school.jpg

Post Graduate Diploma in Software Development ဆိုင်ရာ ဘွဲ့လွန် ဒီပလိုမာ (PGDSD) သင်တန်းဆင်း

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့ ကျင်းပသည့် အခမ်းအနား သည် ICT ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင် ရေးအတွက် အိန္ဒိယ အစိုးရနှင့် မြန်မာ အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ရာမှ ထွက်ပေါ် လာသော ရလဒ်ကောင်းဖြစ်ပါကြောင်း၊ အိန္ဒိယအစိုးရမှ ပူး ပေါင်းပါဝင် ဖွင့်လှစ်သည့် PGDSD ဘွဲ့လွန်ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး ကို PGDSD ဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ် ချီးမြှင့်နိုင်ပြီး ဖြစ် ပါကြောင်း၊ ယခု PGDSD ဘွဲ့လွန် ဒီပလိုမာသင်တန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တွင် MIIT ကို မန္တလေးမြို့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်ပင်မ အဆောက်အဦ တည်ဆောက်နေစဉ်အတွင်း မန္တလေး ကွန်ပျူတာတက္ကသိုလ်တွင် ယာယီဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၉) လဖြစ်ပြီး ပထမ သင်တန်းကာလ (၆)လကို အိန္ဒိယနိုင်ငံ၊ IIIT-B တက္ကသိုလ် တွင် ၂၀၁၄ ခုနှစ် မေလမှ အောက်တို ဘာလအထိလည်းကောင်း၊ ဒုတိယသင်တန်းကာလ (၃) လ ကို မန္တလေးကွန်ပျူတာ တက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ်၊ မတ်လ အထိလည်းကောင်း ဖွင့်လှစ် သင်ကြားပေး ခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး ကော်မတီဝင် များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် IIIT-B မှ တာဝန်ရှိသူများ၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဤသင်တန်းပြီး ဆုံး အောင်မြင် စွာ ဆောင်ရွက်ပေး သည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း။

Webster Universit Thailand Campus Scholorship New.

၂၀၁၄ ခုနှစ်တွင် Thailand Campus ၌ အာရှနိုင်ငံသားများအတွက် ဘွဲ့ဒီဂရီတန်း လျှောက်ထားသူများအား ပညာသင်ထောက်ပံ့ကြေး ၃၀% မှ ၅၀% အထိနှင့် ဘွဲ့လွန်တန်းအတွက် ပညာသင်ထောက်ပံ့ကြေး ၂၀% အထိ ဆုများကို မြန်မာနိုင်ငံမှကျောင်းသား၊ ကျောင်းသူများအတွက် MSI မှ တာဝန်ယူစိစစ် လျှောက်ထားပေးခဲ့ရာ စုစုပေါင်း ပညာသင်ဆုရဦးရေ (၁၈) ဦး လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီနှင့်မတ်လ တွင်လည်း ပညာသင် ဆုရရှိခဲ့သူ (၁၅) ဦး ရှိခဲ့ပြီး ၂၀၁၀ခုနှစ်မှစ၍ ယခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း ပညာသင်ဆုရကျောင်းသား၊ ကျောင်းသူဦးရေ (၄၃) ဦး လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း MSI မှသိရှိရသည်။ ယခုနှစ်မေလကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆုများ ကိုလည်း MSI မှ ဆက်လက်တာဝန်ယူစိစစ်လျှောက်ထားပေးနေပြီဖြစ်သည်။

Australia Awards Scholarship

Australia Awards Scholarships သည် သြစတြေးလျအစိုးရက ချီးမြင့်သော ပညာသင်ဆုဖြစ်ပြီး ပညာသင်ဆုလျှောက်ချင်သောကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့၏ ကိုယ်ရည်ကိုယ်သွေးများ၊ ပညာ အရည်အချင်းများနှင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုဆိုင်ရာစိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုများအပေါ် ၎င်းတို့၏ စွမ်းဆောင်နိုင်မှုများကို အခြေခံကာ လက်ခံစဉ်းစားပေးမည်ဖြစ်ကာ မြန်မာကျောင်းသား၊ ကျောင်းသူများက သြစတြေးလျနိုင်ငံ၏ တက္ကသိုလ်နှင့်ကောလိပ်အဆင့်ရှိအဖွဲ့အစည်းတွင်  ဘွဲ့ကြိုနှင့်ဘွဲ့လွန်ဒီဂရီများကို တက်ရောက်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်သည်။  ပညာတော်သင်ဆုသည် အဓိကအားဖြင့် Master Level များကိုဦးစားပေးမည်ဖြစ်ပြီး ဘွဲ့ကြိုတန်းနှင့် PhD များအတွက် ကျောင်းသားဦးရေကန့်သတ် ထားကာ လျှောက်ထားသူတို့၏ကိုယ်ရည်ကိုယ်သွေး၊ စွမ်းဆောင်နိုင်မှုများကိုမူတည်၍ လက်ခံပေးမည် ဖြစ်သည်။

