Monash University Malaysia Campus တွင် မြန်မာကျောင်းသား/သူများ တက်ရောက်ပညာသင်ကြားနိုင်

Australia နိုင်ငံအခြေ စိုက် Monash University Malaysia Campus တွင် မြန်မာကျောင်းသား/သူများ တက်ရောက်ပညာသင်ကြားနိုင်

၂၁ ရာစု တွင် ခေတ်စနစ်သစ်နှင့် အညီ ကြုံဆုံလာသော အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် အတွက် အဓိကသော့ချက် မှာ နည်းပညာ သစ်များကို အကျိုးရှိစွာ အသုံးပြုတတ်ခြင်းဖြစ်သည်။ ထိုနည်းပညာသစ်များ ကို သုတေသနပြု လုပ်ကာ အရည်အသွေး ပြည့်မီသော ပညာရေး ဖြင့် အများ အကျိုး ဆောင်နိုင်ရန် Monash University ဆောင်ရွက် လျက်ရှိပါသည်။ Monash University သည် Australia နိုင်ငံ၏ Public Research University တစ်ခုဖြစ်သည်။ Australia နိုင်ငံ အရှေ့ တောင်ဘက်တွင် တည်ရှိသော Victoria ပြည်နယ်၌ (၁၉၅၈) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ သည်။

Monash University သည် Australia နိုင်ငံ၏ Group of Eight နှင့် ASAIHL(Association of Southeast Asian Institutes of Higher Learning) တို့ ၏ အဖွဲ့ ဝင် ဖြစ်သည့် အပြင်  Australia နိုင်ငံ၏ တစ်ခုတည်းသော M8 Alliance of Academic Health Centers, Universities and National Academies အဖွဲ့ ဝင်လည်း ဖြစ်သည်။ ကမ္ဘာ အနှံ့  Campus အများအပြားရှိသော Monash University သည် Malaysia နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်များတွင် ပါဝင်ခဲ့ပါသည်။ အရှေ့တောင်အာရှ ၏ Main Campus ဖြစ်သည့်  Monash University Malaysia ကို (၁၉၉၈) ခုနှစ်တွင် စတင်တည်ထောင် ခဲ့သည်။ ကမ္ဘာ့ တက္ကသိုလ်များ စာရင်း  Top 1% တွင်လည်းအပါအ၀င်ဖြစ်သည့် Monash University Malaysia Campus သည် မလေးရှား နိုင်ငံ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ Malaysian Quality Agency (MQA) မှ ချီးမြှင့်သော “Tier 5” Excellent Award ကို ရရှိထားသောတက္ကသိုလ်လည်း ဖြစ်သည်။
အောင်မြင်မှု များစွာရရှိ ထားသော Monash University Malaysia တွင် မလေးရှားနိုင်ငံသား ကျောင်းသား/သူ များသာ မက ကမ္ဘာတစ်ဝန်းရှိ  နိုင်ငံပေါင်း (၇၂) နိုင်ငံမှ  ကျောင်းသား ပေါင်း (၆,၀၀၀) ကျော် တက်ရောက်ပညာသင် ကြားလျက်ရှိ သည်။ ထို့  အပြင် Monash University ရှိ ဆရာ၊ ဆရာမ များ နှင့် ရုံးပိုင်းဆိုင်ရာ ၀န်ထမ်း ပေါင်း (၇၈၀) ကျော် သည်လည်း နိုင်ငံပေါင်း (၃၅) နိုင်ငံ မှ ပညာသင်ကြားပို့ ချရေး နှင့် ပညာရေးနယ်ပယ်တွင် အထူး ကျွမ်းကျင်သူများ ဖြစ်ကြသည်။  

Monash University Malaysia ၏အားသာ ချက်မှာ Malaysia တွင်သာမက Australia နိုင်ငံ ရှိ Monash University Campus များသို့ သွားရောက် တက်ရောက် နိုင်ခြင်း ဖြစ် သည်။ ပညာတက်ရောက်သင်ကြားနေသော ကျောင်းသား/သူများ အတွက် Monash University ၏စာကြည့်တိုက်တွင် စာအုပ်၊ ဂျာနယ် များမှ အစ audio-visual materials များ အထိ အမျိုးအစားပေါင်း (၁၀၀,၀၀၀) ကျော်ထောက်ပံ့ ပေးထားသည်။ ထို့ အပြင် ကျောင်းသား/သူ များအနေ နှင့် Australia နိုင်ငံ Campus ရှိ စာကြည့် တိုက်မှ လည်း e book (၆၆၀,၀၀) ကျော် ကို ရယူ အသုံးပြု နိုင်သည်။   
  1. School of Science
Medical and pharmaceutical research, biotechnology, genetic engineering, biomedical instrumentation, food science and technology, and environmental consulting စသည့်နယ်ပယ် များတွင် အောင်မြင်သောပညာ ရှင်များ အဖြစ်ဝင်ရောက်လုပ်ကိုင် နိုင်ရန် နိုင်ငံ တကာမှ အရည်အချင်း ပြည့်မီသော ဆရာ၊ ဆရာမများ ကတာဝန်ယူသင်ကြားပေးလျက် ရှိပါသည်။
 
  1. School of Arts & Social Sciences
 Journalism, politics, publishing and editing, corporate communications, marketing and advertising, diplomacy and foreign affairs, tourism and hospitality, and filmmaking and the performing arts အစရှိသည်တို့ တွင် ကျွမ်းကျင်ပိုင်နိုင်စွာ Professional ကျကျ စွမ်းဆောင်နိုင်စေရန် သင်ကြား ပေးလျက် ရှိသည်။
 
