MSI ၏ (100%) အမေရိကန်ပညာသင်ဆုနှင့်ထောက်ပံ့ကြေးဆွေးနွေးပွဲ

MSI ၏ (၁၀၀%) အမေရိကန်ပညာသင်ဆုနှင့်ထောက်ပံ့ကြေးဆွေးနွေးပွဲ

မြန်မာနိုင်ငံမှ (၁၀)တန်းဖြေဆိုပြီးသူများ၊ IGCSE, LCCI (UK), HND(UK), ABE(UK) အစရှိသည့် ပုဂ္ဂလိကသင်တန်း ကျောင်းများ အစိုးရတက္ကသိုလ်တက်ရောက်ဆဲ နှင့် ဘွဲ့ဒီဂရီတန်းအောင်မြင်ပြီးသော ကျောင်းသူ/ကျောင်းသားများ အများ ဆုံးသွားရောက် ပညာသင်ကြားလျက်ရှိသော မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အရှေ့တောင် အာရှ၏ တစ်ခုတည်းသော အမေရိကန်တက္ကသိုလ် Webster University ၏ “ ဒုတိယအကြိမ်မြောက်” (၁၀၀%) ပညာသင်ဆုနှင့် ထောက်ပံ့ကြေးဆွေးနွေးပွဲကို နိုင်ငံခြားပညာရေးဝန်ဆောင်မှုနှင့်ပညာရေးအတိုင်ပင်ခံနယ်ပယ်မှာ  (၁၀)နှစ် သက်တမ်းရှိ “The Most Outstanding Award” ဆုရ Myanmar Search International (MSI) မှ ကြီးမှူး၍ ရန်ကုန်မြို့တွင် ၂၀၁၇ခုနှစ် မတ်လ (၂၅) ရက် (စနေနေ့) နေ့လည် (၁) နာရီ မှ ညနေ (၃) နာရီအထိ Novotel Hotel (Bagan Room) တွင် လည်းကောင်း ၊  မန္တလေးမြို့တွင် ၂၀၁၇ခုနှစ် မတ်လ (၂၆) ရက် (တနင်္ဂနွေနေ့) နေ့လည် (၁) နာရီ မှ ညနေ (၃) နာရီအထိ Hotel Marvel (Pinya Meeting Room) တွင်ကျင်းပမည်ဖြစ်သည်။ကျောင်းလခကို (၁၀၀%) ပညာသင်ဆုအဖြစ်အပြည် အ၀ကင်း လွတ်ခွင့်ပေးမည့်အပြင် (၃၀% ၊ ၄၀% ၊ ၅၀% ၊ ၆၀%) ကိုပညာရေးရမှတ်အပေါ်မူတည်ပြီး ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ၄င်းပွဲနေ့တွင် Mr.PHILLIP EDWIN GWAL TNEY , (Director of Student Affairs of  Webster University) ပုဂ္ဂိုလ်မှ လာရောက်ဆွေးနွေးပေးမည်ဖြစ်သည်။
အမေရိကန်တက္ကသိုလ် Webster University (Thailand Campus) သည် Bangkok မြို့နှင့် CHA-AM / HUA HIM မြို့တွင်ရှိပြီး MSI မှ Webster တက္ကသိုလ်  ပညာသင်ဆုနှင့်ပညာသင်ထောက်ပံ့ကြေးများ ရယူနိုင်သောဘာသာရပ်များမှာ- ဘွဲ့ဒီဂရီ (Undergraduate) တန်း တွင်  BA in Management, BA in Management (Emphasis) in HR Management, BA in Management (Emphasis) in Marketing, BA in Psychology, BA in International Relations, BA in Media Communications, BS in Business Administration နှင့် ဘွဲ့လွန် Master (Graduate) တန်းတွင် BA in Management (Emphasis) International Business, BS in Computer Science တို့ သင်ကြားနိုင်ပြီး အမေရိကန် Double Degree နှင့် Double Major များကိုလည်း လုပ်ငန်းခွင် အခွင့်အလမ်း ပိုမိုကျယ်ပြန့်စေရန်အတွက် သင်ယူနိုင်သည်။
