Webster တက္ကသိုလ်၏ ဘွဲ့ဒီဂရီတန်း (၅၀%) နှင့် MBA (၃၀%) ပညာသင်ဆုပေးအပ်ဆွေးနွေးပွဲကို MSI မှ ကျင်းပမည်

SAT နှင့် မည်သည့် Foundation တန်းမှ မလိုအပ်သော အမေရိကန် Webster တက္ကသိုလ်၏ ဘွဲ့ဒီဂရီတန်း (၅၀ %) နှင့်
MBA (၃၀ %) ပညာသင်ဆုပေးအပ်ဆွေးနွေးပွဲကို MSI မှ ကျင်းပမည်။
 

နိုင်ငံတကာပညာရေးလောကတွင်သာမက မြန်မာ့ပညာရေးလောကတွင် ရေပန်းစားနေသော MBA (Master of Business Administration) အတွက် ထိုင်းနိုင်ငံရှိ အမေရိကန်ကျောင်းခွဲဖြစ်သော Webster တက္ကသိုလ်တွင် အနည်းဆုံး (၃၀%) ပညာသင်ဆုဖြင့် စတင်တက်ရောက်နိုင်ပြီဖြစ်ကြောင်းနှင့် ဘွဲ့ဒီဂရီတန်းအတွက် (၅၀%) ပညာသင်ဆုများကိုပါ (၂၀၁၆) ခုနှစ်၊ ဇန်န၀ါရီလ ကျောင်းဖွင့်ချိန်အတွက် ပေးအပ်မည်ဖြစ်ကြောင်း Myanmar Search International (MSI) မှ သိရှိရသည်။
ယခုလက်ရှိတွင် Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ ဘွဲ့ဒီဂရီတန်းနှင့် ဘွဲ့လွန် (Master) တန်းများအတွက် ပညာသင်ဆုရကျောင်းသား၊ ကျောင်းသူဦးရေအများဆုံး မွေးထုတ်ပေးလျက်ရှိကြောင်း MSI ၏ မန်နေဂျင်း ဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။ ၎င်းပညာသင်ဆုဆွေးနွေး ပေးအပ်ပွဲကို (၂၀၁၅) ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်တွင် Sule Shangri-La Hotel ရှိ ပင်းယခန်းမ၌ မွန်းလွဲ (၁) နာရီမှ ညနေ (၃) နာရီအထိ ပြုလုပ်ကျင်းပမည်ကာ တာဝန်ရှိပုဂ္ဂိုလ် Ms. Jaswani (International Enrollment Manager) က ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်ကြောင်း၊ IGCSE/ GCE A-Level၊ IB Diploma၊ မြန်မာနိုင်ငံမှ (၁၀) တန်းအောင်မြင်ပြီးသူများ၊ အစိုးရနှင့် ပုဂ္ဂလိကသင်တန်းကျောင်းနှင့် တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသားများ “အခမဲ့” လာရောက်ဆွေးနွေးလျှောက်ထားနိုင်ကြောင်း ထပ်မံသိရှိရသည်။
 
Webster တက္ကသိုလ်တွင် ဘွဲ့ဒီဂရီတန်းများ၏ဘာသာရပ်များအဖြစ် Business Administration Management၊ Management with emphasis in Human Resource Management/ Marketing/ International Business၊ Media Communications၊ Advertising & Marketing Communications၊ Computer Science၊ Animation၊ International Relations နှင့် Psychology များကို (၄) နှစ်ကြာတက်ရောက်နိုင်ပြီး ဘွဲ့လွန်တန်းများအဖြစ် Master of Business Administration (MBA)၊ MBA with emphasis in Finance/ Marketing/ Human Resource/ Information Techonology၊ International Relations နှင့် Media Communication များကို အနည်းဆုံးတစ်နှစ်ကြာ တက်ရောက်နိုင်သည်။ Webster တက္ကသိုလ်သည် (၁၉၁၅) ခုနှစ်တွင် အမေရိကန်နိုင်ငံ St. Louis, Missouri ၌ စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ Campus သည်လည်း အရှေ့တောင်အာရှ၏ ပထမဆုံးသော Main Campus ဖြစ်သည်။ ထို့ပြင် ကမ္ဘာတစ်ဝှမ်းတွင်လည်း နိုင်ငံတကာ Campus ပေါင်း (၁၀) ခုရှိသည့်အတွက် မိမိတက်ရောက်လိုသည့်နိုင်ငံသို့ “Study Abroad Program” အဖြစ် “ထိုင်းဘတ်ငွေကျောင်းလခ” ဖြင့် မိမိသွားရောက်လိုသည့်နိုင်ငံသို့ ပညာသင်နှစ်တစ်နှစ်စာ ပြောင်းရွှေ့တက်ရောက် နိုင်သည်။ Campus (၉) ခု၏တည်နေရာများမှာ -  အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ဆွစ်ဇလန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ သြစတီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ဖြစ်သည်။
 
ထို့ကဲ့သို့ Webster တက္ကသိုလ်မှ ပေးအပ်လျက်ရှိသော ပညာသင်ဆုများ၊ Study Abroad Program အကြောင်းများ၊ ပညာသင်ဆုလျှောက်ထားရာတွင် လိုအပ်သည့် ပညာအရည်အချင်းများနှင့် ဆွေးနွေးပွဲသို့ တက်ရောက် လိုသော ကျောင်းသား၊ ကျောင်းသူများသည် MSI ၏ရုံးဖုန်း - ၀၁-၂၅၀၉၂၉၊ ၀၉-၄၂၀၀၃၇၆၁၆ နှင့် ၀၉-၅၁၀၃၉၁၅ သို့ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးပွဲသို့ လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ သက်ဆိုင်ရာ ပညာရေးစာရွက်စာတမ်းများ၊ လက်မှတ်များကို တစ်ပါတည်းယူဆောင်စေလိုကြောင်း MSI မှသိရှိရသည်။

Comments

There are no comments

Posting comments after three months has been disabled.