img_5897.jpg

“KDU Penang Univesity College ၏ “The Most Outstanding Agent Awards 2015”ဆုကို MSI မှချီးမြှင့်ခံရ

“KDU Penang Univesity College (ပီနန်) ၏ “The Most Outstanding Agent Awards 2015”ဆုကို MSI မှချီးမြှင့်ခြင်းခံရ။”

မလေးရှားနိုင်ငံပီနန်မြို့ရှိ KDU Penang University College မှပေးအပ်ချီးမြှင့်သည့် “The Most Outstanding Agent of 2015” ဆုကို Myanmar Search International (MSI) က ရရှိခဲ့ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံရှိ MSI နိုင်ငံခြား ပညာရေးဝန်ဆောင်မှုလုပ်ငန်းသည် ထူးချွန်ကျောင်းသားများအားပညာသင်ဆုအများဆုံးလျှောက်ထားပေးနေသော ပညာရေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ကျောင်းသား/ကျောင်းသူ ပေါင်း(၂၃၀၀)ကျော်တက်ရောက်နေသည့်အပြင် အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုးရီးယား၊ တရုတ်၊ မွန်ဂိုလီးယား၊ ဂျပန်၊ အာရှအလယ်ပိုင်းနှင့် ဥရောပနိုင်ငံများစသည့်နိုင်ငံပေါင်း (၆၄) နိုင်ငံမှ ကျောင်းသားကျောင်းသူ များလည်းလာရောက်ပညာသင်ကြားလျက်ရှိသော“KDU Penang University College” ၏ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းသော တရားဝင်အဓိက ကိုယ်စားလှယ် ဖြစ်သည် ဟု MSI ၏မန်နေးဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိ၇ှိရသည်။
                                   
KDU (ပီနန်) ကောလိပ်သည် (၁၉၈၃) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပထမဆုံးသောမလေးရှားပုဂ္ဂလိကပညာရေးကောလိပ်ဖြစ်ကာ ၂၀၁၀/၂၀၁၁ နှင့် ၂၀၁၂/၂၀၁၃ များတွင် Ministry of Education, Malaysia (MOE) မှ 5-star အဆင့်အဖြစ် သတ်မှတ်ခံရသော ကောလိပ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ (၂၀၁၀) ခုနှစ် အောက်တိုဘာလတွင် Ministry of Education (MOE) ၏ ထောက်ခံချက်အရ KDU College မှ KDU University College သို့ အဆင့်မြင့်တိုးတက်ပြောင်းလဲခဲ့ပြီးယခုအခါ (၂၀၁၈) ခုနစ်တွင် KDU University အဖြစ်သို့ အဆင့်မြင့်တိုးတက် ပြောင်းလဲရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။သင်ကြားနေသောဘာသာရပ် များမှာလည်း မလေးရှားနိုင်ငံပညာရေးဝန်ကြီးဌာနအဖွဲ့အစည်းလက်အောက်ရှိ Malaysia Qualification Agency (MQA) မှ အသိအမှတ်ပြု ဘာသာရပ်များဖြစ်ကာဘွဲ့ဒီဂရီတန်းများအတွက် အင်္ဂလန်နိုင်ငံ ( Keele University) ၊ ( Northumbria University ) ၊ ဆွစ်ဇာလန်နိုင်ငံ  (IMI University Centre )၏ ပညာရေးသင်ရိုးညွှန်းတမ်းများအတိုင်းသင်ကြားပေးလျက်ရှိကြောင်း MSI မှထပ်မံသိရှိရသည်။
MSI ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် KDU University College တို့သည် 2014 နှစ်မှ စတင်ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ ထူးချွန်ကျောင်းသား/သူများအတွက် အထူးပညာသင်ဆုများပေးအပ်ချီးမြှင့်နိုင်ခဲ့ခြင်း၊မြန်မာနိုင်ငံရှိကျောင်းသား /သူများအတွေး အခေါ်ပိုင်းဆိုင်ရာပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတကာတက္ကသိုလ်များနှင့် MSI တို့ ပူးပေါင်းပြီး “Scholarship” ပညာသင်ဆုပေးအပ် ချီးမြှင့်သည့် ပညာရေးပြပွဲများကို မြန်မာနိုင်ငံတွင်ပထမဦးဆုံးမှန်ကန်ထိရောက်စွာပြုလုပ်ပေးခြင်း၊ MSI သည် ကျောင်းသား/ကျောင်းသူများ အတွက် မှန်ကန်တိကျသည့် ပညာရေးဆိုင်ရာလမ်းကြောင်းရွေးချယ်မှုများ ပြုလုပ်ပေးနိုင်ခြင်း၊ ကျောင်းသား/ကျောင်းသူများအတွက် မိမိစိတ်ကြိုက်သင့်တော်သည့် လမ်းကြောင်းရွေးချယ်မှုများအတွက် အရည်အချင်းပြည့်ဝသည့် ပညာရေးဆိုင်ရာအကြံပေးလမ်းညွှန်ပေးနိုင်မှုများ ပြုလုပ်ပေးနိုင်ခြင်း၊ ကျောင်းသား/ ကျောင်းသား/သူများသွားရောက်လေ့လာသင်ကြားရမည့် တက္ကသိုလ်များ ၊ ဘာသာရပ်ရွေးချယ်မှုများ အတွက်တိကျမှန်ကန်သောလမ်းကြောင်းဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းစသည့် အရည်အသွေးကောင်းများကြောင့် 2015 ခုနှစ်၊ KDU Penang University College ၏ “The Most Outstanding Agent Award” ဆုကို  MSI ကုမ္ပဏီအားပေးအပ်ချီးမြှင့်ခဲ့ကြောင်းကို KDU  Penang University College ၏ International office / Business Development Manager “Mr. Gerard Boey Kong Hoong“ မှ ပြောကြားခဲ့ပါသည်။
          2016 ခုနစ်၏ “အထူးပညာသင်ဆုများ”ကိုလည်း  MSI ပညာရေးဝန်ဆောင်မှုလုပ်ငန်းနှင့် KDU Penang University College တို့ပူးပေါင်းပြီးမြန်မာနိုင်ငံရှိထူးချွန်ကျောင်းသား/သူများအတွက်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ရာပညာသင်ဆုလျှောက်ထားလိုသူများ သည်ပညာ ရေးဆိုင်ရာအထောက်အထားစာရွက်စာတမ်းများနှင့်အတူ Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်း  အမှတ်(၂၃၄)၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၉-၄၂၀၀၃၇၆၁၆ ၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရသည်။

Comments

There are no comments

Posting comments after three months has been disabled.