Latest News
အမေရိကန်ပညာရေးနှင့် ပညာသင်ဆု ဆွေးနွေးပွဲကြီးကို MSI မှ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပ
အမေရိကန်ပညာရေးနှင့် ပညာသင်ဆု ဆွေးနွေးပွဲကြီးကို MSI မှ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြီးစီးခဲ့ခြင်း
နိုင်ငံတကာအသိအမှတ်ပြု ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံရှိ အမေရိကန်တက္ကသိုလ် Webster University နှင့် Myanmar Search International (MSI) Education Consultancy Services Co., Ltd. တို့ပူးပေါင်းကျင်းပသည့် “Webster တက္ကသိုလ်၏ဘာသာရပ်များ ၊ အမေရိကန်ပညာရေးနှင့် ပညာသင်ဆုများ အကြောင်းဆွေးနွေးပွဲကြီး ” ကို ရန်ကုန်မြို့ရှိ Novotel Hotel ၊ Mandalay Meeting Room တွင် ၂၀၁၆ခုနစ် ၊ မေလ(၂၈) ရက် (စနေနေ့) နေ့လည်(၂ ) နာရီမှမွန်းလွဲ (၄)နာရီအထိလည်းကောင်း ၊ မန္တလေးမြို့ Swan Hotel ၊ Yandanar Room တွင် မေလ (၂၉) ရက်(တနင်္ဂနွေနေ့) နံနက် (၁၀) နာရီမှ မွန်းလွဲ (၁၂ ) နာရီအထိ (၂) ရက်ဆက်တိုက် အောင်မြင်စွာကျင်းပပြီးစီးပြုလုပ်ခဲ့ကြောင်း ၊ ၄င်းပညာသင်ဆုများကို 2016 ( August ) လကျောင်းဖွင့်ချိန်အတွက် ပေးအပ်မည်ဖြစ်သောကြောင့် MSI တွင် အမြန်ဆုံးလာရောက်လျှောက်ထားပေးရန် လိုအပ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှု၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှသိရှိရသည်။
၎င်းဆွေးနွေးပွဲကြီးတွင် Webster တက္ကသိုလ်သည် အမေရိကန်နိုင်ငံ စိန့်လူးဝစ်ပြည်နယ် မစ်ဆူရီမြို့တွင် ၁၉၁၅ ခုနစ်မှ စတင်ခဲ့ရာ နှစ်ပေါင်း (၁၀၀)ကျော်တိုင် Liberal Arts ကို အထူးပြုသောဘာသာရပ်များကို သင်ကြားပြီး တက္ကသိုလ်ကျောင်းခွဲပေါင်း (၈)ခုဖြင့် ရပ်တည်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံရှိ Webster တက္ကသိုလ်တွင် ဘွဲ့ဒီဂရီတန်းအတွက် (၄) နှစ်ကြာနှင့် မာစတာတန်းအတွက် (၁၅)လ ကြာမြင့်မည်ဖြစ်ပြီး ပညာသင်ဆု ခံစားခွင့်မှာ ကျောင်းလခမှ လျှော့ပေါ့ကင်းလွတ်ခံစားခွင့် စနစ်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၄င်းပညာသင်ဆုများကို (၂၀၁၆) သြဂုတ်လ နှင့် အောက်တိုဘာလတွင် တက်ရောက်မည့် ကျောင်းသား/သူများကိုပေးအပ်သွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် ၄င်းတက္ကသိုလ်တွင် “Study Abroad Program” နှင့် “Transfer Program” ဟုရှိရာ “Study Abroad Program” မှာ ထိုင်းနိုင်ငံ Home Campus မှ အခြားသောဥရောပနိုင်ငံများရှိ Webster တက္ကသိုလ်များတွင် အသွားအပြန် လေယာဉ် လက်မှတ်စရိတ်ကို Webster တက္ကသိုလ်မှ ကုန်ကျမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ကျောင်းလခ ပညာသင်စရိတ်ဖြင့် သွားရောက်သင်ကြားနိုင်ကြောင်း ၊ “ Transfer Program” မှာ မိမိတက်ရောက်ခဲ့သည့် Home Compus မှတဆင့် Webster ၏ အခြားသောဥရောပနိုင်ငံများရှိ ကျောင်းခွဲများသို့ သွားရောက်ရယူနိုင်ပြီး ကုန်ကျစရိတ်ငွေမှာ မိမိသွားရောက်မည့်နိုင်ငံ၏ ငွေးကြေးနှုန်းအတိုင်းသာ ပေးရမည်ဖြစ်ကြောင်း ၊ ၄င်းအတွက် Visa ဆိုင်ရာစာရွက်စာတမ်းအကြံပေး လမ်းညွှန်မူများကိုလည်း Webster တက္ကသိုလ် ထိုင်း Campus တွင် စီစဉ်ပေးနေမည် ဖြစ်ကြောင်း ၊ MSI နိုင်ငံခြားပညာရေး ၀န်ဆောင်မှုလုပ်ငန်းမှသိရသည်။
၎င်းပညာသင်ဆုများကို မြန်မာနိုင်ငံမှ(၁၀)တန်းအောင်ကျောင်းသား/သူများ ၊ GCE (O) Level / (A) Level / မှကျောင်းသား/သူများ လျှောက်ထားနိုင်ကြောင်း ၊ အင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်- IELTS (6.0) ၊ (သို့) TOEFL (550) (paper base) နှင့် မာစတာတန်းအတွက် IELTS(6.5) (သို့)TOEFL(575) ဖြစ်ပြီး IELTS /TOEFL မရှိပါကWebster တက္ကသိုလ်၏ English Placement Test (EPT) ကို (MSI) ရုံးခန်းတွင်ကြိုတင်စာရင်းပေးသွင်း၍ ဖြေဆိုနိုင်ကြောင်းနှင့်ဘွဲ့ဒီဂရီတန်း၊ မာစတာတန်းအတွက် ပညာသင်ဆုများမှာ- (၃၀%) (၄၀%) (၄၅%) (၅၀%)ရှိကြောင်းကို MSI ၏ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်မှ ဆွေးနွေးပေးခဲ့ပြီး အသေးစိတ်ထပ်မံစုံစမ်းဆွေးနွေးလိုလျှင် Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်း အမှတ် (234) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၂၅၀၉၂၉ ၊ ၀၉- ၄၂၀၀၃၇၆၁၆ ၊ ၀၉-၅၁၀၃၉၁၅ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၂၀၁၆ ခုနစ် ကျောင်းဖွင့်ချိန်များအတွက် ပညာသင်ဆုများကို MSI တွင် မည်သူမဆို လာရောက်လျှောက်ထားနိုင်ကြောင်း ထပ်မံသိရှိရသည်။
Comments
There are no comments