New General English Courses at the British Council (April Term)

"လူကြီးများအတွက် General English အတန်းများ၏ သင်တန်းကြေးမှာ ကျပ် ၃၅၀,၀၀၀ ဖြစ်ပြီး လူကြီးများအတွက် IELTS Preparation အတန်းများနှင့် ကလေးများအတွက် General English အတန်းများမှာ ကျပ် ၃၆၅,၀၀၀ ဖြစ်ပါသည်။ စုစုပေါင်းသင်ကြားချိန်မှာ နာရီ ၆၀ ဖြစ်ကာ သင်တန်းကြေးများမှာ ကျပ် ၂၀,၀၀၀ တန်ဖိုးရှိသော ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် တစ်နှစ် အသင်းဝင်ခွင့်ပါ ပါပြီးဖြစ်ပါသည်။
အရည်အသွေးပြည့်ဝသည့်နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဆရာ/ဆရာမများဖြင့်သာသင်ကြားမည်။
ဗြိတိသျှကောင်စီအသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ရရှိမည်။"

USA Scholorship News.

"အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် အနည်းဆုံး တစ်နှစ်နှင့် တစ်နှစ်အထက် သွားရောက်လေ့လာ သင်ကြား၍ သုတေသနပါ အဆိုပါနိုင်ငံ တွင် ပြုလုပ်ကြရမည်ဖြစ်သည်။ မည်သည့် နယ်ပယ်အတွက် မဆို လျှောက်ထားနိုင်ပြီး ယေဘုယျအားဖြင့် ကျူရှင်စရိတ်၊ ကျောင်း လခ၊ နေထိုင်မှုစရိတ်၊ ကျန်းမာရေး၊ စာအုပ်ဖိုးနှင့် အခြားလိုအပ်သည့် အသုံး အဆောင်များ စရိတ်များ၊ ခရီးသွားစရိတ်၊ အာမခံ စရိတ်စသည့် စရိတ်များအားလုံးကိုပါ အမေရိကန်အစိုးရက ကျခံပေးသွားမည် ဖြစ်သည်။"

ပုဂ္ဂလိကကျောင်းမှ အခြေခံပညာကျောင်းသို့ ပြောင်းရွှေ့နိုင်ရေး အရည်အချင်းစစ် စာမေးပွဲတစ်ကြိမ်သာဖြေဆိုရမည်

အရင်တုန်းကတော့ ဒီလိုစာမေးပွဲတွေကို နိုင်ငံခြားမှာရှိတဲ့ စစ်သံမှူးတွေ၊ သံအမတ်တွေရဲ့ သားသမီးတွေ မြန် မာနိုင်ငံက ကျောင်းတွေမှာ သင်ကြားလိုရင် ပြုလုပ်ပေးပါတယ်။ အခု ရန်ကုန်မှာ နိုင်ငံတကာကျောင်းတွေ များလာတော့ အခုလို အခြေခံကျောင်းတွေကို ပြောင်းလဲသင်ကြားလိုတာ ရှိလာလို့ ပြုလုပ် ပေးလာရခြင်း ဖြစ် တယ်” ဟု ဒုတိယညွန်ကြားရေးမှူး(စီမံ) ဦးစိုးသိုက်က ပြောသည်။"

IELTS စာမေးပွဲကြေးပြောင်းလဲကောက်ခံခြင်း

"၂၀၁၅ ဧပြီလ ၃၀ရက်နေ့တွင် စစ်ဆေးမည့် IELTS စာမေးပွဲ Registration မှ စတင်၍ IELTS စာမေးပွဲကြေးများကို ငွေကျပ် (၁၇၀,၀၀၀) သို့ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။"
 
11018831_10153167732778856_3529076848525088840_n.png

TKT Specialist Module (Content and Language Integrated Learning (CLIL)) သင်တန်း တက်ရောက်ရန် စာရင်း