Myanmar Search International (MSI) ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်မှ “Webster တက္ကသိုလ်နဲ့ MSI  (၂၀၁၀) ခုနှစ် အစပိုင်းမှစတင်လက်တွဲခဲ့တာအခုဆိုရင် (၇)နှစ်ရှိခဲ့ပြီး၊  (၂၀၁၄) နှစ်ကုန်ပိုင်းကစပြီး မြန်မာကျောင်းသူ/သား တွေအတွက် ပညာသင်ဆု ရာခိုင်နှုန်းတွေကို ထပ်မံတိုးချဲ့ပြီး အခုဆိုရင် (၁၀၀%)အထိပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Webster တက္ကသိုလ်မှာ MSI ကလျှောက်ထားပေးပြီး ပညာသင်ဆုနှင့် ပညာသင်ထောက်ပံကြေးရသွားပြီးတဲ့ ကျောင်းသူ/သားဦးရေ (၁၀၀)၀န်းကျင်ရှိပြီး အများစုကကြိုးစားကြတယ်၊ ရည်ရွယ် ချက်ရှိကြတယ်။ MSI ကလျှောက်ထားတဲ့ ပညာသင်ဆုနဲ့ ကျောင်းတက်နေဆဲ ကာလမှာပဲ Rector Scholarship ကိုထပ်မံ ချီးမြှင့်ခြင်းခံရတဲ့ မြန်မာကျောင်းသားလဲရှိ တယ်။ နိုင်ငံတကာမှာရှိတဲ့ကျောင်းသူ/သားများနှင့် ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံမှ Undergraduate ကျောင်းသားခေါင်းဆောင် အဖြစ်ရွေးချယ်ခံရသူ MSI ကျောင်းသားမောင် မင်းသိုက်ထွန်း နဲ့  Webster University  Vienna မှာကျင်းပပြုလုပ်တဲ့ နိုင်ငံတကာကျောင်းသားခေါင်းဆောင်ရွေးပွဲမှာ Thailand Campus ကိုယ်စားပြုအဖြစ်ရွေးချယ် တင်မြှောက်ခံရသူ MSI မှကျောင်းသူ မဝေပွင့်ဝါဘိုး တို့ ရရှိခဲ့တာဖြစ်တယ်။ထူးချွန်တဲ့ကျောင်းသူ/ကျောင်းသားတွေကို MSI မှ မွေးထုတ်ပေးနိုင်တဲ့   အတွက် ယခု (၂၀၁၇/၂၀၁၈) ပညာသင်ဆုအတွက်ကိုလည်း (၁၀၀%) ပညာသင်ဆုကို Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုတစ်ခုတည်းတွင်သာလျှောက်ထားခွင့်ပြုတယ်လို့” Webster University (Thailand  Campus) မှတရားဝင် ခွင့်ပြုထားပါတယ်လို့သိရှိရပါသည်။
၎င်းရန်ကုန်နှင့်မန္တလေးပွဲများသို့ တက်ရောက်မည့် သူများသည် မိမိမှာရှိထားတဲ့ပညာရေးစာရွက်စာတမ်းအထောက် အထားများယူလာပြီး လာရောက်စုံစမ်းမေးမြန်းသင့်ကြောင်း၊ အသေးစိတ်တစ်ဦးချင်းဆွေးနွေးမည့် သူများသည်နေရာထိုင် ခင်းများရယူရန်အတွက် ကြိုတင်စာရင်းပေးသွင်း ဆက်သွယ်ရမည့်ဖုန်းနံပါတ်မှာ - 01-250929,095103915, 09420037616, 09402517549  တို့ဖြစ်ပြီှး အမေရိကန်ပညာရေးသတင်းအချက်အလက်များကို ရယူလိုသောသူများ သည်လည်း “အခမဲ့” လာရောက်ဆွေးနွေးရန် တက်ရောက်နိုင်ကြောင်း MSI မှ သိရသည်။
 

Comments

There are no comments

Posting comments after one week has been disabled.