curtin-sarawak.jpg

“The Board of Engineer Malaysia (BEM) နှင့် Engineer Australia (EA) “ အသိအမှတ်ပြု (Civil)

“The Board of Engineer Malaysia (BEM) နှင့်  Engineer Australia (EA) “ အသိအမှတ်ပြု (Civil) မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို MSI

တွင်လျှောက်ထားနိုင်
                    
       မြန်မာနိုင်ငံ၏  အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်သော Malaysia နိုင်ငံ Sarawak ပြည်နယ်ရှိ Miri မြို့တော်တွင် သြစတြေးလျနိုင်ငံ Perth မြို့ရှိ အရှေ့တောင်အာရှအတွင်း တစ်ခုတည်းသော အဓိကတိုက်ရိုက်ကျောင်းခွဲဖြစ်သည့် Curtin တက္ကသိုလ်တွင် ကုန်ကျစရိတ်သက်သာစွာဖြင့် သြစတြေးလျနိုင်ငံ Curtin တက္ကသိုလ်၏ BE (Civil) ဘွဲ့ကို MSI မှကျောင်းလျှောက်ထားတက်ရောက်နိုင်မည်ဖြစ်ကြောင်း ၊ ၄င်း Curtin တက္ကသိုလ် သည် “The Board of Engineer Malaysia (BEM) and Engineer Australia (EA) Malaysian Qualifications Agency (MQA) နှင့် Public Services Department (JPA) အဖွဲ့အစည်းတို့မှ တရားဝင်အသိအမှတ် ပြုခံထားရသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း ၊ 50 % Pro- Vice Chancellor Scholarship ဆုကို မြန်မာနိုင်ငံမှ ကျောင်းသား ( ၂) ဦးကို လက်ခံရရှိပြီးဖြစ်ကြောင်း  Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှု မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။
                        မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း (၁၀) တန်း / IGCSE /(O) LEVEL အောင်မြင်ပြီးသူများသည် သြစတြေးလျ Foundation တန်းအပါအ၀င် BE (Civil) ဘွဲ့ရသည်အထိ  ပညာသင်နှစ် (၅) နှစ်ကြာ တက်ရောက်ရမည်ဖြစ်သည်။ Foundation တန်းအတွက် အင်္ဂလိပ်စာ ၀င်ခွင့်သတ်မှတ်ချက်မှာ-  IELTS (5.5) ဖြစ်သည်။ ဘွဲ့ဒီဂရီတန်းအတွက် မြန်မာနိုင်ငံမှ Civil  ဘာသာရပ်ဖြင့် ( HND) ပြီးမြောက်ထားသူများ ၊ အစိုးရတက္ကသိုလ်မှာ တက်ရောက်နေသော ကျောင်းသား / သူများ ၊ BE ( Civil) ဘွဲ့ဒီဂရီပြီးထားသူများကိုလည်း Curtin တက္ကသိုလ် ၏ ပညာသင်နှစ်ကာလ ကင်းလွတ်ခွင့်များဖြင့် တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာ ၀င်ခွင့်သတ်မှတ်ချက်မှာ- IELTS (6.0 to 6.5) ရရှိပေးရန်လိုအပ်သည်။ ၄င်းအင်္ဂလိပ်စာ ၀င်ခွင့်သတ်မှတ်ချက်မရှိထားပါက Curtin တက္ကသိုလ်မှ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုနိုင်သည်။ ပညာသင်ဆုမပါ “မူရင်း” ကျောင်းလခကုန်ကျစရိတ်မှာ Foundation တန်းအတွက် သိန်း ( ၆၀) ကျော်ဝန်းကျင်သာကုန်ကျမည်ဖြစ်ပြီး ၊ ဘွဲ့ဒီဂရီတန်းအတွက် တစ်နှစ်လျှင် သိန်း ( ၁၀၀ ) ၀န်းကျင်သာ ကုန်ကျမည်ဖြစ်သည်။ Foundation တန်းအတွက် Intake များမှာ- March & August ဖြစ်ပြီး Degree တန်းအတွက်မှာ- February & July တို့ဖြစ်သည်။
                            Civil Engineering ဘာသာရပ်သည် နည်းပညာဆိုင်ရာနည်းဥပဒေသစည်းမျဉ်း ၊ အခြေခံကျသောသိပ္ပံပညာဆိုင်ရာလုပ်ဆောင်ချက်တို့ပေါင်းစပ်ကာလူနေမှုဆင့်အတန်း မြင့်မားရေး အတွက် လိုအပ်သည့် အဆောက် အဦးများဖန်တီးတည် ဆောက်ရသော လုပ်ငန်းတစ်ခုဖြစ်သည်။ များစွာသော Engineering ဆိုင်ရာလုပ်ငန်းများသည် အဆောက်အအုံပုံစံရေးဆွဲသူ ၊ ဗိသုကာပညာရှင် ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူ (Planner, Architects , Environmental scientists ) ကဲ့သို့ ပညာရှင်များနှင့် လက်တွဲလုပ်ဆောင်ရသလို Civil Engineer တစ်ယောက်သည်လည်း ( ဘဏ္ဍာရေး ၊ လုပ်ငန်းခွင်သုံးပစ္စည်းများ ၊ ကိရိယာတန်ဆာပလာများ ၊ အရင်းအနှီးများ ) စီမံခန့်ခွဲမှုတွင် လေ့ကျင့်မှုများလိုအပ်လျက်ရှိသောကြောင့် ၄င်းCurtin တက္ကသိုလ်မှ ဘွဲ့ရကျောင်းသားများအတွက် အလုပ်အကိုင် ရှာဖွေရာတွင်လည်းကောင်း   ၊ လုပ်ငန်းခွင်ဝင်ရာတွင်လည်းကောင်း အသင့်ဖြစ်နေပါသည်။
                                အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် မြို့ပြနှင့်ကျေးလက်ဆိုင်ရာတည်ဆောက်ခြင်း လုပ်ငန်းများ ၊ (consulting engineers, large contractors, specialist subcontractors and government authorities ) စသည့်နယ်ပယ်များတွင်ဝင်ရောက်လုပ်ကိုင်နိုင်သည်။ အသေးစိတ်စုံစမ်းဆွေးနွေးလိုပါက Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်း အမှတ် (234)  ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊၀၉-၅၁၀၃၉၁၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.