Kaplan မှဖွင့်လှစ်သင်ကြားပေးမည့် စင်္ကာပူအစိုးရကျောင်းများဝင်ခွင့် GCE (O) Level တန်း

Kaplan မှဖွင့်လှစ်သင်ကြားပေးမည့် စင်္ကာပူအစိုးရကျောင်းများဝင်ခွင့်  GCE (O) Level တန်းကို MSI တွင်လျှောက်ထားနိုင်
             
စင်ကာပူနိုင်ငံရှိ EduTrust Certification ကို (၄) နှစ် ဆက်တိုက်ရထားသော စင်ကာပူအစိုးရ အသိအမှတ်ပြု Kaplan Higher Educaton Academy  တွင် အင်္ဂလန်နိုင်ငံရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်သော Cambridge University နှင့် စင်ကာပူအစိုးရပညာရေးဝန်ကြီးဌာန (Ministry of Education Singapore) တို့ပူးပေါင်းကာ  နှစ်စဉ်ကျင်းပလျက်ရှိသော GCE O-Level စာမေးပွဲအတွက် Preparatory course အသစ်ကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ၊  ထိုသင်တန်းပြီးဆုံးပါက စင်ကာပူအစိုးရပညာရေးဝန်ကြီးဌာနမှ နှစ်စဉ်ဦးစီး ကျင်းပသော GCE ‘ O ’ Level (Cambridge) စာမေးပွဲကို ၀င်ရောက်ဖြေဆိုနိုင်ကြောင်း ၊  ထိုစာမေးပွဲဖြေဆို အောင်မြင်ပြီးပါက စင်ကာပူအစိုးရကျောင်းများဖြစ်သည့် ( NUS ၊ NTU ၊ SMU ) ကျောင်းများနှင့် နိုင်ငံတကာပုဂ္ဂလိကတက္ကသိုလ်များသို့ လျှောက်ထားနိုင်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။
 “Kaplan Higher Education Academy “ သည်(2012-2013 ) ခုနှစ် တွင် “Jobs Central”  Top (1) အဆင့်အသိအမှတ်ပြုခံ ထားရပြီး (2009/ 2010/ 2013/2014/2015/2016) ခုနှစ်များတွင် (Top 3)  “People’s Choice Award” ကိုလက်ခံရရှိထားသောတက္ကသိုလ်ဖြစ်သည်။  ထို Kaplan Higher Education Academy သည် အင်္ဂလန်၊ သြစတြေးလျ၊ အိုင်ယာလန်နိုင်ငံများမှ ကမာ့္ဘ Top 100 စာရင်းဝင် တက္ကသိုလ်များထဲတွင်ပါဝင်သော နိုင်ငံတကာထိပ်တန်းတက္ကသိုလ်တို့နှင့် ချိတ်ဆက်ထားသောတက္ကသိုလ်ဖြစ်ပြီ်း Single Major အပြင် Double Major များကိုလဲတက်ရောက်နိုင်မည်ဖြစ်သည်။
 စင်္ကာပူနိုင်ငံရှိ Kaplan Higher Education Academy တွင် GCE (O) Level တက်ရောက်ချင်သော မြန်မာနိုင်ငံမှ ကျောင်းသား/သူများအတွက် ၀င်ခွင့်သတ်မှတ်ချက်မှာ . အသက်( ၁၅) နှစ်ပြည့်ပြီးရမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံမှ( ) တန်းအောင်ကျောင်းသား/သူများ / International School မှ Secondary ( 3) အောင်မြင်ပြီးသောကျောင်းသား/သူများ တက်ရောက်နိုင်ကြောင်းသိရပြီး ၊ အင်္ဂလိပ်စာ အရည်အချင်းသတ်မှတ်ချက်မှာ - IELTS ( 5.5) ရှိထားရမည်ဖြစ်သည်။   IELTS မဖြေချင်သော ကျောင်းသား/သူများသည်  Kaplan မှ GCE ( O) Level Placement Test ကိုဖြေဆိုနိုင်သလို Kaplan မှဖွင့်လှစ်သင်ကြားပေးသော English တန်းများကိုလည်း တက်ရောက်သင်ကြားနိုင်ပါသည်။ သင်တန်းကြာလမြင့်ချိန်မှာ- (၁၂)လကြာမြင့်မည်ဖြစ်ပြီး  ကျောင်းဖွင့်ချိန်မှာ လစဉ် ပထမအပတ်၏ တနင်္လာနေ့တိုင်းတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကာလတွင် Compulsory subject အနေဖြင့် (5) ဘာသာ သင်ကြားရမည်ဖြစ်ပြီး Elective Subjet အနေဖြင့် Geography & Chinese ဘာသာရပ်ကို သင်ကြားရမည်ဖြစ်သည်။ ကျောင်းလခ ကုန်ကျစရိတ်မှာ - သိန်း (၁၅၀) ၀န်းကျင်သာ ကုန်ကျမည်ဖြစ်သည်။အသေးစိတ်အချက်အလက်များကို  စုံစမ်းဆွေးနွေးလိုပါက Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု အမှတ် (234) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့မေးမြန်းနိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.