MSI ၏ နိုင်ငံတကာပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်း နှင့် ပညာရေးဆွေး နွေးပွဲကြီး

Myanmar Search International(MSI) Education Consultancy Services Co., Ltd. မှ ကြီးမှူး၍ နိုင်ငံတကာပညာသင်ဆုလျှောက်လွှာခေါ်ယူခြင်းနှင့် ပညာရေးဆွေးနွေးပွဲကြီးကိုရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့တို့တွင် (၃)ရက်ဆက်တိုက် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၄င်းပွဲသည် MSI ၏ပထမဆုံးအကြိမ် “ပညာသင်ဆုသီးသန့်ဆွေးနွေးပွဲနှင့် လျှောက်လွှာခေါ်ယူသည့်ပွဲ” ဖြစ်ကြောင်း၊ ၄င်းပွဲများကို ရန်ကုန်မြို့ရှိဆူးလေရှန်ဂရီလာဟိုတယ် ၏ ကုန်းဘောင် နှင့်တကောင်းခန်းမတွင်၂၀၁၅ခုနှစ်၊ဇွန်လ(၅)ရက် (သောကြာနေ့)နံနက် ၁၀နာရီမှ နေ့လည်၁၂နာရီ ထိလည်းကောင်း၊မန္တလေးမြို့ရှိဟိုတယ်မန္တလေး၏စံပယ်ဖြူခန်းမတွင်ဇွန်လ(၆)ရက် (စနေနေ့)မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီထိလည်းကောင်း၊ တောင်ကြီးမြို့ရှိ Royal Star ဟိုတယ် ၏ ခန်းမကြီးတွင် ဇွန်လ(၇)ရက်(တနင်္ဂနွေနေ့)၊ မွန်းလွဲ ၁နာရီခွဲမှ ၃နာရီခွဲထိ လည်းကောင်း၊ (၃) ရက်ဆက်တိုက်ကျင်းပပြုလုပ်မည်ဖြစ် ကာကမ္ဘာ့ထိပ်တန်းတက္ကသိုလ်(၅) ကျောင်းဖြစ် သော ထိုင်းနိုင်ငံရှိအမေရိကန်တက္ကသိုလ် Webster University ၊ မလေးရှားနိုင်ငံရှိ  Westminster International College(WIC) နှင့် Taylor’s University၊ ပီနန်မြို့ရှိ KDU College နှင့် စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy တို့ပါဝင်မည်ဖြစ်ကြောင်း MSI  မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှသိရှိရသည်။

KDU(ပီနန်)မှာ ၄လကြာအခမဲ့နေထိုင်ခွင့်နှင့်ငွေကျပ် ၁၆ သိန်းသာကုန်ကျမည့် ကာလတိုအင်္ဂလိပ်စာအထူးပြုသင်တန်း

KDU(ပီနန်)ကောလိပ်တွင် အင်္ဂလိပ်စာအထူးပြုသင်တန်းကို သြဂုတ်လကျောင်းဖွင့်ချိန်အတွက် Myanmar Search International(MSI) နိုင်ငံခြားပညာရေးဝန်ဆောင် မှုတွင်စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ လျှောက်
ထားသောကျောင်းသားများအတွက် (၄)လကြာ “ အခမဲ့ ’’ နေထိုင်ခွင့်(အဆောင်)ရမည်ဖြစ်ကြောင်း၊ ၄င်း KDU(ပီနန်)ကောလိပ်သည်မလေးရှားပညာရေးဝန်ကြီးဋ္ဌာနမှ “5 Stars College” အဖြစ်(၂၀၁၀) မှစပြီး (၂၀၁၃)ခုနှစ်ထိ သတ်မှတ်ခြင်းခံထားရကြောင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရှိရပါသည်။

စင်္ကာပူနိုင်ငံသို့  ပညာတော်သင်သွားရောက်သူများအားMSIမှလေယာဉ်လက်မှတ်အခမဲ့စီစဉ်ပေးမည်

ကုမ္ပဏီနှစ်ပတ်လည် (၉) နှစ်ပြည့်အထိမ်းအမှတ်ဖြင့် MSI နှင့်ချိတ်ဆက်ထားသောစင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ် ကျောင်း များသို့  “မေလ (၃၁) ရက်နေ့ ” အတွင်းကျောင်း လျှောက်ထားသူများအား “လေယာဉ်လက်မှတ် အခမဲ့” စနစ်ဖြင့်ချီးမြှင့် ပေးအပ်မည်ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှသိရှိရသည်။

Understanding IELTS: Techniques for English Language Tests - ဗြိတိသျှကောင်စီ၏ အခမဲ့ online IELTS