"ဗြိတိသျှကောင်စီ မှ Teacher Trainer များမှ Cambridge University မှ စစ်ဆေးသော CLIL စာမေးပွဲဖြေဆိုနိုင်ရန် သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းတက်ရောက်ကြောင်း Certificate ပေးမည်ဖြစ်သည်။"
984285_10153171671158856_5273280174621707785_n.png

British Council Myanmar Update News

"စာကြည့်တိုက်တွင် အသင်းဝင်ရောက်လိုပါက သက်သေခံကဒ်ပြား တစ်ခုခု ( မှတ်ပုံတင်၊ ပတ်စပို့၊ ကျောင်းသားကဒ် သို့မဟုတ် ယဉ်မောင်းလိုင်စင်)၊ ပတ်စပို့ဆိုဒ် ဓာတ်ပုံ (၂) ပုံ နှင့် သတ်မှတ်ထားသော အသင်းဝင်ကြေး တို့ယူဆောင်လာရန် လိုအပ်ပါသည်။ အသင်းဝင်ကြေးများမှာ တစ်နှစ်လျှင် တစ်ဦးချင်းစီအတွက် ကျပ် ၂၅,၀၀၀ ၊ မိသားစုကဒ် အတွက် ကျပ် ၄၀,၀၀၀ ၊ ကုမ္ပဏီ အဖွဲ့အစည်းများအတွက် Corporate membership အတွက် ကျပ် ၁၀၀,၀၀၀ နှင့် Express membership အတွက် ကျပ် ၆,၀၀၀ ဖြစ်ပါသည်။"

ပြည်ပမှာအင်ဂျင်နီယာဘွဲ့ ကိုတကယ်ဝါသနာပါမှလျှောက်ပါ။

ဥပမာအမေရိကန်လိုနိုင်ငံမျိုး မှာသွားတက်ပြီးဘယ် အဖွဲ့ အစည်းကအသိအမှတ်မပြုထား ရင်ဘယ်နိုင်ငံ မှာ အလုပ် လုပ်ဖို့ အဆင်ပြေမှာမဟုတ်ဘူး၊ကိုယ့်ပြည်တွင်းကဘွဲ့ လိုဖြစ် သွားမှာ၊ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့ အစည်းက အသိအမှတ်ပြုထား သိရင်ဘယ်နိုင်ငံမှာအလုပ်လုပ်လို့ ရလဲဆိုတာသိနိုင်မယ် လို့ ယူကေနိုင်ငံနော်တင်ဂမ် ကချီးမြှင့်တဲ့ လျှပ်စစ် နဲ့ အီလက် ထရောနစ်အင်ဂျင်နီယာမဟာဘွဲ့ ကိုရရှိထားတဲကိုကျော်ကျော်နိုင်ကပြောပါတယ်။

အလုပ်သင်ကာလတွဲဖက်ပါဝင်မည့် Hospitality & Tourism ဘာသာရပ်ကို TMC Academy မှာသင်ယူနိုင်

MSI မှ ဒေါ်စုစုလှိုင်က “ TMC Academy မှာ ထိုဘာသာရပ်က အရင်ကတည်းကရှိထားပြီးသားဖြစ်ပေမဲ့ ကျောင်းသားတွေအတွက် အလုပ်သင်ကာလဆိုတဲ့ (On Job Training)ပာာမရှိမဖြစ်အရေးပါလာတဲ့အ တွက်ကြောင့် ကျောင်းသားတွေလုပ်ငန်းခွင်အနာဂတ်ကောင်းဖို့ ရည်မှန်းပြီး ထည့်သွင်းလိုက်တဲ့ Program တစ်ခုပါ။ အလုပ်သင်ကာလမှာ ကျောင်းမှချိတ်ဆက်ပေးထားတဲ့ ကုမ္ပဏီတွေမှာ ၀င်ရောက် အင်တာဗျူး ဖြေရပါမယ်။ အင်တာဗျူးအောင်ပြီဆိုတာနဲ့ အဲဒီလုပ်ငန်းခွင်မှာ (၆လ) ၀င်ရောက်လုပ်ကိုင်လို့ရပြီ။ ခံစားခွင့်အနေနဲ့ ကုမဏီအနေအထား၊ မိမိ၏အရည်အချင်းနဲ့ လုပ်ကိုင်ရမဲ့နေရာအပ်ါမူတည်ပြီးကွဲပြားခြားနားမှုရှိတယ်။ အလုပ်သင်ကာလအတွင်းတွင် TWP (Training Work Pass) ဖြင့် လုပ်ရမည်ဖြစ်ကြောင်း” ဆိုသည်။

