Engineer ဘွဲ့ရကျောင်းသားများပညာသင်ထောက်ပံ့ကြေးစင်္ကာပူဒေါ်လာ (2500) ကို MSIျွှင်လျှောက်ထားနိုင်

Engineer ဘွဲ့ရကျောင်းသားများပညာသင်ထောက်ပံ့ကြေးစင်္ကာပူဒေါ်လာ (2500) ကို “Master Program” များအတွက် MSI တွင် လျှောက်ထားနိုင်

           
            Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုနှင့် စင်္ကာပူနိုင်ငံ MDIS တက္ကသိုလ်တို့ပူးပေါင်း၍ Engineering ဘွဲ့ရကျောင်းသားများအတွက် Master Program ပညာသင်ထောက်ပံ့ကြေး စင်္ကာပူဒေါ်လာ(2500) ပေးအပ်ချီးမြှင့်မည့် ပညာသင်ဆုများအကြောင်းဆွေးနွေးပွဲကို(၂၀၁၆) ခုနှစ် ဇန်န၀ါရီလ (၁၄) ရက် ၊ MSI Office တွင်နေ့လယ် (၂) နာရီမှ ညနေ(၄) အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှသိရသည်။
မြန်မာနိုင်ငံ မှ Engineering ဘွဲ့ရထားပြီးသူများအနေဖြင့် Master Program များစွာထဲကမှ “Master of Science Engineering Management” စီမံခန့်ခွဲမှုမဟာသိပံ္ပဘွဲ့ဒီဂရီကို“The Complete University Guide 2015 : University League Table 2015” ၏တိုင်းတာချက် အရအင်္ဂလန် နိုင်ငံတွင်Ranking 58thအဆင့်ရှိNorthumbria University (UK) မှ တိုက်ရိုက်ပေးအပ်ချီးမြှင့်မည့်  မာစတာဘွဲ့ကိုစင်္ကာပူနိုင်ငံရှိ MDIS တွင် တက်ရာက် ရယူနိုင်ပြီ ဖြစ်ကြောင်း ၊Northumbria University သည် The Complete University Guide 2016  ၏ တိုင်းတာချက်အရ Engineering ဘာသာရပ်များဖြစ်သည့် Electrical and Electronic ဘာသာရပ်တွင် Ranking အဆင့် (45 th), Mechanical Engineering ဘာသာရပ်တွင် Ranking အဆင့် (37 th)ှိကြောင်း၊ MSIနိုင်ငံခြားပညာရေး ၀န်ဆောင်မှုလုပ်ငန်း၏ တာဝန်ခံပုဂ္ဂိုလ်မဆွေဆွေမွန်ထံမှ သိရှိရသည်။
             MDIS ( The Management Development Institute of Singapore )ကို(၁၉၅၆) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးEdu Trust Certification (4 Years) ဆုကိုCouncil for Private Education (CPE) မှ ပေးအပ်ချီးမြှင့်ခြင်းခံရသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ “Business and Management, Engineering , Fashion Design, Information Technology, Health and Life Sciences, Mass Communations, Psychology and Travel, Tourism and Hospitality Management “ စသည့်ဘာသာရပ်များကိုပါတနာတက္ကသိုလ်များဖြစ်သည့်“Australia, France, United Kingdom , U.S.A”မှနိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီများကို MDIS တွင် တက်ေ၇ာက်ရယူ သင်ကြားနိုင်သည်။
           “Master of Science Engineering Management “ ဘာသာရပ်၏ Modules များကို Course work, Examinations, Projects များပြုလုပ်ရခြင်းတို့ ဖြင့် တည်ဆောက်ထားပြီးဝင်ခွင့်သတ်မှတ်ချက်မှာ -  မြန်မာနိုင်ငံမှ အသိအမှတ်ပြုဘွဲ့ဒီဂရီ(အနည်ဆုံး Second class honours degree)ကိုရရှိထားရမည်ဖြစ်ပြီးအင်္ဂလိပ်စာအရည်အချင်းသတ်မှတ်ချက်မှာ - IELTS (6.5) ရရှိထားရမည် ဖြစ်သည်။သင်တန်းကာလမှာ (၁၂) လသာကြာမြငိ့မည်ဖြစ်ပြီးစက်တင်ဘာလကျောင်းဖွင့်ချိန်အတွက် MSI တွင်လျှောက်ထားနိုင်မည်ဖြစ်သည်။တစ်နှစ်လုံးတွင် တစ်ကြိမ်သာကျောင်းဖွင့်ချိန်ရှိသောကြောင့် ယခုလမှစ၍ လာေေ၇ာက်လျှောက်ထားသင့်ကြောင်း ၊ MSI ကုမ္ပဏီသည် (၂၀၁၄)- (၂၀၁၅) ခုနှစ်အတွင်းပညာသင်ဆုအများဆုံးလျှောက်ထားပေးနေသာကုမ္ပဏီဖြစ်၍မြန်မာနိုင်ငံရှိ Engineer ဘွဲ့ရကျောင်းသားများအတွက် အထူးအသုံးဝင်သောဘာသာရပ်ဖြစ်သည့် ၄င်းဘာသာရပ်၏ ပညာသင်ထောက်ပံ့ကြေးကိုလာရောက်လျှောက်ထားနိုင်ကြောင်းMSI မှသိရှိရသည်။အလုပ်အကိုင် အခွင့်အလမ်းမှာ- MDIS တွင် ဘွဲ့ရပြီးသူများသည် (Graduating Classes 2014) ၏ စစ်တမ်းကောက်ယူမှု အရအလုပ်အကိုင်ရှာဖွေမှုတွင် ဘွဲ့ရပြီး (၆) လအတွင်းအလုပ်အကိုင်ရရှိမှုရာခိုင်နှုန်း (79.4 %) ထိရရှိမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါကMSIနိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်း  အမှတ်(၂၃၄)၊ ဒုတိယထပ်(ညာ)၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၉-၂၅၀၁၈၀၉၈၈၊ ၀၉-၄၂၀၀၃၇၆၁၆၊ ၀၉-၅၁၀၃၉၁၅သို့  ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရသည်။      

Comments

There are no comments

Posting comments after three months has been disabled.