IELTS ဖြေဆိုရန် လေ့လာသင်ယူနေသူများနှင့် အင်္ဂလိပ်စာလေ့လာလိုက်စားသော သူများအတွက် ရည်ရွယ်ထားပြီး လက်လွတ်မခံသင့်သော ဗြိတိသျှကောင်စီ၏ အခမဲ့ online သင်တန်းတစ်ခုဖြစ်ပါသည်။
ဤသင်တန်းသည် ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၂ နာရီ အချိန်ပေးရုံ ဖြင့် IELTS စာမေးပွဲ အကြောင်း၊ အမှတ်ပေးပုံစံ နှင့် စာမေးပွဲဖြေဆိုရန် ပြင်ဆင်လေ့လာနေသူများအတွက် အသုံးဝင်သော အကြံပေးချက်များကိုပါ လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

အစိုးရ ပညာသင်ဆုရ စာရင်းများ မေ ၅ ရက်တွင် ထုတ်ပြန်ကြေညာမည်။ (Education New))

"ပညာသင်ဆု ရတဲ့ စာရင်းကို သက်ဆိုင်ရာ မြို့နယ် အသီးသီးမှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်" ဟု အခြေခံ ပညာ ဦးစီးဌာန ( ရန်ကုန် )မှ ညွှန်ကြားရေးမှူး(ပညာ) ဒေါ်စန်းစန်းရီက ပြောကြားသည်။ အစိုးရသစ် လက်ထက် ပညာရေးနှင့် ပတ်သက်သော ချီးမြှင့် ထောက်ပံ့မှု များတွင် ပညာသင် ကြားရန် ချို့တဲ့သော ကလေးများအတွက် ပံ့ပိုးပေးခြင်းများ ရှိသလို ပညာရည် ထူးချွန်သော ကလေးများအတွက် ပညာသင် ထောက်ပံ့ကြေးငွေ ချီးမြှင့်ခြင်း လည်း ဖြစ်သည်။
american.jpg

အမေရိကန်ပြည်ထောင်စုက မြန်မာလူငယ်များအတွက် ခေါင်းဆောင်မှုဆိုင်ရာသင်တန်းများ နှစ်စဉ်ခေါ်ယူ (Education)

မြန်မာလူငယ်ခေါင်းဆောင်မှုအစီ အစဉ်ကို ၂ဝ၁၂ ခုနှစ် တွင် ကျောင်းသား ကျောင်းသူ ၁၅ ဦးနှင့် အုပ်ချုပ်သူ ဆရာ ဆရာမ သုံးဦးတို့ကို ရွေးချယ်ကာ စတင်ခဲ့ခြင်းဖြစ်သည်။ မူလအစီအစဉ် အရ နှစ်နှစ်တစ်ကြိမ် ရွေးချယ် စေ လွှတ်ရန်သတ်မှတ်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ်၌ ကျောင်းသား ကျောင်းသူ ၁၈ ဦးနှင့် ဆရာ ဆရာမ နှစ်ဦး စုစုပေါင်း ၂ဝ ကို စေလွှတ်ခဲ့ပြီးနောက်တွင် အစီအစဉ် အောင်မြင်ခြင်း၊ ကျောင်း သား ကျောင်းသူများ၏ ခေါင်းဆောင် မှုစွမ်းရည် တိုးတက်လာသည်ကိုတွေ့ရှိ ရခြင်းတို့ကြောင့် ၂ဝ၁၅ ခုနှစ်မှ စတင် ကာ နှစ်စဉ် စေလွှတ်ရန် ပြင်ဆင် သတ်မှတ်ပေးခဲ့သည်။ မြန်မာလူငယ် ခေါင်းဆောင်မှု သင်တန်းသို့ ပထမ အကြိမ်မှ တတိယ အကြိမ်အထိ မြန်မာ နိုင်ငံမှအုပ်ချုပ်သူ အပါအဝင် လူငယ် ၅၈ ဦးတို့က အမေရိကန်ပြည်ထောင်စု သို့ သွားရောက်ပြီး သင်တန်းတက် ရောက်ခဲ့ကြသည်။

စင်ကာပူအစိုးရကျောင်းများဝင်ခွင့်စာမေးပွဲသင်တန်းကို MSI မှလျှောက်ထားနိုင်။

စင်ကာပူနိုင်ငံရှိ EduTrust Certification ကို (၄) နှစ် ဆက်တိုက်ရထားသော စင်ကာပူအစိုးရ အသိအမှတ်ပြု TMC Academy တွင် အင်္ဂလန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်သော Cambridge University နှင့် စင်ကာပူအစိုးရပညာရေးဝန်ကြီးဌာန (Ministry of Education Singapore) တို့ပူးပေါင်းကာ နှစ်စဉ်ကျင်းပလျက်ရှိသော GCE O-Level စာမေးပွဲအတွက် Preparatory course တစ်ခုကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ ထိုသင်တန်းပြီးဆုံးပါက စင်ကာပူအစိုးရပညာရေးဝန်ကြီးဌာနမှ နှစ်စဉ်ဦးစီး ကျင်းပသော GCE ‘ O ’ Level (Cambridge) စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်သည်။ ထိုစာမေးပွဲဖြေဆို အောင်မြင်ပြီးပါက စင်ကာပူအစိုးရကျောင်းများနှင့် နိုင်ငံတကာပုဂ္ဂလိကတက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။

