MSI ၏ (၁၀၀%) အမေရိကန် Webster တက္ကသိုလ်ပညာသင်ဆုနှင့် သတင်းအချက်အလက်ဆွေးနွေးပွဲအခမ်းအနား

ဒုတိယအကြိမ်မြောက် MSI ၏ (၁၀၀%) အမေရိကန် Webster တက္ကသိုလ်ပညာသင်ဆုနှင့် သတင်းအချက်အလက်ဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာ

ကျင်းပပြီးစီးခဲ့ကြောင်း

မြန်မာနိုင်ငံမှ (၁၀) တန်းဖြေဆိုအောင်မြင်ပြီးသော ကျောင်သူ/ကျောင်းသားများ အများဆုံးသွားရောက် ပညာသင်ကြား လျက်ရှိသော မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် အရှေ့တောင်အာရှ၏ တစ်ခုတည်းသော အမေရိကန်တက္ကသိုလ် Webster University ၏ “ဒုတိယအကြိမ်မြောက်” (၁၀၀%) ပညာသင်ဆုနှင့်သတင်းအချက် အလက်များ ဖလှယ်ခြင်းဆွေးနွေးပွဲကို Myanmar Search International (MSI) မှ ကြီးမှူး၍ ရန်ကုန်မြို့တွင် ရန်ကုန်မြို့တွင် ၂၀၁၇ခုနှစ် မတ်လ (၂၅) ရက် (စနေနေ့) နေ့လည် (၁) နာရီ မှ ညနေ (၃) နာရီအထိ Novotel Hotel (Bagan ခန်းမ) တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။၎င်းပွဲနေ့တွင် စိတ်ဝင်တစားလာရောက်မေးမြန်းသူ များစွာရှိခဲ့သည်။စုံစမ်းမေးမြန်းသူအများစု မှာ (၁၀)တန်းဖြေဆိုပြီးသူများဖြစ်ပြီး ဒုတိယအများစုမှာ ဘွဲ့ရပြီးသူများ၊ပုဂ္ဂလိက International School မှ ကျောင်းသူ/ကျောင်း သားများဖြစ်ကြသည်။
အမေရိကန်တက္ကသိုလ် Webster University သည် အမေရိကန်နိုင်ငံ Missouri ပြည်နယ်၊ Saint Louis တွင် (၁၉၁၅) ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီးနှစ်ပေါင်း(၁၀၀)တိုင်တိုင် Liberal Arts Program များကိုသင်ကြား ပေးလျက်ရှိသော ထိုင်းနိုင်ငံရှိ တစ်ခုတည်းသောအမေရိကန်တက္ကသိုလ်ကျောင်းခွဲဖြစ်သည်။ Webster University သည် THE HIGHER LEARNING COMMISSION,USA , COMMISSION OF HIGHER EDUCATION(CHE),MINISTRY OF EDUCATION THAILAND, Council for Business Schools and Programs အဖွဲ့အစည်းကြီးများမှအသိအမှတ်ပြုခံရခြင်း၊ အမေရိကန်နိုင်ငံ၏ ကမ္ဘာ့အကျော်ကြားဆုံး မဂ္ဂဇင်း Forbes မှ ထိပ်တန်းတက္ကသိုလ်အဆင့်အဖြစ်သတ်မှတ်ခံရခြင်း၊ Webster ၏ Study Abroad Program အရည်အသွေးကောင်းမွန်မှုသည် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ပေါင်း (1600) တွင် Top-2% အဆင့်ရှိခြင်း၊ U.S.News & World Report ၏ စစ်တမ်းအရ ၂၀၁၅ ခုနှစ်တွင် “ America’s Best Colleges” အဖြစ်တည်ရှိပြီး အဓိကပင်မတက္ကသိုလ် (U.S.A)အပြင်   UK, Switzerland, Austria, The Netherlands, China, Greece, Ghana, Thailand နိုင်ငံတို့တွင် Campus အခွဲများဖွင့်လှစ်ထားသည်။
၎င်းပွဲနေ့တွင် Mr.PHILLIP EDWIN GWAL TNEY , Director of Student Affairs of (WUTC) မှ (၁) ကျောင်းသားရေးရာဏ္ဍ၊(၂)  Study Abroad Program ၊ (3) Transfer Program များကိုဆွေးနွေးပေးခဲ့သည်။Webster တက္ကသိုလ်၏ ကျောင်းဖွင့်ချိန် Intake များမှာ January, March, May, August, October, တို့ဖြစ်ပြီး May Intake အတွက်ကျောင်းအပ်လိုသူများအနေဖြင့် April (11) ရက်နေ့တွင် နောက်ဆုံးလျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားလို သူများအနေဖြင့် Myanmar Search International(MSI) သို့ဆက်သွယ်၍လျှောက်ထားရမည်ဖြစ်ပြီး ဆက်သွယ်ရမည့်ဖုန်းနံပါတ်များမှာ - 01-250929,095103915, 09420037616, 09402517549 တို့ဖြစ်သည်။ 

 

Comments

There are no comments

Posting comments after one week has been disabled.