sim007217.jpg

“SIM Global Education ၏ (၁၀၀ %) ပညာသင်ဆုကို MSI တွင်စတင်လျှောက်ထားနိုင်ကြောင်း”

“SIM Global Education(၁၀၀ %) ပညာသင်ဆုကို MSI တွင်စတင်လျှောက်ထားနိုင်ကြောင်း”

             မြန်မာနိုင်ငံမှ (၁၀) တန်းအောင် ၊ IGCSE ၊ GCE (O) Level ၊ ကျောင်းသား/သူများ အတွက် SIM Global Education ၏ ၂၀၁၇ ခုနှစ်အတွက် ( ၁၀၀ % ) ပညာသင်ဆုကို “Diploma in Accounting , Diploma in Banking & Finance , Diploma in International Business, Diploma in Management Studies “ စသည့် ဘာသာရပ်များအတွက် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ၊  ၄င်းပညာသင်ဆု လျှောက်လွှာများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ( ၁ ) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်အတွင်း MSI office တွင်ပညာရေးဆိုင်ရာ အထောက်အထားများနှင့်အတူလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ၊   SIM Global Education တွင်    Diploma ဘာသာရပ်များသင်ကြား  တတ်မြောက်ပြီးပါက  UK နိုင်ငံရှိ “University of Birmingham, University of London , University of Southampton, University of Stirling,”   Australia နိုင်ငံရှိ “RMIT University” ၊ University of Wollongong,  U.S.A. နိုင်ငံရှိ “ University of Buffalo ,” ဘွဲ့ဒီဂရီများကို (၁၀၀%)  ပညာသင်ဆုများနှင့်အတူ   Singapore Institute of Management, SIM Global Education  တွင်ဆက်လက်တက်ေ၇ာက်ရယူ နိုင်မည်ဖြစ်ကြောင်း ၊ Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှု၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။ 
                SIM တွင်  Diploma ဘာသာရပ်များ၏ သင်တန်းကာလမှာ - (၁)နှစ်ခွဲကြာမြင့်မည်ဖြစ်ပြီး ပြီးဆုံးပါက မိမိနှစ်သက်သော အထက်ပါ Universities များသို့ ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်သည်။ စင်ကာပူနိုင်ငံရှိ နှစ်ပေါင်း (၅၀) ကျော်သက်တမ်းရှိသည့် Private ကျောင်းများထဲတွင် SIM Global Education သည် နိုင်ငံပေါင်း (၄၀) ကျော်မှ ကျောင်းသားပေါင်း (၂၀,၀၀၀) ကျော် တက်ရောက်နေပြီး အလုပ်အကိုင်ပေါင်း တစ်သိန်းကျော် ပေးအပ်နိုင်ခဲ့သည်။ “Academic Ranking of world universities” ၏တိုင်းတာချက်အရ ထိပ်တန်းတက္ကသိုလ်ပေါင်း (၄၀၀) ကျော်တွင် SIM Graduate များစွာတက်ရောက်သင်ကြားနေပြီး Diploma Level မှ Master Level အထိတက်ရောက်သင်ကြားနိုင်ပြီး ချိတ်ဆက်ထားသည့် Partner Universities ပေါင်း ( ၂၀) ကျော်ရှိသည်။ သင်ကြားလေ့လာနိုင်သည့် ဘာသာရပ်များမှာ - Arts, Business, Communication, Design, Finance, IT, Hospitality , Management , Nursing , Social Science, စသည့် ဘာသာရပ်များကို လေ့လာနိုင်သည်။
                  SIM Global Education ၏ (၁၀၀ %) ပညာသင်ဆုလျှောက်ထားနိုင်သည့် ၀င်ခွင့်သတ်မှတ်ချက်များမှာ   မြန်မာနိုင်ငံမှ (၁၀) တန်းအောင်ကျောင်းသား/သူများသည် အကောင်းဆုံး (၅)ဘာသာ ပျမ်းမျှ (၇၀) ရာခိုင်နှုန်း ရှိထားရမည်ဖြစ်ပြီး IGCSE ၊ GCE (O) Level   ကျောင်းသား/သူများသည် (၅) ဘာသာ Grade C ရှိထားရမည်ဖြစ်သည်။ အသေးစိတ်စုံစမ်းဆွေးနွေး လိုပါကMyanmar Search International (MSI) နိုင်ငံခြား ပညာရေး ၀န်ဆောင်မှုရုံးခန်း အမှတ် (234) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅၊ ၀၉-၄၂၀၀၃၇၆၁၆ သို့ပညာရေးဆိုင်ရာစာရွက်စာတမ်းများဖြင့် လာရောက်မေးမြန်းနိုင်သည်။                                 

Comments

There are no comments

Posting comments after three months has been disabled.