Latest News
နိုင်ငံတကာ ဆေးပညာနယ်ပယ်တွင် အောင်မြင်ချင်သော အနာဂတ်လူငယ်များအတွက် Life Science Education Workshop ကို ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် MSI မှ ကြီးမှူး ကျင်းပသွားမည်
နိုင်ငံတကာ အသိအမှတ်ပြု "ဆရာဝန်" တစ်ဦး ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ ၊ ဘာတွေ လိုအပ်လဲ ၊ သိလိုသူများအတွက် ပညာသင်ဆု နှင့် ပညာသင်ထောက်ပံ့ကြေးများစွာ မြန်မာနိုင်ငံမှ ကျောင်းသား/သူများကို လျှောက်ထားပေးပြီးဖြစ်တဲ့ Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှု နှင့် စင်္ကာပူနိုင်ငံ၏ ပညာရေးနယ်ပယ်တွင် Edu Trust သာမက အခြားဆုပေါင်းများ စွာ ရရှိပိုင်ဆိုင်ထားသည့် psb Academy တို့ ပူးပေါင်းကာ ရန်ကုန်မြို့ တွင် (၂၁.၇.၂၀၁၈) စနေနေ့ ၊ နေ့လည် (၁) နာရီ မှ (၃) နာရီ ၊ Slue Shangri-La Hotel (တောင်ငူခန်းမ) နှင့် မန္တလေးမြို့တွင် (၂၂.၇.၂၀၁၈) တနင်္ဂနွေ နေ့ ၊ နေ့လည် (၁) နာရီ မှ (၃) နာရီ ၊ Swan Hotel (ရတနာခန်းမ) တို့၌ Life Science Education Workshop လူငယ်များအတွက် (သိပ္ပံပညာရပ် နှီးနှောဖလှယ်ပွဲ) နှင့် စင်္ကာပူနိုင်ငံ၏ အစိုးရ နှင့် ပုဂ္ဂလိက ပညာရေးသတင်း အချက်အလက် ဆွေးနွေးမျှဝေပွဲ ကို ကျင်းပပြုလုပ်သွားမည်။
အထူးသတင်းကောင်းတစ်ရပ်အနေဖြင့် psb Academy သည် ယနေ့ခေတ် စင်္ကာပူနိုင်ငံ၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် နာမည်ကျော် ကျောင်းစာရင်းဝင် ဖြစ်သည့်အလျောက် 2018 ခုနှစ် ၊ သြဂုတ်လ ကျောင်းဖွင့်ချိန်တွင် ပညာသင်ဆု (25%) ကို Diploma in Network Defense and Forensic Countermeasures ဘာသာရပ်အတွက် ပေးအပ်သွားမည်ဖြစ်၍ (13.7.2018) နောက်ဆုံးထားပြီး Myanmar Search International (MSI) သို့ တိုက်ရိုက် လာရောက် လျှောက်ထားနိုင်သည် ။
စင်္ကာပူနိုင်ငံ အစိုးရအသိအမှတ်ပြု ဘွဲ့ဒီဂရီများသာမက UK နှင့် Australia နိုင်ငံကြီးများ ရှိ ကမ္ဘ့ာထိပ်တန်း Top Universities တို့မှ ပေးအပ်သည့် ဘွဲ့ဒီဂရီတို့ကို psb Academy မှာ တက်ရောက်သင်ယူပြီး ကျောင်းလခသက်သာစွာဖြင့် ရယူနိုင်သည် ။ Tiong Bahru မြို့ရှိ Delta Campus နှင့် Marina Square ရှိ City Campus ဟူ၍ Campus နှစ်ခုဖွင့်လှစ်ထားပြီး Certificate, Diploma, Bachelor , Postgraduate Diploma, Master စသည့် level များကို တက်ရောက်နိုင်သည် ။ ရွေးချယ် တက်ရောက်သင်ယူနိုင်သည့် ဘာသာရပ်များ မှာ- Academic English, InfoComm Technology, Business, Engineering , Tourism & Hospitality Management, Life Science, Biomedical Science, Pharmaceutical, Global Logistics and Supply Chain Management, Medicine, Network Defense and Forensic Countermeasures တို့ဖြစ်သည် ။