Kaplan ကျောင်းလျှောက်သူများအား MSI မှ လေယာဉ်လက်မှတ် အခမဲ့ဝန်ဆောင်မှုပေးမည်။

လေယာဉ်လက်မှတ်အခမဲ့ဝန်ဆောင်မှုနှင့်ပက်သက်၍  “၂၀၁၅ခုနှစ် မေလ ၃၁ ရက်အထိ နောက်ဆုံး ထားပြီး Kaplan ကျောင်းကိုလျှောက်တဲ့သူတွေအတွက် MSI ကနေ လေယာဉ်လက်မှတ် အခမဲ့ ၀န်ဆောင်မှုပေးသွားပါမယ်။ အင်္ဂလန်နဲ့သြစတြေးလျနိုင်ငံတွေက ကမ္ဘာ့အဆင့်မီ Ranking မြင့်တဲ့ အင်္ဂလန်၊ သြစတြေးလျဘွဲ့တွေကို Kaplan မှာ အချိန်တိုတိုအတွင်းမှာပဲ ရနိုင်တယ်။ ပြီးတော့ Kaplan ကျောင်းက စင်ကာပူနိုင်ငံရဲ့ အချက်အချာကျတဲ့နေရာ မှာရှိတဲ့အတွက် ကျောင်းသားကျောင်းသူတွေ အတွက် သွားရလာရအဆင်ပြေပြီးတော့ မြန်မာကျောင်းသားကျောင်းသူတွေလည်း အများကြီးရှိပါတယ်” ဟု MSI ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်မှ ပြောကြားခဲ့သည်။

ဧပြီလအတွင်းကျောင်းလျှောက်ထားသူများကို MSI မှ လေယာဉ်လက် မှတ်အခမဲ့ဖြင့် ၀န်ဆောင်မှုပေးမည်။

၂၀၁၅ခုနှစ် စက်တင်ဘာလ ကျောင်းဖွင့်ချိန်အတွက် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုရုံးခန်းတွင် စတင်လာရောက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များ သိရှိရန် အတွက် MSI ရုံးခန်း (ဖုန်း - ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅) သို့ စုံစမ်းမေးမြန်း နိုင်ကြောင်း၊ စက်တင်ဘာလကျောင်းဖွင့်ချိန်အတွက် “ဧပြီလ”အတွင်း ကျောင်းလျှောက်ထားသူ များအတွက် MSI မှ “လေယာဉ်လက်မှတ်အခမဲ့” ၀န်ဆောင်မှုပေးမည် ဖြစ်ကြောင်း MSI မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင် ထံမှသိရသည်။
 

B.Tech မှ B.E ပေါင်းကူးဝင်ခွင့်စာမေးပွဲ ကျင်းပမည်

ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများနှင့် မိမိတို့ ဖြေဆိုရမည့် ဘာသာရပ်အလိုက် Scope များကို မိမိတို့ B.Tech သင်တန်း အောင်မြင်ခဲ့သည့် နည်းပညာတက္ကသိုလ်၊ ကော လိပ်၊ သိပ္ပံများတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ စတင်ရယူနိုင်ပြီး B.Tech ဘွဲ့လက်မှတ်မူရင်း (သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း ကိုယ်တိုင်ဝန်ခံချက်နှင့် မိဘအုပ်ထိန်းသူများ၏ ဝန်ခံချက်၊ တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ ၄ ပုံ တို့နှင့်အတူ ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်သည်။ ပေါင်းကူးဝင်ခွင့် သတ်မှတ်ချက်များအတိုင်း လျှောက်လွှာတင်ထားသည့် စာမေးပွဲဖြေဆိုမည့် သူများသည် မိမိတို့ လျှောက်လွှာတင်ထားသည့် နည်းပညာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများတွင် ဝင်ခွင့်အရည်အချင်း စာမေးပွဲကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၇ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်ကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း၊ သက်ဆိုင်ရာဘာသာရပ်ကို ဇွန်လ ၂၈ ရက်တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း ဖြေဆိုရမည်ဖြစ်သည်။