တကယ်ပေးတဲ့ပညာသင်ဆုရကြစေချင်

"ပညာသင်ဆုပဲဖြစ်ဖြစ်၊ ပညာသင်ပညာသင်ထောက်ပံ့ကြေး ပဲဖြစ်ဖြစ်လျှောက်ထားတော့မယ်ဆိုဘယ်အဖွဲ့ အစည်းကပေးတာလဲဘယ်လို  ပညာသင်ဆုမျိုးလဲ၊ ဘာအတွက်ပေးတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ပေးတာလဲ၊ဘယ်နှစ်ယောက်ပေးတာလဲ ၊ ဘယ်နှစ်ဦးပေးတာလဲ၊ ဘာပြန်လုပ်ပေးမှာလဲ၊ လူဦးရေကန့် သတ်ချက်ရှိလားဆိုတာကျောင်းသားတွေအနေနဲ့ မေး သင့်တဲ့မေးခွန်းဖြစ်ပါတယ်။လူဦးရေကန့် သတ်ချက်ရှိရင်ကိုယ်အတွက်အခွင့်အလမ်းနည်းတယ်။ တချို့ က ဘယ် ဘက်ဂျက်မှာဘယ်လောက် ပေးမယ် ဆိုတာရှိတယ်၊ လျှောက်တဲ့သူတိုင်း ပေးမှာလား ဆိုတာကိုလဲကျောင်းသား တွေဘက်က မေးသင့်တယ်လို့ Myanmar Search International ကမန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင် က ပြောပါတယ်။"
10931015_10152613547012919_6984448286095099284_n.jpg

အမေရိကန် Webster University (ထိုင်း) နိုင်ငံမှ ၂၀၁၄ ခုနှစ်အတွက် ပညာသင်ဆု (၁၇) ဦးလက်ခံရရှိ

၂၀၁၅ ဇန်န၀ါရီ နှင့်မတ်လအတွက်ပညာသင်ဆုရရှိခဲ့သူ(၁၃)ဦးလက်ခံရရှိခဲ့ပြီဖြစ်ပြီး၊ “ဇန်န၀ါရီလ” အတွက်ရရှိခဲ့သူ(၈)ဦးတို့မှာမောင်အောင်မြင့်ထွန်း (MBA)၊ မောင်လှိုင်အောင်ထွန်း (BA in Computer Science)၊ မောင်ဟိန်းဇာနည်မောင် ( BA in Computer Science)၊ မောင်ကောင်းဆွေသန့် (BA in Management with emphasis in Human Resource)၊ မဂျာဆိုင်းမွန်း (BA in Management with emphasis in Marketing)၊ မဖူးသဉ္ဖာဇော် (BA in Management)၊ မအိန္ဒြာမင်း (BA in Psychology)၊ မသင်းမြတ်နိုး (BA in Management with emphasis in Int’l Business)၊ “မတ်လ”အတွက်ပညာသင်ဆုထပ်မံရရှိခဲ့သူ (၅)ဦးတို့မှာမစောကလျာ (BA in Management)၊ မနွယ်နီပွင့်ထူး(Undecided Program)၊ မနှင်းအိအိလှိုင် (MBA)၊ မအေးမြတ်မြတ်မင်း (BA in Management with emphasis in Marketing)၊ မောင်ဝဏ္ဏသန်းထွန်း (BA in Management with emphasis in Human Resource) အသီးသီးတို့ဖြစ်ပြီး စုစုပေါင်းပညာသင်ဆုဦးရေ (၁၃)ဦးလက်ခံရရှိခဲ့ပြီး ဖြစ်ကြောင် MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရှိရပါသည်။