရမည်။ IGCSE/ GCE “O” Level/ GCE “A” Level/ မြန်မာအစိုးရတက္ကသိုလ်များတွင်တက်ရောက်ဆဲကျောင်းသား/သူများ၊ Computing ဘာသာရပ်နှင့်ပတ်သက်ဆက်နွယ်နေသော ဘာသာရပ်ကို တက်ရောက်နေသောကျောင်းသား/သူများ ပညာသင်နှစ်များနှင့် ဘာသာရပ်ကင်းလွတ်ခွင့်များလျှောက်ထားနိုင်ပြီး ထိုပညာသင်ဆုသည် “၂၀၁၅ ခုနှစ်အတွင်းသာ အကျုံးဝင်မည်ဖြစ်ကြောင်း”၊  အင်္ဂလိပ်စာလိုအပ်ချက်ရှိသူများသည် မိမိ၏အင်္ဂလိပ်စာအရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် အချိန်ကုန်သက်သာစွာဖြင့် မိမိသင်ယူလိုသောအဓိကဘာသာရပ်များနှင့်ပူးတွဲသင်ယူနိုင်သည်။

မလေးရှားနိုင်ငံပီနန်မြို့ရှိ KDU ကောလိပ်မှ CEO နှင့် ပညာသင်ဆုရကျောင်းသား/သူများ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ

မလေးရှားနိုင်ငံပီနန်မြို့ရှိ KDU ကောလိပ်မှ CEO နှင့် ပညာသင်ဆုရကျောင်းသား/သူများ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့ ညနေ (၅ နာရီ မှ ၇ နာရီ) ထိ Royal Rreen River အပျော်စီးသဘောင်္ပေါ်တွင်တွေ့ဆုံညစာစားပွဲကိုပြုလုပ်မည် ဖြစ်ကြောင်း၊ ထိုတွေ့ဆုံပွဲသို့ KDU (ပီနန်) ကောလိပ်မှ CEO, Dr. Chong Beg Keok ကိုယ်တိုင်တက်ရောက်မည်ဖြစ်ပြီး KDU မှ Business Development Manager, Ms.Amy Leow၊ ပီနန်မြို့မှ Minister for Penang State Tourism Development & Culture, Y.B. Danny Law Heng Kian နှင့် သူ၏ Assistant တို့နှင့် ပညာသင်ဆုရကျောင်းသားကျောင်းသူနှင့်မိဘများ၊ MSI မှ Board of the directors များနှင့်ဝန်ထမ်းများ၊ မီဒီယာသမားးများပါဝင်တက်ရောက်မည်ဖြစ်ကြောင်း၊ Myanmar Search International (MSI) မှသိရှိရပါသည်။
tmc-academy-13nov2013.jpg

TMC Academy & MSI Education Seminor.

စင်ကာပူနိုင်ငံရှိ TMC Academy နှင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုတို့ ပူးပေါင်းကျင်းပ၍ သြဂုတ်လ (၁၀ရက်) ၂၀၁၄ ခုနှစ် နေ့လည် (၁) နာရီမှ (၃) နာရီအထိ ပညာရေးဆိုင်ရာဆွေးနွေးပွဲကို Sule Shangri-La Hotel (Taung Ngu )ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုပွဲတွင် TMC နှင့်ချိတ်ဆက်ထားသောတက္ကသိုလ်များအကြောင်းနှင့် ဘာသာရပ်များအကြောင်းကိုအသေးစိတ်ပြောကြားဆွေးနွေးမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သြစတြေးလျနိုင်ငံရှိ Monash University တွင် တိုက်ရိုက်တက်ရောက်နိုင်မည့်ဘာသာရပ်များအကြောင်းနှင့် အလုပ်သင်ကာလအခွင့်အလမ်းရရှိသော Hospitality and Tourism Management ဘာသာရပ်များ၊တို့ အပြင် IT (Networking and Web Development) နှင့် စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ Mass Communication၊ Psychology နှင့် Law ဘာသာရပ်များအကြောင်း၊ စင်ကာပူဒေါ်လာ ($5500) ပညာသင်ဆုများ နှင့် ပညာသင်ထောက်ပံ့ကြေးများ ပညာသင်နှစ်ကင်းလွတ်ခွင့်များ နှင့် ကျောင်းလျှောက်လွှာကြေး လျှော့ပေါ့ကင်းလွတ်ခွင့်များ (Special application for on the spot enrolment)   အကြောင်းကို  အသေးစိတ်ရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်း MSI မှသိရရှိရသည်။

