“6 Star” ရရှိထားသည့်မလေးရှားနိုင်ငံ KDU University College (ပီနန်)၏ (၂၀၁၆) ခုနှစ်အတွက် ပညာသင်ဆုများ

“6 Star” ရရှိထားသည့်မလေးရှားနိုင်ငံ KDU University College (ပီနန်)၏ (၂၀၁၆) ခုနှစ်အတွက် ပညာသင်ဆုများ

အကြောင်း ဆွေးနွေးပွဲ

မလေးရှားနိုင်ငံတွင်ဖွင့်လှစ်လျက်ရှိသော KDU University College (၄) ခုအနက် တရုတ်လူမျိုးများ အများဆုံးနေထိုင်သော မလေးရှားနိုင်ငံ ပီနန်မြို့တွင်ရှိပြီး “6 Star” ရရှိထားသည့် KDU (ပီနန်) တက္ကသိုလ်တွင် ၂၀၁၆ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများ၏ ကျောင်းဖွင့်ချိန်များအတွက် ပညာသင်ဆုများအကြောင်း ဆွေးနွေးပွဲကို “ရန်ကုန်မြို့ ၊ MSI OFFICE တွင် ၂၀၁၆ခုနစ် ၊ မေလ (၁၄) ရက် (စနေနေ့) နံနက်(၁၀) နာရီမှမွန်းလွဲ (၃)နာရီအထိ In - house (seminar ) ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် မန္တလေးမြို့  Swan Hotel  ၊ရတနာခန်းမတွင် မေလ (၁၅) ရက်(တနင်္ဂနွေနေ့) နံနက်(၁၀) နာရီမှ နေ့လည် (၁၂)နာရီအထိ” (၂) ရက်ဆက်တိုက် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။
           ပီနန်မြို့ခံကျောင်းသား၊ ကျောင်းသူပေါင်း (၂၃၀၀) ကျော် တက်ရောက် နေသည့်အပြင် အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုးရီးယား၊ တရုတ်၊ မွန်ဂိုလီးယား၊ ဂျပန်၊ အာရှအလယ်ပိုင်းနှင့် ဥရောပနိုင်ငံများ စသည်ဖြင့် နိုင်ငံပေါင်း (၆၄) နိုင်ငံမှ ကျောင်းသား ကျောင်းသူများလည်း လာရောက်ပညာသင်ကြားလျက်ရှိသည့် KDU (ပီနန်)တွင် Pre-University၊ Certificate၊ ဒီပလိုမာတန်းများနှင့် ဘွဲ့ဒီဂရီတန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘာသာရပ်များအနေဖြင့် Business ၊ Design ၊ Engineering ၊ English ၊ Hospitality & Tourism ၊ Culinary Arts ၊ IT & Games Technology ၊ Mass Communication နှင့် Nursing စသည့်ဘာသာရပ်များကို သင်ကြားနိုင်ကြောင်း သိရှိရသည်။
                      ပညာသင်ဆု လျှောက်ထားလိုသော ကျောင်းသားများသည် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ထားသူများ၊ GCE “O” level၊ IGCSE၊  မြန်မာနိုင်ငံ အစိုးရတက္ကသိုလ်များတွင် အထက်ဖော်ပြထားသော ဘာသာရပ်များနှင့်ဆက်စပ်နေသည့် ဘာသာရပ်များကို သင်ယူနေသော ကျောင်းသား/သူများ၊ ပညာသင်နှစ် ၁၂ တန်းရှိသော Foundation နှင့် GCE “A” Level အောင်မြင် ပြီးစီးထားသောကျောင်းသား/သူများ မည်သူမဆို လျှောက်ထားနိုင်ပြီး ထိုပညာသင်ဆုများနှင့်ပက်သက်၍ စိတ်ဝင်စားသည့် ကျောင်းသား/သူများသည် ပညာရေးအထောက်အထား စာရွက်စာတမ်းများနှင့်အတူ Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်း  အမှတ်(၂၃၄)၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

Comments

There are no comments

Posting comments after three months has been disabled.