“W.H.Oအသိအမှတ်ပြုဆေးဝါးဖော်စပ်သည့် Pharmacyဘာသာရပ်ကိုMSIတွင် လျှောက်ထားပေးနေပါသည်”

W.H.Oအသိအမှတ်ပြုဆေးဝါးဖော်စပ်သည့် Pharmacyဘာသာရပ်ကိုMSIတွင် လျှောက်ထားပေးနေပါသည်”

မလေးရှားနိုင်ငံပီနန်မြို့အနီးမြောက်ဘက်ပိုင်းKadah ပြည်နယ်တွင် တည်ရှိသောAimstUmiversityသည် မလေးရှားနိုင်ငံအစိုး၇ အသိအမှတ်ပြုထားသောအဆင့်မြင့်ပညာရေးတက္ကသိုလ်ကျောင်းများစာရင်းဝင်တစ်ခုဖြစ်ပြီးမလေး၇ှား ပညာရေးဆိုင်ရာအဖွဲ့အစည်း (MQA) မှ “Very Good Award“ဆုရရှိထားသည့် တက္ကသိုလ်ဖြစ်သည်။ Aimst Universityသည် “Global Leadership Award in Education Sector, World Education Congress Award, Malaysian Business Industry Excellence Award”ဆုကိုရရှိထားပြီးအကောင်းဆုံး ဆေးဝါးထုတ်လုပ်ဝန်ဆောင်မှုပေးနိုင်သောAimst ဆေးဝါးဆိုင်ရာစက်ရုံ အဖြစ်ISO 9001:2008. အရSIRIM QAS Certification  မှ အသိအမှတ်ပြုခံထားရပြီးဆေးဘက်ဆိုင်ရာဘာသာရပ်များကိုသင်ကြားပို့ချပေးသောတက္ကသိုလ်ဖြစ်သည်။၎င်းတက္ကသိုလ်တွင်သင်ကြားပို့ချလျက်ရှိသောဘာသာရပ်အများစုသည် အင်္ဂလန်နိုင်ငံရှိ“University of Bristol” မှ ရေးဆွဲထားသောသင်ရိုးညွှန်းတမ်းများဖြစ်ကြောင်း၊ ဘွဲ့ဒီဂရီတန်းအတွက် ကုန်ကျစရိတ်မှာ Foundation ပညာသင်နှစ် အပါအ၀င် (၅) နှစ်တာကြာမြင့်မည်ဖြစ်ပြီးကုန်ကျစရိတ်စုစုပေါင်းသိန်း (၄၅၀ ) ၀န်းကျင်သာ ကုန်ကျမည် ဖြစ်ပြီးပညာသင်ဆုများကိုလည်း မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သည့် MSI တွင်သာလျှောက်ထားနိုင်ကြောင်း( MSI  )နိုင်ငံခြား ပညာရေးဝန်ဆောင်မှုလုပ်ငန်း မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။
 မြန်မာနိုင်ငံမှ သိပ္ပံဘာသာကိုအခြေခံသောဘွဲ့ဒီဂရီတစ်ခုခုရရှိထားပြီးသူများ ၊ GCE ‘A’ level ၊ Diploma in Science အောင်မြင်ပြီးထားသူများသည်မလေးရှားနိုင်ငံAimst University ၏ Bachelor of Pharmacy (Hons)တန်းအတွက်MSI တွင် စတင်လျှောက်ထားနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ (၁၀)တန်း ၊ GCE ‘O’ level အောင်မြင်ထားပြီးသူများအနေဖြင့် Aimist University မှ Foundation in Scienceကိုတစ်နှစ်ကြာဦးစွာသင်ကြားရမည်ဖြစ်ပြီးအင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်မှာ - IELTS (5.5) ရှိထားရမည်ဖြစ်သည်။ Foundation တန်းအတွက် ကျောင်းဖွင့်ချိန်မှာ- ( မတ်လ ၊ မေလ ၊ ဇူလိုင်လ ) တို့ဖြစ်ပြီးဘွဲ့ဒီဂရီတန်းအတွက် ကျောင်းဖွင့်ချိန်မှာတစ်နှစ်လုံးတွင် (စက်တင်ဘာလ) တစ်ကြိမ်သာဖြစ်သည်။ ၄င်းဘာသာရပ်အတွက်ရေးဖြေစာမေးပွဲများ ၊ လက်တွေ့လုပ်ဆောင်ရခြင်းများ၊( Project work) အတွက် “Reports (or) Presentations”လုပ်ဆောင်ရခြင်းများ ပြုလုပ်ရပြီးတတိယနှစ် (Industrial Training )ကိုပုဂ္ဂလိကဆေးရုံ ၊ဆေးခန်းနှင့် သက်ဆိုင်သောနေရာဒေသများတွင် လက်တွေ့ လုပ်ဆောင်သင်ကြားရမည်ဖြစ်ပြီးနောက်ဆုံးနှစ်တွင် (Hospital Trianing) ဆေးကုသမှုနှင့်သက်ဆိုင်သော ၀န်ဆောင်မှုလုပ်ငန်း ၊ ဆေးဝါးဖော်စပ်ခြင်းတို့ကိုအဓိကလက်တွေ့လုပ်ဆောင်သင်ကြားရမည်ဖြစ်သည်။
Aimst University မှ Pharmacy ဘွဲ့ရထားပြီးသူများအတွက်အလုပ်အကိုင် အခွင့်အလမ်းမှာ- ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်စပ်သည့် ပုဂ္ဂလိကစီးပွားရေးဆိုင်ရာလုပ်ငန်းများ ၊ ဆေးရုံ ၊ ဆေးခန်းများ၊ အစိုးရဌာနများ၊ ဆေးဝါးဖော်စပ်ထုတ်လုပ်သည့် စက်ရုံများ၊ ပညာရေးနှင့်သက်ဆိုင်သည့် သုတေသနဆိုင်ရာစက်ရုံ ၊ တက္ကသိုလ်များ နှင့် ဆေးဝါးအသစ်ရှာဖွေရေးနှင့် သုတေသနပြုလုပ်ရသောClinical Research Organizations (CROs)ကဲ့သို့ ဌာနကြီးများတွင် ကျွမ်းကျင်စွာဖြင့် အလွယ်တကူဝင်ရောက်နိုင်မည့် အခွင့်အလမ်းများရရှိမှာ ဖြစ်သည်။အသေးစိတ်သိရှိလိုပါကMSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်း  အမှတ်(၂၃၄)၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၉-၄၀၂၆၀၈၁၆၇၊ ၀၉-၄၂၀၀၃၇၆၁၆၊ ၀၉-၅၁၀၃၉၁၅ သို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရသည်။ 

Comments

There are no comments

Posting comments after three months has been disabled.