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ မာလ်တီ မီဒီယာ အတတ်ပညာ ဘွဲ့ဒီပလိုမာ (ပညာရေး)

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ရန်ကုန် ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ မာလ်တီမီဒီယာ အတတ်ပညာဘွဲ့လွန် ဒီပလိုမာ (ပညာရေး) သင်တန်း Postgraduate Diploma in Multi-media Arts (Education)-PGDMA အမှတ် ၁၆ အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်းသိရသည်။
 

ထိုင်းတော်ဝင်အစိုးရ မှ ထောက်ပံ့သော ပညာသင်ဆု

ပညာသင်ဆုတွင် မဟာဘွဲ့အထိ ၂၂ လတာ ကာလပတ်လုံး ကျောင်းဝင်းအတွင်း နေထိုင်ခွင့်နှင့် ကျောင်း လခကြေး၊ နေထိုင် စားသောက်စရိတ်များကိုပါ ပေးအပ်သွားမည် ဖြစ်သည်။ မည်သည့် အာရှတိုက်သားမဆို အရည်အသွေးပြည့်မီသော ထူးချွန်သူများကို ပညာသင်ဆု ရာနှုန်းပြည့် ချီးမြှင့်သွားမည်ဖြစ်သည်။

Taylor's Scholorship News

Malaysia နိုင်ငံ Taylor’s တက္ကသိုလ်မှ တက္ကသိုလ်ဝင်တန်းအောင်မြန်မာကျောင်းသား/သူများအား တက္ကသိုလ်အခြေခံသင်တန်းဖြစ်သောပညာသင်နှစ် (၁၂) နှစ်နှင့်ညီမျှသော- Canadian Pre University (CPU) Program
အတွက်ပညာသင်ဆု “မြန်မာကျပ်ငွေ ၂၁ သိန်း”ကို 2015 ဇူလိုင်လကျောင်းဖွင့်ချိန်အတွက် Myanmar Search International (MSI) မှ    လျှောက်ထားနိုင်ကြောင်း Myanmar Search International (MSI) ၏ မန်နေဂျင်းဒါရိုက် တာ ဒေါ်စုစုလှိုင်ထံမှသိရသည်။Taylor’s တက္ကသိုလ်သည် Malaysia နိုင်ငံ၏ Ranking အမြင့်ဆုံးနှင့် Malaysia နိုင်ငံအဆင့်မြင့်ပညာရေးဝန်ကြီးဌာန (MOE)မှ Tire 5 Excellent Award အကောင်းဆုံးဆုကို တရားဝင်အသိအမှတ်ပြုလက်ခံရရှိထားသောတက္ကသိုလ်ကျောင်းတစ်ကျောင်းဖြစ်သည်။
11044577_10153206535298856_3685963789096956008_n.png

ဗြိတိသျှကောင်စီမှ ပြုလုပ်မည့် ယူကေ ပညာရေးပြပွဲတွင် တက္ကသိုလ်ကောလိပ် ၁၇ ကျောင်း ပါဝင်မည်

ဗြိတိသျှကောင်စီ မြန်မာမှ ကြီးမှူးကျင်းပပြီး ဧရာဝတီဘဏ်မှ အဓိက ပါဝင်ကူညီပေးထားသော ယူကေ ပညာရေးပြပွဲကို ရန်ကုန်မြို့ Sule Shangri-La ဟိုတယ်တွင် ၂၀၁၅ မတ်လ ၂၉ ရက် နံနက် ၉ နာရီမှ ညနေ ၂ နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ ပညာရေးပြပွဲတွင် ဘာသာရပ်ပေါင်းများစွာကို Foundation, A-Level မှအစ ဘွဲ့ကြို (Undergraduate)၊ ဘွဲ့လွန် (Master’s နှင့် PhD Programme) အစီအစဉ်များအထိ သင်ကြားပို့ချပေးနေသည့် ယူကေမှ တက္ကသိုလ်ကောလိပ်များဖြစ်ကြသည့် Cambridge Tutors College, Harrow International School Bangkok, BBP University, University of Derby, University of Glasgow, University of Gloucestershire, University of Hertfordshire, Liverpool John Moores University, London South Bank University, Middlesex University, Newcastle University, University of Northampton, Northumbria University, University of South Wales, University of Sunderland, University of Wolverhampton, York St John University တို့ ပါဝင်ကြမည်ဖြစ်ပါသည်။