အခြားဋ္ဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် ၆၈ ခု ပညာရေးဝန်ကြီးဌာန လက်အောက်ရောက်မည်။ (Education New)

ဝန်ကြီးဌာနအချို့ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် ၆၈ ခုသည် ၂၀၁၅ပညာသင်နှစ်မှစ၍ ပညာရေး ၀န်ကြီးဌာန လက်အောက်သို့ ရောက်ရှိမည်ဖြစ်ပြီးဘတ်ဂျက်သုံးစွဲမှုအပိုင်းကို အဓိက စီမံခန့်ခွဲ သွားမည် ဖြစ် ကြောင်းယခင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်မှ ပညာရေးဝန်ကြီးဌာနလက်အောက်ဆီသို့ ပြောင်းလဲရောက်ရှိလာမည့် နည်းပညာတက္ကသိုလ်များထံမှသိရှိရသည်။
“အဲဒါနဲ့ပတ်သက်ပြီး တရားဝင်ကျွန်မတို့ဆီကို စာရောက်တာတော့ မရှိသေးဘူး။ဒါပေမဲ့ ၀င်စာ ထွက်စာတွေ အရ အခုလာမယ့် ဧပြီလ စာသင်နှစ်ဝက်လောက်မှစပြောင်းမယ်ထင်တယ်။ ပညာရေးဝန်ကြီးဌာန လက် အောက်ကို ပြောင်းဖို့ကနောက်ပညာသင်နှစ်တောင် မနေပါဘူး။ အခုလာမယ့် ပညာသင်နှစ်မှ စပြောင်းဖို့များ တယ်။ အဓိကတော့ ဘတ်ဂျက်ပိုင်း စီမံခန့်ခွဲရမယ်လို့ သိရတယ်။”ဟု သန်လျင်နည်းပညာ တက္ကသိုလ်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ ပညာသင်ဆုကို Medical နှင့် Engineeringနယ်ပယ်မှ အများဆုံးဖြေဆို

နိုင်ငံတော်သမ္မတပညာသင်ဆုအား ရေးဖြေအောင်မြင်သည့် တစ်ထောင်ကျော်အနက် ဒုတိယအသုတ် လူတွေ့ စစ်ဆေးမှု ဖြေဆိုသူများမှာ ဆေးပညာနှင့် အင်ဂျင်နီယာဘာသာရပ်နယ်ပယ်မှ အများဆုံးဖြစ် ကြောင်း ဖြေဆိုသည့် ကျောင်းသားစာရင်းများအရ သိရှိရသည်။
ဒုတိယအသုတ်လူတွေ့စစ်ဆေးမှုတွင် ဘာသာရပ်နယ်ပယ်(၁၅)ခုမှ စုစုပေါင်းလူတွေ့အောင်မြင်သည့် (၇၃၆)ဦး တွင် ဆေးပညာဆိုင်ရာမှ (၁၇၄)ဦး၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာမှ(၁၈၆)ဦးဖြင့် အများဆုံး ဖြေဆိုကြပြီး သစ်တောပညာရပ်မှ(၁)ဦးဖြင့် အနည်းဆုံးဖြေဆိုခဲ့ကြောင်း သိရသည်။

Myanmar - Korea နိုင်ငံတကာ ပညာရပ်များ လေ့လာရေး ဗဟိုဌာနဖွင့်

ရန်ကုန်တက္ကသိုလ်နှင့် ချောင် အန်းတက္ကသိုလ်တို့ ပူးပေါင်း၍ နိုင်ငံတကာဖွံ့ဖြိုးရေး ပညာရပ် ဒီပလိုမာသင်တန်းများကို ၂ဝ၁၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် တက်ရောက်လျက်ရှိသော သင်တန်း သား၊ ဆရာ ဆရာမအပါအဝင် ၇ဝ ကျော်ရှိပြီဖြစ်ကြောင်း၊ သင်တန်း ကာလမှာ တစ်နှစ်ခန့်ဖြစ်ပြီး သုတေသနပြုလုပ်နည်း၊ နိုင်ငံတကာ ဆက်ဆံရေးသီအိုရီ၊ စီးပွားရေး နည်းဥပဒေ၊ နိုင်ငံခြားရေးမူဝါဒစသည့် ပညာရပ်များကို စာတွေ့လက်တွေ့ ပြုလုပ်ရကြောင်းနှင့် အဆိုပါဒီပလို မာသင်တန်းသို့ တက်ရောက်လို သည့် ဆရာ ဆရာမများအပြင် ဘွဲ့ရရှိပြီး စိတ်ပါဝင်စားသူ မည်သူ မဆို ဒဂုံလမ်း မြန်မာ-ကိုရီးယား နိုင်ငံတကာပညာရပ်များ လေ့လာရေး ဗဟို ဌာနတွင် လျှောက်ထားပြီး သတ်မှတ်အရည်အချင်း စစ်ဆေးမှု အောင်မြင်ပါက တက်ရောက်နိုင် ကြောင်း သိရသည်။