Monash University ၊စင်္ကာပူ အစိုးရကျောင်းဝင်ခွင့်နှင့်လုပ်ခလစာခံစားခွင့်အကြောင်းဆွေးနွေးပွဲ

         Monash University ၊စင်္ကာပူ အစိုးရကျောင်းဝင်ခွင့်နှင့် စင်င်္ကာပူ၊ ဆွစ်ဇာလန်နိုင်ငံတွင်လုပ်ခလစာခံစားခွင့် (Industrial Attachment)ဖြင့်လေ့လာသင်ယူနိုင်မည့်အခွင့်အလမ်းဆွေးနွေးပွဲကို
                    ရန်ကုန်နှင့်မန္တလေးမြို့ကြီး (၂)မြို့တွင် ကျင်းပပြုလုပ်မည်
         
Myanmar Search International (MSI) နှင့် စင်ကာပူနိုင်ငံရှိ TMC Academy တို့ပူးပေါင်းí     မြန်မာနိုင်ငံမှကျောင်းသား/သူများ တက်ရောက်သင်ယူနိုင်မည့်ဘာသာရပ်များအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ MSI ရုံးခန်းတွင်၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်၊ မွန်းလွဲ (၂) နာရီ မှ ညနေ(၅) နာရီ အထိ လည်းကောင်း မန္တလေးမြို့ Sedona Hotel (Meeting Room) တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်၊ မွန်းလွဲ (၁)နာရီ မှ ညနေ(၃)နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုဆွေးနွေးပွဲတွင် TMC တွင်သင်ကြားပို့ချပေး လျက်ရှိသော Hospitality & Tourism Management  ဘာသာရပ်၊ စင်ကာပူနိုင်ငံရှိ အစိုးရကျောင်းများ သို့တက်ရောက် နိုင်ရန် သင်ကြားပေး သည့်အကြိုသင်တန်းများ၊ TMC မှ Higher Diploma ရရှိပြီးပါက သြစတြေးလျနိုင်ငံ Monash University သို့ဝင် ခွင့်ရရှိနိုင်မည့် အခွင့်အလမ်းများအကြောင်း ကိုအဓိက ထားပြီး ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ ၄င်းပွဲနေ့တွင် TMC Academy မှတာဝန်ရှိသူ Ms. San Thuzar Myaing (Senior Programme Advisor/ Student Recruitment & Marketing) မှလာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင် ထံမှသိရှိရသည်။

TMC Academy ကို ၁၉၈၁ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး စင်ကာပူနိုင်ငံတွင်  EduTrust Certification ကို (၄) နှစ်ဆက်တိုက်ရရှိထားသည့် ကျောင်းတစ်ကျောင်းလည်းဖြစ်သည်။ “Business, Hospitality & Tourism, Infocomm Tech,Accounting & Finance, Mass Communication, Psychology, GCE O Level, American Degree Program, Preparatory Course for Admission to Government Schools” အစရှိသည့်ဘာသာရပ်များကို TMC Academy တွင်တက်ရောက်သင်ယူပြီး ၄င်းနှင့်ချိတ်ဆက်ထားသော ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများဖြစ်သည့် “ University of Northampton, The Liverpool John Moores University, University of Greenwich,Business and Hotel Management School,University of Missouri –Kansas City,Monash University” တို့မှဘွဲ့ဒီဂရီများကိုရရှိနိုင်မည်ဖြစ်သည်။
           
၎င်းဆွေးနွေးပွဲသို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ International School မှ Sec(2) & (3) ကျောင်းသား/သူများ၊ IGCSE အောင်မြင်ထားသူများ ၊ GCE O Level, A Level ၊ HND ကျောင်းသား/သူများ၊ ABE (UK) နှင့် LCCI Level (3) ပြီးထားသူများ ၊ နိုင်ငံတကာအသိအမှတ်ပြု Diploma, Advance Diploma တက်ရောက်နေသူများ၊ အစိုးရတက္ကသိုလ်နှင့်ပုဂ္ဂလိကသင်တန်းကျောင်းများတွင် တက်ရောက်နေသူများ အခမဲ့လာရောက်ဆွေးနွေးနိုင်ပါသည်။
         
အသေးစိတ်သိရှိလိုသည်များကို အမှတ် (၂၃၄) ၊ ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း ၊ အလယ်ဘလောက် ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ MSI ရုံးခန်း သို့ လူကိုယ်တိုင်သော်လည်းကောင်း ဖုန်းနံပါတ် ၀၉- ၄၂၀၀၃၇၆၁၆  ၊  ၀၁-၂၅၀၉၂၉ ၊ ၀၁-၃၈၁၄၀၈၊ ၀၉-၅၁၀၃၉၁၅ သို့လည်းကောင်း လာရောက်လျှောက်ထား စုံစမ်းမေးမြန်းနိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.