21015517_1565612650163835_232913971_n.jpg

International Hotel Management ဘာသာရပ်ကို Double Degree/ Double Major ဖြင့် သင်ယူနိုင်မည့်အခွင့်အရေး

Asia-Pacific မှာ Top 1 Hotel School ဖြစ်သည့် သြစတြေးလျနိုင်ငံရှိ Blue Mountain International Hotel Management School (BMIHMS) နှင့် ထိုင်းနိုင်ငံရှိ Stamford University တို့မှ International Hotel Management ဘာသာရပ်ကို ပညာသင်ဆုများရယူရင်း Double Degree/ Double Major ဖြင့် တစ်ပြိုင်တည်းသင်ယူရရှိနိုင်။

 ()()()()()()()              ())())()()()()()()(               )()())()()(              )()()()()()()() )()()())()()()()()             ))()()())()())()()()()()                 ()()())(     
                     Stamford International University သည် အမေရိကန်တက္ကသိုလ်ဌာနချုပ် ဖြစ်သည့် Laureate University Organization ၏ အဖွဲ့ဝင် ကျောင်းတစ်ကျောင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင်ရှိသော အစိုးရကျောင်းများ နှင့် ပုဂ္ဂလိကကျောင်းပေါင်း (၁၇၁) ကျောင်းရှိသည့်အနက် အဆင့် (၄)နေရာတွင် ရပ်တည်လျက်ရှိသော ကျောင်းဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ Excellent Score (5.00) တွင် (4.75) ရရှိထားပြီး International Accreditation Council for Business Education (IACBE) အသိအမှတ်ပြု လက်မှတ်ကို ထိုင်းနိုင်ငံတွင် ပထမဦးဆုံး ရရှိထားသောကျောင်းတစ်ကျောင်းလည်းဖြစ်သည်။
                      Stamford International University သည် ထိုင်းနိုင်ငံတွင် Hua Hin Campus, Rama 9 Campus နှင့် Asoke Campus စသော Campus (၃)ခု တို့ကိုဖွင့်လှစ်ထားသည်။ Hua Hin Campus တွင် International Hotel Management နှင့် International Business Management Program ကိုသင်ယူနိုင်ပြီး၊ Rama 9 Campus တွင် Undergraduate Program များကိုသင်ယူနိုင်မည့်အပြင်၊ Asoke Campus တွင် Master Program များကိုသင်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ဘာသာရပ်အားလုံးအတွက် ကျောင်းလခများ၏ (၁၀%, ၂၅% နှင့် ၅၀%) ကို ပညာသင်ဆုများအဖြစ် လျှောက်ထားနိုင်သည်။
                      Stamford  International University တွင် ကျောင်းသား အများစု စိတ်ဝင်စားသော ဘာသာရပ်ဖြစ်သည့် Hotel Management Program ကို ဘွဲ့ဒီဂရီ ရရှိရန်အတွက် (၃နှစ် နှင့် ၄လ) တက်ရောက်ရမည်ဖြစ်သည်။ အလုပ်သင်ကာလ (၄)လ အပါအ၀င် ပထမ (၂)နှစ်ကို Stamford University တွင် တက်ရောက်ရမည်ဖြစ်ပြီး ကျန်စာသင်နှစ် (၁နှစ်) နှင့် အလုပ်သင်ကာလ (၄)လ ကို Australia နိုင်ငံ နှင့် Asia-Pacific မှာအကောင်းဆုံး #1 Hotel School ဖြစ်သည့် Torrens University ရှိ Blue Mountain International Hotel Management School (BMIHMS) တွင်ဆက်လက်တက်ရောက်ရမည်ဖြစ်သည်။ ဘွဲ့ဒီဂရီ တန်းကို တက်ရောက်ပြီးပါက Stamford International University နှင့် Blue Mountain International Hotel Management School (BMIHMS) တို့မှ ချီးမြှင့်သော ဘွဲ့ဒီဂရီ (၂)ခုလုံးကို ရရှိမည်ဖြစ်သည်။
         Stamford  International  University တွင် Bachelor Level အတွက် ပညာသင်နှစ် (၃နှစ် နှင့် ၄လ) ကို စုစုပေါင်းကျောင်းစရိတ်ကုန်ကျငွေ ကျပ်သိန်း (၂၀၀) ၀န်းကျင် သာဖြစ်ပြီး အရစ်ကျခွဲသွင်းနိုင်သည်။ Master Level အတွက် ပညာသင်နှစ် (၁နှစ်) တွင်စုစုပေါင်းကျောင်းစရိတ်ကုန်ကျငွေ ကျပ်သိန်း (၁၅၀)၀န်းကျင်ဖြစ်ပြီး ကုန်ကျစရိတ်များကို အရစ်ကျခွဲသွင်းနိုင်ပါသည်။
         Master (၁နှစ်) ကို တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် Business Administration Program နှင့် Marketing Management Program ကို သင်ယူနိုင်မည်ဖြစ်သည်။
                      ကျောင်းတက်နေစဉ်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများအတွက် ဘွဲ့ဒီဂရီတန်းများ တက်ရောက်အောင်မြင်ပြီးပါက လုပ်ငန်းခွင်ဝင်နိုင်ရန် Company ပေါင်း (၁၀၀)ကျော် ပါ      ၀င်သော အလုပ်အကိုင်ပြပွဲ များကို နှစ်စဉ်ကျင်းပပေးသည့်အပြင် ကျောင်းသား၊ကျောင်းသူများအတွက်  ဗဟုသုတများစွာရရှိစေရန် နယ်ပယ်အသီးသီးမှ လုပ်ငန်းခွင် တွင်အောင်မြင်ကျော်ကြားနေသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည့် ပွဲများကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။
          ထိုကဲ့သို့ Bachelor Level ကို (၃နှစ် နှင့် ၄လ) တက်ရောက်ရုံဖြင့် ဘွဲ့ဒီဂရီ (၂)ခု ရယူနိုင်ခြင်း၊ Master Level ကို (၁နှစ်) သာတက်ရောက်ရခြင်း၊ ပညာသင်ဆုများလျှောက်ထားနိုင်ခြင်းအပြင် ကျောင်းတက်ရာတွင် လုပ်ငန်းခွင်အတွေ့အကြုံပါ ပူးတွဲရရှိစေရန် အလုပ်သင်ကာလပါ ရရှိခြင်း စသော အကျိုးခံစားခွင့်များစွာရှိသော Stamford International University ကို ပုဂ္ဂလိက သင်တန်းကျောင်းများ နှင့် အစိုးရတက္ကသိုလ်များမှ ပညာအရည်အချင်း (၁၂တန်း) ထိအောင်မြင်ပြီးသော မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို တက်ရောက်နိုင်ပါသည်။
    အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Myanmar Search International (MSI) Oversea Education
ရုံးဖုန်း - 01 389915 ,01 250929, 09 453344804      
ရုံးလိပ်စာ - No.234, 2nd Floor ®, Shwebontha Street(Mid Block), Pabedan , YGN.

Comments

There are no comments

Posting comments after three months has been disabled.