TMC Academy ၏ ပညာသင်ဆု ဆွေးနွေးပွဲ

စင်ကာပူနိုင်ငံနှင့် ဆွစ်ဇာလန် နိုင်ငံ၏ လုပ်ခလစာခံစားခွင့် Industrial Attachment၊ စင်ကာပူနိုင်ငံ၏အစိုးရကျောင်းများနှင့် Australia နိုင်ငံရှိ Monash နှင့် Griffith တက္ကသိုလ်တို့၏ ကျောင်းဝင်ခွင့်များအကြောင်း အသေးစိတ်ရှင်းလင်းပွဲ

 
စင်ကာပူနိုင်ငံရှိ TMC Academy နှင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုတို့ ပူးပေါင်း၍ စင်ကာပူနိုင်ငံနှင့် ဆွစ်ဇာလန် နိုင်ငံ၏ လုပ်ခလစာခံစားခွင့် Industrial Attachment၊ စင်ကာပူနိုင်ငံ၏အစိုးရကျောင်းများနှင့် Australia နိုင်ငံရှိ Monash နှင့် Griffith တက္ကသိုလ်တို့၏ ကျောင်းဝင်ခွင့်များအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပွဲကို  ရန်ကုန်မြို့ရှိ Parkroyal Hotel (Padamyar Room 4) တွင် ၂၀၁၆ခုနှစ် အောက်တိုဘာလ(၂၉ရက်) မွန်းလွဲ (၂) နာရီမှ (၄) နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၄င်းပွဲနေ့တွင် TMC Academy နှင့်ချိတ်ဆက်ထားသောတက္ကသိုလ်များအကြောင်းနှင့် ပညာသင်ဆုများအကြောင်းအပြင် Bundle Grant (စင်ကာပူဒေါ်လာ ၂၈၀၀)၊နှင့်ကျောင်းလျှောက် လွှာကြေး ယခင်(စင်ကာပူဒေါ်လာ ၂၆၇.၅ ) ကိုယခု (စင်ကာပူဒေါ်လာ ၉၆.၃၀ ) ဖြင့်ခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားမှာ ဖြစ်သည်။
စင်ကာပူနိုင်ငံ၏တစ်ခုတည်းသော အလုပ်သင်ကာလအခွင့်အလမ်း(Internship )ရရှိသည့်  TMC Academy တွင် Hospitality and Tourism Management ၊Business ဘာသာရပ်များ အပြင် IT (Networking and Web Development) နှင့် စီးပွားရေးဆိုင် ရာဘာသာရပ်များ၊ Mass Communication၊ Psychology နှင့် Law ဘာသာရပ်များ ၊Singapore Cambridge GCE ‘O’ Level (Pre Course) များသင်ယူနိုင်သည့်အကြောင်း၊ TMC Academy မှ Higher Diploma ရရှိပြီးပါက သြစတြေးလျနိုင်ငံရှိ Group of Eight ထဲတစ်ခုအပါအ၀င်ဖြစ်သော Monash University တွင် တိုက်ရိုက်တက် ရောက်နိုင်မည့်ဘာသာရပ်များအကြောင်း၊UK,USA, Australia,နှင့် Switzerland နိုင်ငံများ၏ ဘွဲ့ဒီဂရီတန်းများ ကို TMC Academy မှတစ်ဆင့်  တက်ရောက်နိုင်သည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်း ၊၄င်းပွဲနေ့တွင် TMC Academy မှတာဝန်ရှိသူ Ms.San Thuzar Myaing (Senior Programme Advisor /Student Recruitment & Marketing )မှ လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။
TMC Academy ကို ၁၉၈၁ခုနှစ်က စတင်တည်ထောင်ထားပြီး စင်ကာပူနိုင်ငံတွင် EduTrust Certification ကို (၄) နှစ်ဆက်တိုက် ရရှိထားသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။ “Business,Hospitality & Tourism, Inforcomm Technology, Accounting & Finance ,Mass Communication, Psychology, American Degree Programme,” အစရှိသည့် ဘာသာရပ်များကို TMC Acamedy တွင်တက်ရောက်ပညာသင်ယူနိုင်ပြီး Hospitality & Tourism နှင့်Business ဘာသာရပ်များကို  5star အဆင့်ရှိဟိုတယ်ကြီးများနှင့် နိုင်ငံတကာcompany ကြီးများတွင် လုပ်ခလစာခံစားခွင့်ရှိသည့်လုပ်ငန်းခွင်အတွေ့အကြုံနှင့်အတူသင်ယူနိုင်သည်။ထို့အပြင်  နည်းပညာဆိုင်ရာဘာသာရပ်တစ်ခုဖြစ်သည့် Inforcomm technology ဘာသာရပ်ကိုလည်း Project Attachment  နှင့်အတူ စတင်သင်ယူနိုင်ပါသည်။
