London School of Commerce Malta ( LSC)

London School of Commerce Malta ( LSC)
 
                                  The London School of Commerce Malta  သည် “National Commission for Further and Higher Education”   Malta မှ အသိအမှတ်ပြုခံထားရပြီး Higher Education Institution (License Number 2014-FHI-025) ဖြင့်မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ၊  LSC Malta ရှိ MBA ဘွဲ့ဒီဂရီသည် ကမ္ဘာ့အသိ အမှတ်ပြုနိုင်ငံ တကာဘွဲ့ဒီဂရီတစ်ခုဖြစ်ပြီး (UK Masters Level 7 နှင့်  European Qualifications Framework Level 7) နှင့်ညီကြောင်း အသိအမှတ်ပြုခြင်းခံထားရသော တက္ကသိုလ်တစ်ခုဖြစ်ကြောင်း ၊ Semester (3)ခု  ရှိပြီး နောက်ဆုံး Semesterတွင် Credits transfer ဖြင့် နိုင်ငံတကာ ကျောင်းသား/ကျောင်းသူပေါင်း ( 31,000) ကျော်လာရောက်ပညာသင်ယူနေသော အရှေ့အင်္ဂလန်နိုင်ငံရှိ အကြီးဆုံး တက္ကသိုလ်တစ်ခုဖြစ်သည့် Anglia Ruskin University (ARU)  သို့ Credits ကူးပြောင်းသင်ယူနိုင်မည်ဖြစ်ကြောင်း ၊ အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက်မှာ- IELTS (6.0) ၇ှိထားရမည်ဖြစ်ပြီး ကျောင်းလခ ကုန်ကျစ၇ိတ်မှာ မြန်မာကျပ်ငွေ( ၇၅ )သိန်းကျော်ဝန်းကျင်သာ ကုန်ကျမည်ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှု မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။
                               Malta သည် ဥရောပနိုင်ငံအတွင်းရှိ နိုင်ငံတစ်ခုဖြစ်သောကြောင့် ကျောင်းသား/သူများအတွက် ကျောင်းအားလပ်ရက်များတွင် ဂျာမနီ ၊ ပြင်သစ် ၊ ဘယ်လ်ဂျီယန် ၊ အီတလီ ၊ စပိန် စသည့် ဥရောပနိုင်ငံပေါင်း (27 )နိုင်ငံသို့ ကူးပြောင်းလေ့လာနိုင်သည့် မြို့တော်တစ်ခုဖြစ်ပြီး ဥရောပ နိုင်ငံအတွင်း“Sicily and the North African” ပင်လယ်ကမ်းခြေကြားရှိ Mediterranean ကျွန်းဆွယ်များထဲမှ အဓိကကျသော ကျွန်းဆွယ် တစ်ခုဖြစ်သည်။ English and Maltese ဘာသာစကားကို အဓိက ပြောကြားပြီး သမိုင်းဝင်အနုပညာလက်ရာ မြောက်သောအဆောက်အဦးများစွာ ရှိခြင်း ၊ မြို့တော်မှာ  “UNESCO World Heritage Site” စာရင်းဝင် သမိုင်းဝင် Valletta    မြို့တော်ဖြစ်ပြီး(  Romans, Moors, Knights of St. John, French and British) လူမျိုးစဉ်ဆက်အုပ်ချုပ်သူများနှင့် ပတ်သတ်သော သမိုင်းနေရာများရှိသည့် မြို့တော်တစ်ခုဖြစ်ခြင်း ၊ ရှေးဟောင်းသမိုင်းဝင်အမှတ်အသားများ ၊ ဈေးဝယ်စင်တာများ ၊ အားလပ်ရက်အပန်းဖြေနေရာများ ၊ ဖျော်ဖြေရေးတည်နေရာများအပြင် သွားလာရေးလွယ်ကူသည့် အဓိကကျွန်းဆွယ်များ၏ ဆုံချက်ဖြစ်ခြင်း ၊ အီတလီနိုင်ငံနှင့် နယ်နမိတ်ခြင်းထိစပ်လျှက်၇ှိပြီး အရှေ့အလယ်ပိုင်း ၊ အာဖရိက ၊ အာရှနိုင်ငံများနှင့်ဆက်နွယ်နေသည့် ဒူဘိုင်းမှတဆင့် သွားလာနိုင်သလို မြောက်အာဖရိကန်နှင့် အဓိက ဥရောပနိုင်ငံများသို့လည်း တိုက်ရိုက်သွားနိုင်သည့် လေကြာင်းလိုင်းများရှိခြင်း ၊ Public Transportation အနေဖြင့် ( Bus)­ကားများကိုသာအသုံးပြုနိုင်ပြီး ဈေးနှုန်းသက်သာစွာဖြင့် မိမိသွားလိုသည့် နေရာများကို အလွယ်တကူသွားလာနိုင်ခြင်း ၊ နွေရာသီနှင့် ကျောင်းပိတ်ရက်များတွင်လည်း Night bus များဖြင့် အဓိကဖျော်ဖြေရေးစင်တာများ ၊ မြို့များ နှင့် ရွာများသို့ သွားရောက်လည်ပတ်နိုင်ပြီး လှပကြည်လင်သည့် ပင်လယ်ပြာ သို့လည်းသွားရောက်လည်ပတ်နိုင်မည့် အခွင့်အရေးများရရှိမည်ဖြစ်သည်။                                       
                              Malta Campus သည် MBA ဘာသာရပ်ကို အထူးပြုသင်ကြားပေးပြီး Business နှင့်ဆက်နွယ်နေသည့် Accounting, Finance , Marketing , Human Resource Management and Strategic Management စသည့်ဘာသာရပ်များကိုသင်ကြားလေ့လာရမည်ဖြစ်သည်။ specialist electives အနေဖြင့် International Business , Finance , Marketing ဘာသာရပ်များကို အထူးပြုေ၇ွးချယ်သင်ကြားနိုင်မည်ဖြစ်ပြီး သင်တန်းကာလ ကြာမြှင့်ချိန်မှာ ( ၁၂) လ ကြာမြင့်မည်ဖြစ်သည်။  အသေးစိတ်အချက်အလက်များကို  စုံစမ်းဆွေးနွေးလိုပါက Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု အမှတ် (234) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၄၂၀၀၃၇၆၁၆ ၊ ၀၁-၂၅၀၉၂၉ ၊ ၀၉-၅၁၀၃၉၁၅ သို့မေးမြန်းနိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.