flyar-design-copy.jpg

MSI နှင့် PSB Academy တို့ပူးပေါင်းပြီးစင်္ကာပူနိုင်ငံပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းဆွေးနွေးပွဲ

MSI နှင့် PSB Academy တို့ပူးပေါင်းပြီးစင်္ကာပူနိုင်ငံပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းဆွေးနွေးပွဲကိုရန်ကုန် နှင့် မန္တလေးမြို့ကြီးများတွင်ဆက်တိုက်ကျင်းပမည်။

Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုနှင့် စင်္ကာပူနိုင်ငံ PSB Academy တို့ပူးပေါင်း၍ “Dr. KohYit Yan PhD (Engineering), University of Leeds ၊ BEng (Hons) in Mechanical Engineering, University of Leeds” အင်ဂျင်နီယာဘာသာရပ်အကြောင်းသိကောင်းစရာများ၊နိုင်ငံတကာအဆင့်မှီပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာသင်ထောက်ပံကြေးများအကြောင်းကိုရန်ကုန် ၊ မန္တလေးမြို့များတွင် (၂) ရက်ဆက်တိုက်ကျင်းပသွားမည်။“ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ် ပင်းယခန်းမတွင် (၂၀၁၆) ခုနှစ် မတ်လ (၁၉)ရက် စနေနေ့ ၊နေ့လည် (၁) နာရီမှ မွန်းလွဲ (၃) နာရီအထိလည်းကောင်း ၊မန္တလေးမြို့ ဟိုတယ်မန္တလေးစံပါယ်ဖြူခန်းမတွင်မတ်လ (၂၀)ရက် တနင်္ဂနွေနေ့ နေ့လည် (၁) နာရီမှ မွန်းလွဲ (၄)အထိကျင်းပသွားမည် ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏မန်နေးဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှသိရသည်။
PSB Academy တက္ကသိုလ်သည်စင်ကာပူနိုင်ငံအစိုးရ၏ Council for Private Education  (CPE)  မှ ပညာရေးဆိုင်ရာယုံကြည်မှု လေးနှစ်သက်တမ်းအသိအမှတ်ပြု လက်မှတ် (4 year Edu Trust Certification) ကိုလက်ခံရရှိထားပြီးစင်ကာပူနိုင်ငံ၏ ပုဂ္ဂလိကပညာရေးအဆင့်သတ်မှတ်မှု (Jobs Central) အရTop 10 အဆင့်ဖြင့် သတ်မှတ်ခြင်းခံရသောတက္ကသိုလ် တစ်ခုဖြစ်ပြီး“Time Higher Education , 2015” ၏ တိုင်းတာချက်အရ Australia နိုင်ငံရှိတက္ကသိုလ်များကြား Ranking အဆင့် (20) တွင်ပါဝင်သည့် La Trobe University ၊Ranking အဆင့် (2) ရှိသည့် The University of Newcastle ၊ “Good Universities Guide 2015” ၏တိုင်းတာချက် အရအလုပ်အကိုင် ရရှိမှုတွင် 5 Star အဆင့်ရရှိထားသည့် University of Wollongong ၊ “Guardian University Guide 2016” ၏ တိုင်းတာချက်အရအင်္ဂလန်နိုင်ငံရှိတက္ကသိုလ်များကြားအဆင့် (15) ရှိသည့် Coventry University ၊ Edinburgh Napier University ၊ အင်္ဂလန်နိုင်ငံတွင် (1836) ခုနှစ်ကတည်းကစတင်တည်ထောင်ထားပြီး Association of Chartered Certified Accountants (ACCA) အသိအမှတ်ပြုထားသည့် University of London, တို့နှင့်ချိတ်ဆတ်ထားသည်။ ကမ္ဘာ့အဆင့်မီနိုင်ငံကြီးများ၏ ဘွဲ့ဒီဂရီများကိုPSB Academy တွင်တက်ရောက်သင်ကြား နိုင်သည့် ဘာသာရပ်များမှာ- Accounting & Finance, Business & Communication, Biomedical & Pharmaceutical Sciences , Computer Science & Information Technology, Engineering, Marketing & Management, Supply Chain Management, Hospitality & Tourism Management ဘာသာရပ်များဖြစ်သည်။ PSB Academy တက္ကသိုလ်သည် မြန်မာနိုင်ငံမှကျောင်းသား/သူများအများဆုံးတက်ရောက်ပညာသင်ကြားနေသောတက္ကသိုလ်တစ်ခုဖြစ်ကြောင်း MSI မှထပ်မံသိရှိရသည်။
MSI မှ အထူးအခွင့်အရေးအနေဖြင့် ကျောင်းဖွင့်ချိန် ဧပြီလ ၊ မေလ ၊ ဇွန်လအတွက်လျှောက်ထားလိုသည့် ကျောင်းသား/သူများ (Cash Rebate) စင်င်္ကာပူဒေါ်လာ (၃၀၀) ကိုပြန်လည့်် ပေးအပ်မည်ဖြစ်ပြီးအသေးစိတ်စုံစမ်းဆွေးနွေး လိုပါကMyanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှုရုံးခန်း အမှတ် (234) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅၊ ၀၉-၄၀၂၅၁၇၅၄၉ သို့ပညာရေးဆိုင်ရာစာရွက်စာတမ်းများဖြင့် လာရောက်မေးမြန်းနိုင်သည်။

Comments

There are no comments

Posting comments after two weeks has been disabled.