KDU တက္ကသိုလ်(ပီနန်)၏ (၂၀၁၆)ခုနှစ် (၃၀%၊ ၅၀%၊ ၈၀%) ပညာသင်ဆုများကို MSI မှ လျှောက်ထားပေးနေပြီ။

KDU တက္ကသိုလ်(ပီနန်)၏ (၂၀၁၆)ခုနှစ် (၃၀%၊ ၅၀%၊ ၈၀%) ပညာသင်ဆုများကို

MSI မှ လျှောက်ထားပေးနေပြီ။

မလေးရှားနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သလိုခရီးသွားမြို့တော်လည်းဖြစ်သည့် Penang (ပီနန်) မြို့တွင် ဖွင့်လှစ်လျက်ရှိသော KDU တက္ကသိုလ်တွင် သင်ကြားနေသောဘာသာရပ်များအားလုံးကို (၂၀၁၆) ပညာသင်နှစ် အတွက် မြန်မာကျောင်း သား/ သူများအား (၃၀%၊ ၅၀%၊ ၈၀%) ပညာသင်ဆုများပေးအပ်နေပြီဖြစ်ကြောင်း၊ ပညာသင်ဆုလျှောက်ထားမည့်သူ များ သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်းသား/သူများ ဖြစ်ရမည်ဖြစ်ပြီး၊ International School မှ IGCSE ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသားများလည်း ၄င်း ပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း။ ၄င်းအပြင် A-Level အောင်မြင်ပြီးသူများနှင့် မြန်မာနိုင်ငံရှိတက္ကသိုလ်တက်ရောက်နေသူများပါ ထိုပညာသင်ဆုများကို လာရောက်လျှောက် ထား ခံစားခွင့် ရှိကြောင်းကို Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု မှ လျှောက်ထားပေးနေ ပြီ ဖြစ်ကြောင်း၊ ၄င်းတက္ကသိုလ်တွင် ကျောင်းတက်နေစဉ်ကာလအတွင်း အလုပ်သင်ကာလ (Internship Programmes)ပူးတွဲ ထည့်သွင်းထားသောကြောင့် “ပညာသင်ကြားနေရင်း လုပ်ငန်းခွင် အတွေ့အကြုံရယူနိုင်သော တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ကြောင်း” MSI မှ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်မှ သိရှိရသည်။

KDU (ပီနန်) တက္ကသိုလ်သည် (၁၉၉၁) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများ ဖြစ်သည့် “အင်္ဂလန်နိုင်ငံရှိ Northumbria University နှင့် Keele University၊ ဆွစ်ဇာလန်နိုင်ငံရှိ IMI University Centre”တို့ဖြင့် ချိတ်ဆက်ထားကာ KDU တက္ကသိုလ်တွင် ဘွဲ့ဒီဂရီပြီးဆုံးအောင် ပညာသင်ကြားပြီးပါက ထိုတက္ကသိုလ်ကြီးများမှ “တိုက်ရိုက်”ပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု “အင်္ဂလန်၊ဆွစ်ဇာလန်” ဘွဲ့ဒီဂရီများကို ရရှိမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်ထားနိုင်သော ဘာသာရပ်များမှာ “GCE A-Level, Business Management (Double Major) , Interior Design& Creative Media Design, Electrical & Electronic Engineering (Microelectronics, Mechatronics), Mechanical Engineering, English Programmes, Hospitality, Tourism & Culinary Arts, IT & Games Technology နှင့် Mass Communication & Public Relations”တို့ဖြစ်ကာ မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာန အဖွဲ့အစည်း လက်အောက်ရှိ Malaysia Qualification Agency (MQA) နှင့် နိုင်ငံတကာရှိကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီး များ၏ တရားဝင်အသိအမှတ်ပြုထားသောသင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးပြီး၂၀၁၀/၂၀၁၁ ခုနှစ် နှင့် ၂၀၁၂/၂၀၁၃ ခုနှစ် များတွင် Ministry of Education, Malaysia (MOE) မှ 5-star အဆင့်အဖြစ် သတ်မှတ်ခံရသောတက္ကသိုလ်ဖြစ်သည်။ ယခု (၂၀၁၅) ခုနှစ်တွင်လည်း ထပ်မံ၍ KDU(ပီနန်)သည် “ကောလိပ်အဆင့်မှ တက္ကသိုလ်ကောလိပ်အဆင့်” သို့ မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ တိုးမြှင့်သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း MSI မှသိရှိရသည်။

ပညာသင်ဆုလျှောက်ထားမည့် ကျောင်းသား/သူများအတွက် ၂၀၁၆ ခုနှစ် ကျောင်းဖွင့်ချိန်များမှာ - “ဒီပလိုမာတန်းအတွက်” ဇန်န၀ါရီ၊ မတ်၊ မေ၊ ဇူလိုင်နှင့် သြဂုတ်လတို့ဖြစ်၍၊ “ဘွဲ့ဒီဂရီတန်း” အတွက် ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ ဇွန်၊ ဇူလိုင်၊ စက်တင်ဘာနှင့် အောက်တိုဘာလ တို့ဖြစ်သည်။ မလေးရှားနိုင်ငံတွင် သွားရောက်ပညာသင်ကြား လိုလျှင် ကျောင်းသား ဗီဇာ လျှောက်ထားရန်အတွက် ကြာမြင့်ချိန်မှာ (၂လ မှ ၃လ) ၀န်းကျင်ဖြစ်သောကြောင့် ကျောင်းဖွင့်ချိန်မတိုင်မီ (၃လ) အလိုတွင် ကျောင်းလျှောက်ထားရန် လိုအပ်ပါကြောင်း။KDU တက္ကသိုလ်မှ ပေးအပ်လျက်ရှိသော ပညာသင်ဆုများ အကြောင်း နှင့် ကုန်ကျမည့် ကျောင်းလခ အသေးစိတ်များ မေးမြန်းရန် နှင့် ကျောင်းလျှောက်ရန်အတွက် သတ်မှတ်ထားသည့် လိုအပ်ချက်များအကြောင်းကို သိရှိလိုပါက Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန်ဆောင်မှု အမှတ် (၂၃၄) ၊ ဒုတိယထပ်(ညာ) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅၊ ၀၉-၂၅၀၁၈၀၉၈၈ သို့ ဆက်သွယ်လာရောက် လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။
 
၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဂုဏ်ထူးရ တက္ကသိုလ်ဝင်တန်း အောင်ကျောင်းသား/သူများ နှင့် မြန်မာနိုင်ငံမှ ထူးချွန် IGCSE ကျောင်းသားများ စုစုပေါင်း ဦးရေ (၂၀) ၀န်းကျင် မှာ ( ၃၀%၊ ၅၀%၊ ၇၀%၊ ၈၀%) ပညာသင်ဆုများဖြင့် တက်ရောက် သင်ကြားလျက်ရှိကြောင်း MSI မှ သိရှိရပြီး ၄င်းကျောင်းသားများ အားလုံးကိုလည်း Myanmar Search International (MSI) မှ အစအဆုံး တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
 
 

Comments

There are no comments

Posting comments after three months has been disabled.