Taylor’s တက္ကသိုလ်၏ ပညာသင်ဆုနှင့်နိုင်ငံတကာပညာရေးဆိုင်ရာဆွေးနွေးပွဲကို MSI ရုံးခန်းတွင်ကျင်းပမည်။

မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ “Tier 5” Excellent Award ကိုရရှိထားပြီး နှစ်ပေါင်း (၅၀) ရပ်တည်ခဲ့သော Taylor’s တက္ကသိုလ်သည် (၂၀၁၅) ခုနှစ် ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ(၃) နာရီ တွင် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုနှင့် ပူးပေါင်းပြီး Taylor’s တက္ကသိုလ်မှတဆင့် နိုင်ငံကြီးများသို့ ကုန်ကျစရိတ်သက်သာပြီး ပြည်ဝင်ခွင့်ကျောင်းသား ဗီဇာအခက်အခဲမရှိ လွယ်ကူစွာကူးပြောင်းသင်ယူနိုင်မှုနှင့် ပညာသင်ဆုများ အကြောင်းကို MSI ရုံးခန်းတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း MSI ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှသိရပါသည်။

အမေရိကန် ရေးတက္ကသိုလ် အကြောင်း

ရေးတက္ကသိုလ် (Yale University) ပာာ ၁၇၀၁ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ မြို့ပေါ်မှာ တည်ရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး ကျောင်းပရ၀ဏ်ကတော့ ၃၄၂ ဏ၏ဧက တောင်ကျယ်ပါတယ်။ ၂၀၁၅ ခုနှစ် အကောင်းဆုံးကောလိပ်/ တက္ကသိုလ်များစာရင်းမှာ အမေရိကန်နိုင်ငံလုံးဆိုင်ရာ အဆင့် ၃ ရခဲ့ပါတယ်။
kdu-4x7-l.jpg

မြန်မာကျောင်းသားကျောင်းသူ (၁၂) ဦး KDU (ပီနန်)ကျောင်းမှပညာသင်ဆုများရရှိ

မလေးရှားနိုင်ငံ ကေဒီယူကောလိပ် (ပီနန်) ရဲ့ ၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် မြန်မာကျောင်းသူကျောင်းသား (၁၂) ဦး ပညာသင်ဆုရရှိသွားတယ်လို့ အဲသည် ပညာသင်ဆုတွေကို လျှောက်ထားပေးတဲ့ Myanmar Search International နိုင်ငံခြားပညာရေးဝန်ဆောင်မှုက သိရပါတယ်။
curtin-1.jpg

အင်ဂျင်နီယာဘာသာရပ်တွင် Tire 5 Excellent ဆုရရှိထားသောCurtin တွင်Chemical Engineeringဘာသာရပ်သင်ယူနိုင်

အနောက်သြစတြေးလျနိုင်ငံတွင် အကြီးမားဆုံးတက္ကသိုလ်ဖြစ်သော Perth မြို့ရှိ Curtin တက္ကသိုလ်၏ အဓိက ပင်မကျောင်းခွဲ ဖြစ်သော မလေးရှားနိုင်ငံ Sarawaka ပြည်နယ်ရှိ Curtin Sarawakaသည် Engineering ဘာသာရပ်တွင် Tire 5 Excellent Award ကိုမလေးရှားနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၏ စစ်ဆေးဆုံးဖြတ်မှုဖြင့် တရားဝင် အသိအမှတ်ပြုခံထားရသော တက္ကသိုလ်ဖြစ်ကြောင်း၊ ၄င်းတက္ကသိုလ်တွင် မြန်မာနိုင်ငံမှကျောင်းသားများ အင်ဂျင်နီယာဘာသာရပ်ကို အများဆုံးသင်ယူလျက်ရှိကြောင်း၊ ယခုလက်ရှိ (၅၀%) ပညာသင်ဆုခံစားခွင့်ဖြင့် တက်ရောက်လျက်ရှိသော မြန်မာကျောင်းသား ၂ဦးရှိကြောင်း၊ ၄င်း ၂ ဦးမှာ Chemical Engineering ဘာသာရပ်ကို သင်ယူလျက်ရှိကြောင်း Myanmar Search International (MSI) ၏ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။