“MSI” (၉)နှစ်ပြည့် ကုမ္ပဏီနှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် မလေးရှားနိုင်ငံသို့ လေ့လာရန် ခရီးစဉ်

မလေးရှားနိုင်ငံသို့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များကိုလေ့လာလိုသူများအတွက် အမေရိကန်ဒေါ်လာ(၄၇၈) သာကုန်ကျမည့် (Family, Education & Health Exposure) ဟူသောကုန်ကျစရိတ် အထူးသက်သာပြီးနိုဝင်ဘာလ (၁၄) ရက်နေ့မှ (၁ရ) ရက်နေ့ထိ (၃)ညအိပ် (၄)ရက် ခရီးစဉ့် “Malaysia Tour Package” ခရီးစဉ်သစ်ကြီးကို Myanmar Search International (MSI) မှ ကုမ္ပဏီသက်တမ်း (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စီစဉ်ထားကြောင်းMyanmar Search International (MSI)နိုင်ငံခြားပညာရေး ၀န်ဆောင်မှု မန်နေးဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။ 
၎င်းခရီးစဉ်သစ်သည် အကျိုးအမြတ်ကိုဦးတည်သည့် ခရီးစဉ် မဟုတ်ဘဲမြန်မာနိုင်ငံရှိမလေးရှားနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များကိုအမှန်တကယ် လေ့လာလိုသူများအတွက်သာစီစဉ်ထားသောကြောင့်Visa လျှောက်ထားခြင်း ၊ အသွားအပြန် လေယာဉ်လက်မှတ် ၀န်ဆောင်မှု၊ မလေးရှားနိုင်ငံအတွင်းသွားလာနေထိုင်စားသောက်စရိတ်များအပြီးအစီးMSI မှ စီစဉ်ပေးထားခြင်းဖြစ်သည်။ မလေးရှားနိုင်ငံရှိနိုင်ငံတကာအဆင့်မီ  Medical Centre ၊ Shopping Mall များ ၊ နိုင်ငံခြားသားများစွာလာရောက်လည့်ပတ်သည့် မလေးရှားနိုင်ငံ၏ အထင်ကရနေရာများ၊ ပညာရေးဆိုင်ရာနိုင်ငံတကာအသိမှတ်ပြု ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများ၊ထင်ရှားသောအပန်းဖြေနေရာများသို့ သွားရောက်လည်ပတ်မည့် ကောင်းမွန်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ ၄င်းခရီးစဉ်အတွက် လူဦးရေ (၁၀) ဦးသာကန့်သတ်ထားပြီး “ First Come, First Served” ဦးရာစနစ်ဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာတွင်လည်းဒုတိယအကြိမ် ထပ်မံစီစဉ်သွားမည်ဖြစ်ကြောင်းဒေါ်စုစုလှိုင်ထံမှသိရှိရသည်။
ကျန်းမာရေးဆေးကုသမှုနှုင့် Medical Check-Up ခံယူချင်သူများအတွက်လည်း MSI မှ စတင်စီစဉ်ပေးနေပြီ ဖြစ်ပြီး စိတ်ဝင်စားစွာလေ့လာလိုသူများအတွက် အသေးစိတ်စုံစမ်းဆွေးနွေးလိုလျှင် Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုရုံးခန်း အမှတ် (234) ဒုတိယထပ် (ညာ) ရွှေဘုံသာလမ်း (အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊၀၉-၅၁၀၃၉၁၅ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရသည်။

Comments

There are no comments

Posting comments after two weeks has been disabled.