  1. School of Business
Monash Business degrees သည် စီးပွားရေး နယ်ပယ် နှင့် ပတ်သက် သည့် ရင်ဆိုင် ကြုံတွေ့ ရမည့် အခက်အခဲများကို လက်တွေ့ ကျကျ ဖြေရှင်းကာ ကမ္ဘာနှင့်  ရင်ဘောင်တန်း နိုင်သော ခေါင်းဆောင် ကောင်းများကို မွေးထုတ်ပေးနိုင် ရန်အဓိကထားသည်။ 
 
 
  1. School of Engineering
Monash University တွင် Engineering တက်ရောက် သင်ကြားသော ကျောင်းသား/ သူများ အတွက် ကမ္ဘာတစ်ဝန်း ရှိ Partner Universities များ ၌ Study abroad program များ လည်း ပေးအပ် လျက်ရှိသည်။ Renewable energy, nano-materials, biodegradable structures, solid state lighting အစရှိသည့် နယ်ပယ် အသီးသီးတွင် ပညာရှင်များဖြစ်လာစေ ရန် လေ့ကျင်သင်ကြားပေး ကြသည်။  
 
  1. School of Information Technology Program
 ကျောင်းသား /သူ များကို IT နည်းပညာများ နှင့် ပတ်သက် ဆက်နွယ်သည့် နယ်ပယ်များတွင် အရေးပါသော အရည်အချင်းများဖြစ်သည့် problem-solving ၊ critical thinking နှင့် စနစ်တကျစီစဉ် ဆောင်ရွက် တတ် ခြင်းများကို လက်တွေ့ ကျကျ သင်ကြားပေး လျက်ရှိသည်။
 
  1. School of Medicine
ဆေးပညာ တက်ရောက်သင်ကြားလိုသော ကျောင်းသားများ သည် တတ်မြောက်သင့် သောဆေးပညာ ၇ပ်ဆိုင်ရာများ သာမက လူ မှု ဆက်ဆံရေး အဆင်ပြေစေရန် သင်ကြားရသည်။ထို့ အပြင် Monash University သည် ဆေးပညာပိုင်းဆိုင်ရာ နည်း ပညာများ သာမက သုတေသနလုပ်ငန်းများတွင်လည်း အောင်မြင်သော တက္ကသိုလ်တစ်ခုဖြစ်သည်။ School of Medicine ၏ အားသာ သော သုတေသန လုပ်ငန်းများမှာ Cardio-metabolism, infection and immunity, neuroscience and global public health တို့ ဖြစ်သည်။  ကျောင်းသား/သူများအနေ နှင့် ဆေးပညာများကို စာတွေ့ လက်တွေ့ သာမက  သုတေသနလုပ်ငန်းများပါမကျန် လေ့လာ သင်ယူနိုင်မည်ဖြစ်သည်။
 
  1. School of Pharmacy
Monash University ၏School of Pharmacy တွင် ဆေးဝါးဆိုင်ရာ နည်းပညာများကို ကမ္ဘာ့ အဆင့်မီ စာတွေ့ လက်တွေ သင်ကြား ပေးလျက် ရှိသည်။ Work-based စနစ်ဖြင့်  သင်ကြား ပေးလျက် ရှိပြီး Australia နိုင်ငံ Parkville Campus တွင် exchange students အနေနှင့် သွားရောက်သင် ကြားနိုင်သည်။ ကျန်းမာရေး စောင့် ရှောက်မှု ကျွမ်းကျင်သူများအဖြစ် လူတိုင်း၏ကျန်းမာရေးကို တိုးတက်လာ သောနည်းပညာများ နှင့် အညီ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင် ရန် လက်တွေ့ ကျကျ သင်ကြားပေးလျက်ရှိပါသည်။ 
                 Monash University Malaysia Campus တွင်  Bachelor Degree များ ၊ honours programmes ၊ Master's ၊ MPhil နှင့် PhD ဘွဲ့ များ ပေးအပ် လျက်ရှိ ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင် မှု ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။
မြန်မာနိုင်ငံမှ ၁၀ တန်းအောင်မြင်ထားသူ များ၊ IGCSE ၊ GCE O Level အောင်မြင်ထားသူများသည် Monash University Malaysia တွင် Foundation Course တစ်နှစ် ဦးစွာ တက်ရောက်ရမည်ပြီး  ဘွဲ့ ဒီဂရီ တန်းများ ကိုဆက်လက်တက်ရောက် နိုင်သည် ။CPU ( Canadian Pre-University )၊ CAL (Cambridge A levels)၊ SAM (South Australian Matriculation)၊ GCE A level ( General Certificate of Education)၊မလေးရှားနိုင်ငံ နှင့် နိုင်ငံတကာ အသိအမှတ်ပြု Foundation course ပြီးစီးထားသူ ၊  Australian Year 12  နှင့် ညီသော ပညာအရည်အချင်း ရှိ သည့် ကျောင်းသား /သူ များသည် Bachelor (ဘွဲ့ ဒီဂရီ တန်းများ ) ကို တိုက်ရိုက်တက်ရောက်နိုင်ပါသည်။   

Monash University Malaysia ၏ ပညာသင်ဆု ထောက်ပံ့ကြေးများ အကြောင်း၊ ကျောင်း လခများ၊ ကျောင်းဖွင့်ချိန်ကာလများ၊ လိုအပ်သော ပညာရေးဆိုင်ရာ အထောက်ထားများအကြောင်းကို အသေးစိတ်စုံစမ်းဆွေးနွေးလိုပါက Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုရုံးခန်း အမှတ် (၂၃၄) ၊ ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊၀၉-၅၁၀၃၉၁၅ သို့ဆက်၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရသည်။

Comments

There are no comments

Post a comment