Latest News
MSI မှ ကြီးမှူကျင်းပသည့် ဆွစ်ဇာလန်ပညာသင်ဆု ဆွေးနွေးပွဲအား မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီး
မြန်မာနိုင်ငံမှ ကျောင်းသားဦးရေ (၂၀၀)ကျော် ကို ပညာသင်ဆုဖြင့် အခမဲ့လျှောက်ထားပေးနေပြီး ပညာရေး နယ်ပယ်တွင် (၁၁) နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ Myanmar Search International (MSI) Overseas Education နှင့် ယခုလက်ရှိ မြန်မာကျောင်းသား (၂၀) ဝန်းကျင် တက်ရောက်ပညာသင်ယူလျက်ရှိသော ဆွစ်ဇာလန်နိုင်ငံ ရဲ့ အထင်ကရကျောင်းဖြစ်သည့် ဟိုတယ် စီမံခန့်ခွဲမှု နှင့် စီးပွားရေးဆိုင်ရာ ဘာ သာရပ်တွေကို အထူးသင်ကြားပေးနေသော Business and Hotel Management School (B.H.M.S) တို့မှ ကြီးမှူး၍ မန္တလေး မြို့တွင် (၂၆.၅.၂၀၁၈) စနေနေ့ ၊ Swan Hotel (Yadanar Room) ၊ တောင်ကြီးမြို့တွင် (၂၇.၅.၂၀၁၈) တနင်္ဂနွေနေ့ ၊ Mountain Star Hotel (Meeting Room) တို့၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုရဲ့ တာဝန်ရှိသူ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရသည် ။
၎င်းပွဲနေ့များတွင် MSI မှာ လျှောက်ထားရယူနိုင်မည့် ဆွစ်ဇာလန်ပညာသင်ဆု နှင့် ပညာသင်ထောက်ပံ့ကြေးများ ၊ ပညာသင်ဆုရယူရန် လိုအပ်ချက်များ နှင့် ကြိုတင်ပြင်ဆင်မှုများ ၊ ဆယ်တန်းအောင် ၊ IGCSE 'A' Level ၊ Graduate ကျောင်းသူ/သားများအတွက် ပညာသင်ဆု နှင့် ပတ်သက်သည့် အထူးအခွင့်အရေးများ ၊ မြန်မာနိုင်ငံ မှ (၁၀) တန်းအောင် ၊ IGCSE အောင်မြင်ပြီးသော ကျောင်းသား/သူများ အနေဖြင့် Foundation တန်း တက်စရာမလိုဘဲ Bachelor တန်းကို (၃) နှစ် တက်ရောက်ရုံဖြင့် ဘွဲ့ဒီဂရီ ရရှိနိုင်ကြောင်း ၊ စာသင်နှစ်တိုင်းတွင် စာတွေ့ (၆) လ နှင့် လက်တွေ့ (၄လ မှ ၆လ) ဖြင့် သင်ကြားနိုင်ခြင်း နှင့် MBA ဘာသာရပ် တစ်နှစ်ကိုလဲ စာတွေ့နှင့် လက်တွေ့ ပူးတွဲလုပ်ကိုင်နိုင်ခြင်း { လက်တွေ့ (၆) လ အချိန်တွင် Paid Internship အနေဖြင့် (၁)လ လျှင် ဆွစ်ဇာလန် ဒေါ်လာ ၂,၂၀၀ ( မြန်မာကျပ် ၂၉ သိန်းခန့် ) ရရှိမည်} ၊ ဆွစ်ဇာလန်နိုင်ငံတွင်သာမက အနီးအနားရှိ ဥရောပနိုင်ငံများတွင် Internship (အလုပ်သင်) သွားရောက် လုပ်ကိုင်နိုင်မည့် အခွင့်အရေးများရှိကြောင်း ၊ B.H.M.S တွင် သင်ကြားပေးလျက်ရှိသော ဟိုတယ် နှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များအကြောင်း နှင့် ၄င်းကျောင်း၏ ကျောင်းအဆောင် နှင့် အစားအသောက်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအကြောင်း ၊ ဆွစ်ဇာလန်ကျောင်သား Visa ရရှိရန်အတွက် ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာများ စသည့် အကြောင်းအရာများကို အသေးစိတ်ရှင်းပြပေးသွားခဲ့ပါတယ်။
MSI မှ ဒေါ်စုစုလှိုင်က “B.H.M.S ကျောင်းသည် ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ အမည်ရကျောင်းတွေထဲမှာ တစ်ခုအပါ အဝင်ဖြစ်ပါတယ် ။ ဟိုတယ်သီးသန့်မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေပါ လေ့လာသင်ယူနိုင်တဲ့ တစ်ခုတည်းသော ကျောင်းဖြစ်ပါတယ် ။ အချက်အပြုတ်ပိုင်းဆိုင်ရာ ဘာသာရပ်တွေကိုလဲ သင်ကြားပေးနေပါတယ် ။ ကျောင်းအဆောင်ဟာ မြို့ထဲမှာတည်ရှိသောကြောင့် သွားရလာရ လွယ်ကူပြီး အလုပ်ရှာဖွေဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်’’ ဟု ပြောကြား ခဲ့သည် ။ B.H.M.S ကျောင်းမှ ပေးအပ်သော ဘွဲ့ဒီဂရီများမှာ ဆွစ်ဇာလန်နိုင်ငံ ၏ အဖွဲ့အစည်းများ ဖြစ်သော EDUQUA, ACBSP, ECBE နှင့် ACF နှင့် University of Bringhton (UK) မှ အသိအမှတ်ပြုထားသည် ။ BA နှင့် M.Sc Degree ကို B.H.M.S နှင့် Robert Gordon University Aberdeen (UK) မှ ပေးအပ်ပြီး MBA Degree ကို B.H.M.S နှင့် City University of Seattle (USA) မှ ပေးအပ်သည်။
B.H.M.S ကျောင်းအကြောင်း အသေးစိတ်သိရှိလိုသူများ ..............
MSI Office Contact no 09-5103915, 09-402517549, 09-767847673, 01-250929, 01-373461 သို့ ဆက်သွယ် ၍ ဖြစ်စေ ၊
MSI ရုံးခန်း လိပ်စာ အမှတ် (၂၃၄)၊ ရွှေဘုံသာအလယ်လမ်း (အလယ်ဘလောက်) ၊ ပန်းပဲတန်း မြို့နယ်သို့ လူကိုယ်တိုင်လာရောက်စုံစမ်းနိုင်သည် ။

Comments
There are no comments