phone-myat-khaing.jpg

မြန်မာလူငယ်များအတွက် အမေရိကန်ပညာသင်ဆုအကြောင်း

ထိုင်းနိုင်ငံရှိအမေရိကန် Webster တက္ကသိုလ် ကျောင်းခွဲမှ အမေရိကန်နိုင်ငံရှိ ပင်မ တက္ကသိုလ် Webster သို့ ကူးပြောင်းသင်ယူစဉ် ကြုံတွေ့ရသော အမေရိကန် ဗီဇာ လျှောက် ထားပုံအဆင့်ဆင့်နှင့် အမေရိကန် ပညာသင်ဆုများ အကြောင်း၊ လေယာဉ် လက်မှတ် “အခမဲ့” အစီအစဉ် များကိုယခုလက် ရှိပညာသင်ယူနေသော အမေရိကန် ပညာသင်ဆု 50% ရ မောင်ဘုန်းမြတ်ခိုင် နှင့် MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု တို့၏အမေရိကန် ပညာရေး ဆွေးနွေးပွဲ
 

 

အရှေ့ေ တာင်အာရှရှိ တစ်ခုတည်းသော အမေရိကန်တက္ကသိုလ် Webster University (Thailand Campus)၏(၂၀၁၇) သြဂုတ်လ နှင့် အောက်တိုဘာလ ကျောင်းဖွင့်ချိန်အတွက် ကျောင်း လခ 100% Full Scholarship အပြင် 50% , 40% နှင့် 30% ပညာသင်ဆုများကိုလျှောက်ထားရယူ ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကြီးနှင့် အမေရိကန်နိုင်ငံရှိ ပင်မတက္ကသိုလ် Webster သို့ကူးပြောင်းနိုင် မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေးနိုင်မည့်အခွင့်အရေးတို့ကို “ The Best Agency In Asean Award 2016” ဆုရ Myanmar Search International (MSI) နိုင်ငံခြား ပညာရေး ၀န်ဆောင် မှုမှ

 

ရန်ကုန်မြို့ Sule Shangri-La Hotel ပင်းယခန်းမတွင်
(၂၀၁၇)ခုနှစ် ၊သြဂုတ်လ(၁၂)ရက် ၊စနေနေ့
နေလည်(၁)နာရီမှ (၃)နာရီအထိ

ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင် ထံမှသိရှိရသည်။

အမေရိကန်တက္ကသိုလ် Webster University သည်။
အမေရိကန်နိုင်ငံ Missouri ပြည်နယ်၊ Saint Louis တွင် (၁၉၁၅) ခုနစ်မှ စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ တစ်ခုတည်းသော အမေရိကန် တက္ကသိုလ်ကျောင်းခွဲဖြစ်ပြီး အဓိကပင်မတက္ကသိုလ် (USA) အပြင် UK , Switzerland , Austria , The Netherlands ,China , Greece , Ghana , Thailand နိုင်ငံ တို့တွင် Campus အခွဲများဖွင့်လှစ် ထားသည်။၎င်းCampusအခွဲများတွင် Study Abroad Programme နှင့် Transfer programme တိုဖြင့်သွားရောက် လေ့လာသင်ယူနိုင်သည်။ Study Abroad Programmeသည် Thailand Campus မှ အခြားသော Campus များတွင် ထိုင်းနိုင်ငံ၏မူရင်းကျောင်း လခဖြင့် One Semester (သို့မဟုတ်) One Year သွားတက်နိုင်မည့် အခွင့်အရေးအပြင် အသွားအပြန် လေယာဉ်လက်မှတ်ခကို ကျောင်းမှ “ အခမဲ့ ” စီစဉ်ပေးမည်ဖြစ်ပြီး Transfer Programme သည်မိမိသွားတက်မည့်နိုင်ငံ၏ ကျောင်းလခ ဖြင့် ကျောင်းခွဲ (၈) ခုများတွင် Semester အလိုက်လွယ်ကူစွာ ကူးပြောင်းသင်ကြားနိုင် မည်။

အမေရိကန် တက္ကသိုလ် Webster University သည် ထိုင်းနိုင်ငံရှိ Bangkok မြို့ နှင့် CHA-Am / HUA HIM မြို့ တို့တွင် Campus (၂) ဖြင့်တည်ရှိပြီး ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများ ဖြင့် သင်ယူနိုင် သောဘာသာရပ်များမှာ ဘွဲ့ဒီဂရီ (Undergratuate) တန်းများတွင် Business Administration , Management , Human Resource Management , Marketing , International Business , International Relations , Psychology , Media Communications , Computer Science နှင့် ဘွဲ့လွန် Master (Graduate) တန်းများတွင် MBA (Human Resource Management) ,MBA (Marketing) , MBA ( Finance ) , MBA (IT Management) , MA (Media Communications) , MA (International Relations) တို့ဖြစ်ပြီး အမေရိကန် Double Degree နှင့် Double Major များ ကို Part-time , Full-time ဖြင့်သင်ယူနိုင်ပြီး Webster တက္ကသိုလ်၏ ထူးခြားချက်ဖြစ်သော ကျောင်းတက် နေစဉ်ကာလအတွင်း အလုပ်သင် လုပ်ကိုင်နိုင်မည့်အခွင့်အရေး (Internship Programme) များကိုပါ တက်ရောက်သင်ယူနိုင်မည်ဖြစ်သည်။

 သတင်းတစ်ရပ်မှာ အမေရိကန်တက္ကသိုလ် Webster University (Thailand Campus) တွင် MSI မှတဆင့် ပညာသင်ကြား နေသော မြန်မာနိုင်ငံရှိ ကျောင်းသား/သူများသည် USA , UK , Switzerland , Austria , The Netherlands , China , Greece , Ghana စသည့် Campus များတွင် Study Abroad Programme ဖြင့်အများဆုံး ပညာသင်ကြားနေကြသည်။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက MSI ၏ ရုံးဖုန်း
09-5103915 , 09-402517549 , 09-43188691 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.