MSI မှ KDU တက္ကသိုလ် (ပီနမ် campus)၏ Brand Ambassadorဆုနှင့် (၈၀%)ပညာသင်ဆုကို MSI တွင်လျှောက်ထားနိုင်

MSI မှ KDU တက္ကသိုလ် (ပီနမ် campus)၏ Brand Ambassador ဆုနှင့် (၈၀%)ပညာသင်ဆုကို ၂၀၁၇ ပညာသင်နှစ်အတွက် စီစစ်ရွေးချယ်မည်
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားပညာသင်ဆုများကို အများဆုံးလျှောက်ထားပေးလျက်ရှိသော နိုင်ငံခြား ပညာရေးဝန်ဆောင် မှုတစ်ခုဖြစ်သည့် MSI(Myanmar Search International)၏ ပြောကြားချက်အရ မလေးရှားနိုင်ငံပီနမ်မြို့ရှိ KDU University College မှ၂၀၁၇ ခုနှစ်အတွက် ကျောင်းလခ (၈၀%) ပညာသင်ဆုနှင့် KDU(ပီနမ် campus)၏ Brand Ambassador ဆုကို MSI မှစီစစ်ရွေးချယ် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပညာသင်ဆုကို သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကျောင်းသား/သူတစ်ဦးကို ပေးအပ်သွားမည်ဖြစ်ပြီး KDU (ပီနမ် campus)၏ Brand Ambassador အဖြစ်ရွေးချယ်ခံရမည့်သူသည်အောက်ပါအချက်များနှင့်ကိုက်ညီရမည်။
(၁) Brand Ambassador အဖြစ် ၃နှစ်ပရဟိတထမ်းဆောင်နိုင်သူ
(၂) MSI နှင့် KDU (ပီနမ် campus)တို့မှပူးပေါင်း၍ ကျင်းပသည့်မြန်မာနိုင်ငံ၏ပညာရေးပြပွဲတိုင်းတွင်လည်းပါဝင်နိုင်သူ
(၃) KDU   (ပီနမ် campus)၏သမိုင်းအကြောင်းအရာ၊အသေးစိတ်အချက်အလက်များကို စိတ်ပါဝင်စားစွာ လေ့လာ     ပြောဆိုနိုင်သူ
(၄) ပီနမ်မြို့တွင် စာသင်နေစဉ်ကာလအတွင်း မြန်မာကျောင်းသား/သူများသိချင်သည့် ပညာရေးဆိုင်ရာအချက် အလက်များကို onlineမှတစ်ဆင့်ဖြေကြားပေးနိုင်သူ
(၅) လူမှုဆက်ဆံရေးကောင်းမွန်၍ KDU (ပီနမ် campus)နှင့်မြန်မာကျောင်းသား/သူများကြား ကောင်းစွာဆက်သွယ် ပေးနိုင်သူစသည့်အချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း MSI မှ Managing Director ဒေါ်စုစုလိုင်၏ပြောကြား ချက်အရ သိရသည်။
KDU University College သည် မလေးရှားနိုင်ငံရှိ Petaling Jaya (ပတ်တလင်းမြို့) တွင်  1983 ခုနှစ်၌ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး မလေးရှားနိုင်ငံအတွင်း campus ပေါင်း(၄)ခုဖြင့်ယနေ့ထက်တိုင်ရပ် တည်လျက်ရှိပါသည်။ ယခုပညာသင်ဆုပေးအပ်သော (ပီနမ်campus) တွင် ပီနမ်မြို့မှကျောင်းသားကျောင်းသူ ပေါင်း၂၃၀၀ကျော် နှင့် နိုင်ငံပေါင်း၆၄ နိုင်ငံမှ ကျောင်းသားကျောင်းသူများအပြင် မြန်မာကျောင်းသား/သူအ ယောက် (၃၀)ကျော်လည်း တတ်ရောက် ပညာသင်ကြားလျက်ရှိပါသည်။
KDU University College (ပီနမ် campus) သည် မလေးရှားတစ်နိုင်ငံလုံးတွင် “Tier 6 Outstanding Award” ရရှိထားသည့် ကျောင်း(၄)ကျောင်းထဲတွင် တစ်ကျောင်းအပါအ၀င်ဖြစ်၍ မလေးရှားနိုင်ငံပညာရေးဝန်ကြီးဌာနအဖွဲ့ အစည်းလက်အောက်ရှိ Malaysian Qualification Agency (MQA) မှအသိအမှတ်ပြုထားပါသည်။
ပညာသင်ဆုဖြင့်သင်ကြားနိုင်သည့်ဘာသာရပ်များမှာ- Diploma (ဘွဲ့ကြို)တန်းများတွင်-Business/ Creative Media Design & Interior Design/ Information Technology & Games Technology/ Engineering/ Hotel & Tourism Management/ Professional Chef Training/Professional English Communication နှင့် Mass Communication တန်းများ၊ Degree(ဘွဲ့ဒီဂရီ)တန်းများတွင် -Business/ Design/ Engineering/ IT & Games Technology/Computer and Network Technology/ Mass Communication/ Hospitality/ Tourism & Culinary Arts စသောဘာသာရပ်များဖြစ်သည်။ ပညာသင်ဆုလျှောက်ထားနိုင်သူများမှာ- မြန်မာနိုင်ငံရှိတက္ကသိုလ် ၀င်တန်းအောင်မြင်ထားသူများ၊IGCSEအောင်မြင်ထားသူများ၊အစိုးရ တက္ကသိုလ်နှင့် ပုဂ္ဂလိကသင်တန်းကျောင်း တတ်ရောက်နေဆဲ ကျောင်းသား/သူ များ မည်သူမဆိုအခမဲ့ MSI တွင်လာရောက်လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလိုပါက Myanmar Search International(MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု ရုံးခန်းအမှတ် (234) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၂၅၀၉၂၉ ၀၉၅၁၀၃၉၁၅ ၊၀၉-၄၂၀၀၃၇၆၁၆၊ ၀၉-၇၈၈၄၉၃၂၄၃ သို့အောက်တိုဘာလ(၆)ရက်နေ့မှ အောက်တိုဘာလ(၃၁) နောက်ဆုံးထား၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
အထူးမှတ်ချက်။     ။
(၁) KDU (ပီနမ် campus) တွင်ဘွဲ့ရကျောင်းသား/သူများအလုပ်အကိုင်လွယ်ကူစေရန် အလုပ်သင်သင်တန်းကာလများ(Internship Programme) များ  ပူးတွဲပါဝင်ကြောင်း။
(၂) (၈၀%) ပညာသင်ဆုအပြင် (၅၀%)ပညာသင်ဆု(၁၄)ဆုနှင့် ကနဦးကျောင်းဝင်ခွင့်လျောက် ထားသူများကို (၂၅%)ကျောင်းလခလျော့ပေါ့သက်သာခွင့်များအား MSIမှ စီစဉ်လျှောက်ထားပေးနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.