MSI ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်မှ “ ဆယ်တန်းအောင်ပြီး ဆေးကျောင်းတက်ဖို့ အခွင့်အရေး မရခဲ့တဲ့ ကျောင်းသားတွေအတွက် ပြန်ကြိုးစားဖို့ နောက်တစ်ကြိမ်ရရှိမယ့် အခွင့်အရေးတစ်ခုပါ ။ အကယ်၍ ဆေးကု သပေးနိုင်တဲ့ ဆရာဝန်တစ်ယောက် မဖြစ်ရင်တောင် ဆေးပညာကို နားလည်တဲ့သူတွေ ဖြစ်လာမှာပါ ။ ဆေးဝါးတစ်ခု ရဲ့ အရည်အသွေးကောင်း ၊ မကောင်း စစ်ဆေးမှု ၊ ဆေးဝါးသုံးစွဲသူတွေအတွက် ကောင်းကျိုး နဲ့ ဘေးထွက်ဆိုးကျိုး တွေ ၊ ခန္ဓာကိုယ်ထဲမှာ ရောဂါရှာဖွေတဲ့ ကိရိယာစက်ပစ္စည်းတွေကို အန္တရာယ်မဖြစ်အောင် ကာကွယ်စမ်းသပ်မှု (ဥပမာ - အစားအသောက် ၊ အလှကုန်ပစ္စည်းကအစ သုံးစွဲသူတွေမှာ ဘေးအန္တရာယ် ရှိမရှိ စတဲ့ အကြောင်းအရာတွေ ကို နား လည်အကဲဖြတ် ဖြေရှင်းပေးနိုင်မယ့် နည်းပညာရှင် ၊ အတတ်ပညာရှင် ဖြစ်ချင်သူများ အတွက် Life Science ဆိုတဲ့ ဒီဘာသာရပ် က အထူးသင့်တော်ပါတယ် ။ psb Academy မှာ Biomedical Science, Molecular Biology, Pharmaceutical Science စတဲ့ ဘာသာရပ်တို့ဖြင့် Bachelor ပြီးဆုံးအောင်မြင်သူများအနေဖြင့် Top 10 University ဖြစ်တဲ့ La Trobe University ၏ Entrance ကို ဖြေဆိုခွင့်ရမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်ပါက ဆေးဘက်ဆိုင်ရာ ဘာသာရပ် ကို (၃) နှစ် ဆက်လက်တက်ရောက် နိုင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
မြန်မာအစိုးရ ဆယ်တန်း အောင်မြင်ပြီးသူများ ၊ IGCSE / GCE O'Level / A'Level အောင်မြင်ပြီးထားသူ များ ၊ HND , ACCA , ABE ဒီပလိုမာတန်း ပြီးထားသူများ ၊ တက္ကသိုလ် တက်ရောက်နေသူများ ၊ ဘွဲ့ရပြီး သူများ ၊
နိုင်ငံခြားပညာရေး နှင့် ပညာသင်ဆု စိတ်ဝင်စားသူများ သာမက မိဘများပါလိုက်ပါ တက်ရောက် ဆွေးနွေးမေးမြန်း နိုင်ကြောင်း MSI မှသိရှိရသည်။
အခမဲ့ ဆွေးနွေးပွဲ တက်ရောက်ရန် စာရင်းပေးသွင်းလိုသူများ
ရန်ကုန် ဖုန်း 09-5103915, 09-420037616 , 01-381408 နှင့်
မန္တလေး ဖုန်း 09-402517549, 01-373461, 09-767847673 သို့ ဆက်သွယ် ၍ သော် လည်းကောင်း ၊
လူကိုယ်တိုင် လာရောက်စာရင်းပေးလိုပါက ........
MSI ရုံးခန်းလိပ်စာ : အမှတ် (234) ၊ ဒုတိယထပ် (ညာ) ရွှေဘုံ သာ အလယ်လမ်း (အလယ်ဘလောက်) ၊ ပန်းပဲတန်းမြို့နယ် သို့ လာရောက် စာရင်းပေးသွင်းနိုင်သည် ။

Comments
There are no comments