MSI နှင့် PSB Academy တို့ပူးပေါင်း၍ Computer Science ဘာသာရပ်အတွက် Study Grant စင်ကာပူဒေါ်လာ (၁၀၀၀)

MSI နှင့် PSB Academy တို့ပူးပေါင်း၍ Computer Science ဘာသာရပ်အတွက် Study Grant စင်ကာပူဒေါ်လာ (၁၀၀၀) ချီးမြှင့်ဆွေးနွေးပွဲကျင်းပမည်။

 
 
စင်ကာပူနိုင်ငံရှိနာမည်ကြီးပုဂ္ဂလိကကျောင်းတစ်ခုဖြစ်သောPSB Academy နှင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်း၍အင်္ဂလန်နိုင်ငံ၏ နာမည်ကြီးတက္ကသိုလ် ဖြစ်သောConventry University မှ Computer Science ဘာသာရပ်အတွက် Study Grant စင်ကာပူဒေါ်လာ (၁၀၀၀) ချီးမြှင့်ဆွေးနွေးပွဲတစ်ခုကို MSI ရုံးခန်းဖြစ်သောအမှတ် (၂၃၄) ၊ ဒုတိယထပ်(ညာ) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်) ၊ ပန်းပဲတန်း မြို့နယ်၌ (၂၀၁၅) ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်တွင် ညနေ (၄) နာရီခွဲမှ (၆) နာရီခွဲအထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Myanmar Search International (MSI) ၏ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။
PSB Academy သည် စင်ကာပူအစိုးရ၏ အသိအမှတ်ပြု (၄) နှစ် သက်တမ်းရှိEdu-Trust ကိုလက်ခံရရှိထားသည့်အပြင် သြစတြေးလျနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့မှ “Top 10” စာရင်းဝင်တက္ကသိုလ်များနှင့်အဓိကပူးပေါင်းထားသောတက္ကသိုလ်ဖြစ်သည်။ PSB Academy တွင် English Language/ Accounting & Finance/ Business & Communications/ Engineering & Technology/ Hospitality & Tourism ဆိုင်ရာဘာသာရပ်များစွာကို The University of Newcastle/ University of Wollongong/ Edinburgh Napier University/ University of London နှင့် Loughborough Universityတို့မှပေးအပ်သောဘွဲ့ဒီဂရီများကိုရရှိနိုင်သည်။ အဆိုပါပွဲတွင် PSB Academy ၌ လက်ရှိသင်ကြားပို့ချပေးနေသောဘာသာရပ်များ၊ ကျောင်းဝင်ခွင့်အတွက် လိုအပ်ချက်များ၊ပေးအပ်လျက်ရှိသော နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ဒီဂရီများ၊ ချိတ်ဆက်ထားသောအင်္ဂလန်နှင့်သြစတြေးလျတို့မှတက္ကသိုလ်များအကြောင်းကို PSB Academy မှ တာဝန်ရှိသူကိုယ်တိုင်လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရသည်။
ထိုပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လိုသောကျောင်းသား၊ ကျောင်းသူများသည် MSI ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၃၈၉၉၁၅၊ ၀၁-၂၉၀၉၂၉ ၊၀၉-၅၁၀၃၉၁၅၊ MSI ၏ Facebook Account ဖြစ်သော Myanmar Search International နှင့် MSI ၏ website ဖြစ်သောwww.msieducation.comသို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီးပွဲကျင်းပမည့်ရက်တွင် မိမိ၏ပညာရေးဆိုင်ရာစာရွက်စာတမ်းများနှင့်တကွ လာရောက်ဆွေးနွေးနိုင်ကြောင်း MSI မှ ထပ်မံသိရှိရသည်။

Comments

There are no comments

Posting comments after three months has been disabled.