segi-university_big.jpg

Civil Engineering ဘာသာရပ်အတွက် ကျောင်းလခ၏( 50 % ) ကင်းလွတ်ခွင့် ပညာသင်ဆုကိုMSI တွင်လျှောက်ထားနိုင်

Civil Engineering ဘာသာရပ်အတွက် ကျောင်းလခ၏( 50 % ) ကင်းလွတ်ခွင့် ပညာသင်ဆုကို  MSI

တွင်လျှောက်ထားနိုင်

အင်္ဂလန်နိုင်ငံGREENWICHတက္ကသိုလ်မှ B.E (Honos) Civil Engineeringဘွဲ့ဒီဂရီကို မလေး၇ှားနိုင်ငံရှိ Tier (6) Outstanding Awardကိုမလေးရှားနိုင်ငံပညာရေးဌာနမှ လက်ခံရရှိထားသောSegiတက္ကသိုလ်တွင် တက်ရောက်ရန်အတွက် ( MSI) ပညာရေးဝန်ဆောင်မှုရုံးခန်းတွင် ဇူလှိုင်လ ၊ စက်တင်ဘာလကျောင်းဖွင့်ချိန်အတွက် စတင်လျှောက်ထားပေးနေပြီဖြစ်ကြောင်း၊ (50%) ပညာသင်ဆုရကျောင်းသား/သူများသည် ကျောင်းလခ ( သိန်း ၃၀) ၀န်းကျင်သာကုန်ကျမည်ဖြစ်ကြောင်းMyanmar Search International (MSI) ၏ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။

၎င်းပညာသင်ဆု လျှောက်ထားမည့်သူများအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ - (၁၀)တန်းအောင်မြင်ထားပြီးသူများအတွက် (၁၀)တန်းအောင် အမှတ်စာရင်း ၊ အောင်လက်မှတ် ၊ HND (Civil) တက်ရောက်ဆဲ ၊ တက်ရောက်ပြီးသူများအတွက် အမှတ်စာရင်း ၊ Certificate များ ၊ မြန်မာနိုင်ငံရှိသိပ္ပံနှင့် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေသော Engineering ကျောင်းသားများအတွက် အမှတ်စာရင်းများသည် ပညာသင်ဆုလျှောက်ထားရန်အတွက်လိုအပ်သည်။ အင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်မှာ- IELTS ( 6.0) ၊ TOEFL (550) ရှိရမည်။ ၄င်းသတ်မှတ်ချက်များ မရှိပါက MSI ရုံးခန်းတွင် Segiတက္ကသိုလ်မှစစ်ဆေးသောအဂ်လိပ်စာအရည်အချင်းစစ် စာမေးပွဲကို ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် ဖြေဆိုနိုင်သည်။ International School တွင်တက်ရောက်နေသောကျောင်းသားများအတွက် IGCSE / GCE ( O) Level / GCE ( A) Level အမှတ်စာရင်းးနှင့် အောင်လက်မှတ်များလိုအပ်သည်။အင်္ဂလိပ်စာဘာသာရပ်တွင် အမှတ်ကောင်းပါက IELTS / TOEFL ကိုကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

အင်္ဂလန်နိုင်ငံရှိ GREENWICH တက္ကသိုလ်သည် အင်္ဂလန်နိုင်ငံထိပ်တန်းတက္ကသိုလ် (100) စာရင်းတွင်ပါဝင်ကြောင်း “The Complete University Guide , University League Table 2016” ၏တိုင်းတာချက်အရသိရှိရသည်။ သင်ရိုးညွှန်းတမ်းများမှာ - ဘွဲ့ရကျောင်းသားများအတွက် Built Environment နှင့်စပ်ဆိုင်သည့် ဘာသာရပ်များကိုအခြေခံသင်ကြားပေးမည့်အပြင် Global Construction နယ်ပယ်တွင် အဆင်သင့်ဝင်ရောက်လုပ်ကိုင်နိုင်စေရန် ၊Professional improvement leading မှ Professional Licensure (ကျွမ်းကျင်လိုင်စင်ကိုင်ဆောင်နိုင်သူ) အဖြစ်သို့ ရောက်ရှိရန် ၊ Master ၊ Research အဆင့်ထိပညာရေးကိုဆက်လက်လေ့လာလိုသောကျောင်းသား/သူများအတွက် (Life-Long learning )နှင့် မိမိကိုယ်ကိုယုံကြည်မှုရှိစွာဖြင့် ဆက်လက်သင်ကြားနိုင်စေရန် ရည်ရွယ်ရေးဆွဲထားပါသည်။
Segi Universityသည် Education – Malaysia World Branding Award , Brand of the Year (2014- 2015) ဆု ၊  MRCA CROWN Awards , Outstanding Innovation Award 2014 ဆု ၊ မလေးရှားနိုင်ငံ Reader’s Digest Trusted Brand ဆုကို (၂)နှစ်ဆက်တိုက် ပေးအပ်ချီးမြှင့်ခံထားရသောတက္ကသိုလ်ဖြစ်ပြီး(2016)ခုနစ်အတွက် ပညာသင်ဆုလျှောက်လိုသောကျောင်းသား/သူများသည် မိမိသက်ဆိုင်ရာပညာအချင်းစာရွက်စာတမ်းများနှင့်အတူMSI နိုင်ငံခြားပညာရေး ၀န်ဆောင်မှုရုံးခန်း  အမှတ်(၂၃၄)၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၉-၄၂၀၀၃၇၆၁၆၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅သို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် ဧပြီ ( ၇) ရက်နေ့နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။
 

Comments

There are no comments

Posting comments after three months has been disabled.