TMC Academy ၏ အဓိကအားသာချက်မှာ Higher Diploma ပြီးဆုံးသွားပါက ၄င်းနှင့်ချိတ်ဆက်ထားသော ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများဖြစ်သည့် “Monash University ,Griffith University, University of Northampton ,The Liverpool John Moores University ,University of Greenwich, Business and Hotel Management School ,University of MissouriKansas City ’’အစရှိသည့် တက္ကသိုလ်ကြီးများတွင် ဘွဲ့ဒီဂရီများကို သင်ယူနိုင်မည်ဖြစ်ပါသည်။ထို့ပြင် မြန်မာနိုင်ငံရှိ Int’L School မှ Secondary (2) & (3) နှင့် Grade (9) ပြီးဆုံးအောင်မြင်ထားသူများအနေဖြင့် Singapore Cambridge GCE O Level (Pre Course )ကိုသင်ယူပြီး  Singapore နိုင်ငံ၏ Government University များသို့တက်ရောက် ပညာသင်ကြား နိုင်သည့် အခွင့်အလမ်းများလည်း ရရှိနိုင်ပါသည်။
၎င်းပွဲနေ့သို့တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊International School မှ Secondary (2) & (3) ကျောင်းသား/သူများ ၊IGCSE အောင်မြင်ထားသူများ၊ GCE O Level , A Level ၊ HND ကျောင်းသား/သူများ၊ ABE (UK ) နှင့် LCCI Level (3) ပြီးဆုံးထားသူများ ၊နိုင်ငံတကာအသိအမှတ်ပြု Diploma ,Advanced Diploma တက်ရောက်သူများ၊ အစိုးရတက္ကသိုလ် နှင့် ပုဂ္ဂလိကသင်တန်းကျောင်းများတွင် တက်ရောက်နေသူများ မည်သူမဆို အခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်။
ကြိုတင်စာရင်းပေးသွင်းသည့်သူများနှင့် ပွဲတက်ရောက်သည့်သူများ၏ အကျိုးခံစားခွင့်မှာ ၄င်းပွဲကျင်းပသည့်နေ့မှစ၍ (၇) ရက်အတွင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ ကျောင်းလျှောက်ထားသူများမှာ အထက်ဖော်ပြပြီးသော ပညာသင်ဆု၊ ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းလျှောက်လွှာကြေး လျှော့ပေါ့ခံစားခွင့်များ ခံစားရမည်ဖြစ်ကြောင်း ၊ TMC Academy သို့တက်ရောက်မည့်ကျောင်းသား/သူများအတွက် Medical Check Up များစီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊သို့ပါ၍ ပွဲကျင်းပမည့်နေ့သို့ လာရောက်ကြမည့်ကျောင်းသား/သူများသည် ပညာရေးဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများကိုပါ တပါတည်းပူးတွဲယူဆောင်လာသင့်ပါကြောင်း၊သို့မှသာ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးများကို ၄င်းနေရာတွင် တစ်ထိုင်တည်းဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း MSI ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံ မှသိရှိရပါသည်။
အသေးစိတ်သိရှိလိုသည်များကို အမှတ် (၂၃၄)၊ ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း၊ အလယ်ဘလောက် ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ MSI ရုံးခန်းသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၄၂၀၀၃၇၆၁၆ ၊ ၀၁- ၂၅၀၉၂၉ ၊ ၀၁-၃၈၁၄၀၈ ၊ ၀၉- ၅၁၀၃၉၁၅ သို့လည်းကောင်း လာရောက်လျှောက်ထား စုံစမ်းမေးမြန်းနိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.