21100955_1567589226632844_1362252490_n.png

MSI Overseas Education Services Co.,Lt မှ ကျောင်းသား/သူ (၁၆)ယောက်ကို ပေးအပ်မည့် 100% Scholarship

 Myanmar Search International Services Co.,Ltd Overseas Education မှ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) ဖြေဆိုပြီး ကျောင်းသား/သူ (၁၆)ယောက်ကို ပေးအပ်မည့် 100% Scholarship အစီအစဉ်
       
                MSI နှင့် Partner Internation Universitiy (မိတ်ဖက် နိုင်ငံခြား တက္ကသိုလ်)တစ်ခု  ဖြစ်သည့် Xiamen University Malaysia သည် ဘာသာစုံရမှတ် ပျှမ်းမျှရာခိုင်နှုန်း 80% နှင့် အထက်ရရှိသည့် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) ဖြေဆိုအောင်မြင်ပြီး ကျောင်းသား/သူ (၁၆)ယောက်ကို 100% ပညာသင်ဆု (Full Scholarship) ပေးအပ်မည်ဖြစ်၍ MSI ရုံးခန်းတွင် လျှောက်ထားနိုင်ပြီး 2018 April တွင်တတ်ရောက်ရမည်ဖြစ်သည်။
                 Xiamen University (XMU)သည် တရုတ်နိုင်ငံရှိ ဖူဂျီယန်မြို့တွင်ဖွင့်လှစ်ထားပြီး Malaysia Campus မှာ တရုတ်လူမျိုး 70%ကျော် နေထိုင်နေပြီးဖြစ်သော Sepangမြို့တွင် ဖွင့်လှစ်ထားသည့် တရုတ်နိုင်ငံအစိုးရတက္ကသိုလ်ခွဲ တစ်ခုဖြစ်သည်။  Xiamen University သည်US News နှင့် World Report တွင် “2016 Best Global Universities Ranking” အရ တရုတ်နိုင်ငံü     “ အဆင့် (၁၂) ” နေရာတွင်လည်းကောင်း၊ အာရှ တွင် “အဆင့် (၃၇)” အဖြစ် လည်းကောင်း ၊တစ် ကမ္ဘာလုံးရှိ တက္ကသိုလ်များထဲတွင် “အဆင့် (၂၇၅)” တွင် ရပ်တည်လျှက်ရှိပြီး  The Daily Telegraph (UK)တွင် ကမ္ဘာ့အလှဆုံးတက္ကသိုလ်နယ်မြေများ သတ်မှတ်ချက်အရ အဆင့် (၁၄) နေရာတွင် တည်ရှိသည်။  တရုတ်နိုင်ငံတွင် တက္ကသိုလ်နယ်မြေ (၃) ခုနှင့်  မလေးရှားနိုင်ငံတွင် တက္ကသိုလ်နယ်မြေ (၁) ခု စုစုပေါင်း တက္ကသိုလ်နယ်မြေ (၄)ခု ဖွင့်လှစ်ထားသည်။
 
MSIတွင် လျှောက်ထားနိုင်သော ပညာသင်ဆု (Scholarship) ရာခိုင်နှုန်းများ
 
  • တက္ကသိုလ်ဝင်တန်း အမှတ်ပေါင်း 480 အထက်ဆိုလျှင် 100% ပညာသင်ဆု (Full Scholarship)
  • တက္ကသိုလ်ဝင်တန်း အမှတ်ပေါင်း 480 ဆိုလျှင် 80% ပညာသင်ဆု
  • တက္ကသိုလ်ဝင်တန်း အမှတ်ပေါင်း 425 နှင့် အထက်ဆိုလျှင် 50% ပညာသင်ဆု
  • တက္ကသိုလ်ဝင်တန်း အမှတ်ပေါင်း 360 မှ 424 ဆိုလျှင် 30%  ပညာသင်ဆု တို့ကို လျှောက်ထားနိုင်ပါသည်။
                Xiamen University Malaysia တွင် သင်ကြားနိုင်သော ဘာသာရပ်များမှာ-
  • Science
  • Arts & Social Science
  • Journalism
  • Accounting
  • Finance
  • International Business
  • Computer Science And Technology
  • Digital Media Technology
  • Software Engineering
  • Chemical Engineering
  • Marine Biotechnology
  • New Energy Science And Engineering
  • Electrical And Electronics Engineering  စသည့်ဘာသာရပ်များကို နိုင်ငံတကာသုံး အဓိက ဘာသာစကားဖြစ်သည့် အင်္ဂလိပ် ဘာသာစကားဖြင့်သင်ကြားပေးပြီး
 
  • Chinese Studies
  • Traditional Chinese Medicine   စသည့်ဘာသာရပ်များကို တရုတ်ဘာသာစကားဖြင့် သင်ကြားလျှက်ရှိပါသည်။
 
   တတ်ရောက်ရမည့်အတန်းများ
        အနိမ့်ဆုံးFoundation တန်းမှစíအမြင့်ဆုံးဘွဲ့ဒီဂရီတန်းထိတတ်ရောက်နိုင်ပြီး Post Graduate (Master) တန်းအတွက် ပင်မကျောင်းဖြစ်သည့် တရုတ်နိုင်ငံရှိ Xiamen University တွင် သွားရောက်သင်ကြားနိုင်သည်။
 
မှတ်ချက်။   ။IELTS အမှတ် (5.5) လိုအပ်သည်။  MSI နှင့် ချိတ်ဆက် ဖွင့်လှစ်ထားသော English သင်တန်းကျောင်းတွင်လည်းတတ်ရောက်နိုင်သည်။
 
လျှောက်ထားစုံစမ်း အသေးစိတ်သိရှိလိုပါက-
MSI ရုံးခန်း- အမှတ် (၂၃၄) ၊ ရွှေဘုံသာအလယ်လမ်း(အလယ်ဘလောက်) ၊ ပန်းပဲတန်းမြို့နယ်
ဖုန်း-01-389915, 09-250687342, 09-5103915 သို့ဆက်သွယ်နိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.