Webster University ၏ ၁၀၀ % ပညာသင်ဆုနှင့် ၅၀ % ပညာသင်ဆုချီးမြှင့်ပွဲ

ထိုင်းနိုင်ငံရှိ   American Webster တက္ကသိုလ်နှင့် MSI တို့ပူးပေါင်း၍ Webster တက္ကသိုလ်၏ ၁၀၀ % ပညာသင်ဆုနှင့် ၅၀ % ပညာသင်ဆုရရှိသူများအား ရွေးချယ်ချီးမြှင့်ပွဲကျင်းပမည်။
 
          ထိုင်းနိုင်ငံရှိ American  Webster တက္ကသိုလ်  နှင့် Myanmar Search International (MSI ) နိုင်ငံခြားပညာရေးဝန်ဆောင်မှုတို့ ပူးပေါင်း၍ Webster တက္ကသိုလ်၏ (၁၀၀ %) ပညာသင်ဆု ကျောင်းသား/သူ ( ၁) ဦးနှင့် ( ၅၀ %) ပညာသင်ဆု ကျောင်းသား/သူ ( ၃) ဦးအား ရွေးချယ်ချီးမြှင့်ပွဲအခမ်းအနား( American Webster Scholarship Achievement Award Ceremony 2017 ) ကို ရန်ကုန်မြို့ရှိ Novotel Hotel (Bagan Room ) တွင်၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂ ရက်) မွန်းလွဲ (၁) နာရီမှ ( ၃) နာရီအထိပြုလုပ်သွားမည်ဖြစ်ကြောင်း၊  ၄င်းပွဲနေ့တွင် MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ “ Top Ten’’ ကျောင်းသား/သူများကို အမှတ်တရအထူးလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှသိရှိရပါသည်။
          Webster တက္ကသိုလ်၏ (၁၀၀ %) ပညာသင်ဆု ကျောင်းသား/သူ (၁) ဦးနှင့် ( ၅၀ %) ပညာသင်ဆု ကျောင်းသား/သူ (၃) ဦးအား  ရွေးချယ်ချီးမြှင့်ပွဲအခမ်းအနား( American Webster Scholarship Achievement Award 2017) ကိုWebster တက္ကသိုလ်မှ ပါမောက္ခချုပ် Mr.Keith E .Welsh (Ph.D) နှင့် International Recruitment Manager  Ms.Jaswani RL Rana တို့ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ၄င်းပွဲနေ့တွင် “ Top Ten’’ ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအပြင်  Ms.Jaswani RL Rana မှလည်း Webster တက္ကသိုလ်၏ အကြောင်းများ၊ “Thailand Campus’’ တွင် ပညာသင်ကြားသည့်ကျောင်းသား/သူများသည် “World Traveller Program’’ အရ Webster တက္ကသိုလ်တည်ရှိသော အခြားCampus (၈) ခုသို့ လေယာဉ်စရိတ်အသွားအပြန် “အခမဲ့’’ကို Webster တက္ကသိုလ် (Thailand Campus ) မှ စီစဉ်ဆောင်ရွက်ပေးမည့်အပြင် ထိုင်းနိုင်ငံ၏ ပညာသင်ကုန်ကျစရိတ်အတိုင်း  (Semester) တစ်ခုစာ သွားရောက်ပညာသင်ကြားနိုင်သည့် အကြောင်းများ၊ ထိုင်းနိုင်ငံမှ American တက္ကသိုလ်တက်ရောက်ရခြင်းအကျိုးကျေးဇူးများ၊ (၂၀၁၇ ) ခုနှစ် ပညာသင်ဆု ပညာသင်ထောက်ပံ့ကြေးများ (Scholarships and Study Grants Program )များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပေးသွားမည်ဖြစ်သည့်အပြင် ဆုချီးမြှင့်ပွဲပြီးဆုံးသွားသည့်အချိန်တွင်လည်း Webster တက္ကသိုလ်၏ ပညာသင်ဆုများနှင့်ပတ်သက်၍ ကျောင်းသား/သူများသိလိုသည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးပေးသွားမည့် အစီအစဉ် (One-to –One Consultation )များလည်းပါဝင်ကြောင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှသိရှိရပါသည်။
          Webster University (Thailand campus) တွင်စီးပွားရေးဘွဲ့လွန် (MBA) တန်းများ၊ဘွဲ့ ဒီဂရီတန်းများကိုသင်ကြားပေးလျက်ရှိသည်။(၁၉၉၉) ခုနှစ်မှစ၍ အရှေ့တောင်အာရှ၏ Main Campus အဖြစ် စတင်တည်ထောင်ခဲ့သော တက္ကသိုလ်ဖြစ်ပြီး Campus နှစ်ခုဖြင့် Bangkok နှင့်  Cha-am/Hua Hin Campus တို့တွင် ယနေ့တိုင်ရပ်တည်လျက်ရှိပါသည်။ Webster တက္ကသိုလ်၏ အဖွဲ့ဝင်များနှင့် သင်ကြားမှုပိုင်းဆိုင်ရာဆရာ၊ ဆရာမများသည် အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံနှင့် အာရှနိုင်ငံတို့မှ ပညာရေးအထူးကျွမ်းကျင်သူများ ဖြစ်ကြပြီး စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား/သူပေါင်း (၂၅) ယောက်ခန့်သာ သတ်မှတ်ထားကာ “Environment Conducive to Learning” စနစ်ဖြင့် သင်ကြား ပေးလျက်ရှိသည်။   Webster University သည်  (Midwest – Masters Category )အရ U.S.A. ရှိ အကောင်းဆုံး တက္ကသိုလ် “Tier (1)’’ အဆင့်ရှိပြီး Ranking (24 )   နေရာရှိပြီး အကောင်းဆုံး ကျောင်းတစ်ခုအဖြစ် (Forbes Magazine 2014) တွင်လည်းဖော်ပြခြင်းခံရသည်။ကျောင်းသား/သူများသည်ထိုင်းနိုင်ငံတွင်တက်ရောက်ပြီးအမေရိကန်နိုင်ငံနှင့် အခြားအနောက်ဥရောပနိုင်ငံများရှိ Webster တက္ကသိုလ်အပြင် နိုင်ငံတကာရှိတက္ကသိုလ်ပေါင်း (၁၀၀) ကျော်သို့ပညာသင်နှစ်ဝက် (Semester) အလိုက်အချိန်မရွေးပြောင်းရွှေ့တက်ရောက်သင်ကြားနိုင်ကြောင်း MSI မှ သိရှိရသည်။
         MSI ရုံးခန်းသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၄၂၀၀၃၇၆၁၆ ၊ ၀၁- ၂၅၀၉၂၉ ၊ ၀၁- ၃၈၁၄၀၈ ၊ ၀၉- ၅၁၀၃၉၁၅ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးနိုင်သည်။

Comments

There are no comments

Posting comments after two weeks has been disabled.