MSI မှ ကနေဒါနိုင်ငံ တက္ကသိုလ် Foundation တန်း၏ ပညာသင်ဆုဆွေးနွေးပွဲကိုရန်ကုန်၊မန္တလေးမြို့တွင်ကျင်းပ

MSI မှ ကနေဒါနိုင်ငံ တက္ကသိုလ် Foundation တန်း၏ ပညာသင်ဆုဆွေးနွေးပေးအပ်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အောင်မြင်စွာကျင်းပပြီးစီး။

                                            
Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုနှင့် မလေးရှားနိုင်ငံ အစိုးရပညာရေး ၀န်ကြီးဌာန၏ “Excellent Award” ဆုကို အသိအမှတ်ပြုလက်ခံရရှိထားသော Subang Jaya မြို့ရှိ Taylor’s တက္ကသိုလ်တို့ ပူးပေါင်း၍ ကနေဒါနိုင်ငံ တက္ကသိုလ်အကြို Foundation တန်းအတွက် ပညာသင်ဆုဆွေးနွေးပေးအပ်ပွဲနှင့် ၎င်းတက္ကသိုလ်တွင် သင်ကြားနေသော Medicine၊ Engineering၊ Architecture၊ Business၊ Hospitality, Tourism & Culinary Arts၊  Communication၊ Design၊ Computing & IT၊ Biosciences၊ Pharmacy၊ Law နှင့် Education၊ American Degree Transfer Program (ADP) နှင့် Intensive English Program (IEN) ဘာသာရပ်များအကြောင်းကို (၂၀၁၅) ခုနှစ် စက်တင်ဘာလ (၅) ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ပာိုတယ်၊ ပတ္တမြား Meeting  Room (3) ၌ နေ့လယ် (၁) နာရီမှ (၃) နာရီထိ လည်းကောင်း၊ စက်တင်ဘာလ (၆) ရက်နေ့တွင် မန္တလေးမြို့ရှိ Hotel Mandalay၊ စံပယ်ဖြူခန်းမ၌ နေ့လယ် (၁) နာရီမှ (၃) နာရီထိ လည်းကောင်း အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
 
 ထိုဆွေးနွေးပွဲသို့ ပညာသင်ဆုကို စိတ်ဝင်စားကြသော International School များတွင် ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ် ၀င်တန်းနှင့် IGCSE ဖြေဆိုအောင်မြင်ပြီးသူများ၊ အစိုးရတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ၊ International School များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း MSI မှ သိရှိရသည်။
 
ထိုဆွေးနွေးပွဲတွင် ကနေဒါနိုင်ငံ တက္ကသိုလ်အကြို Foundation တန်း၏ Canadian Pre University (CPU) အတွက် အထူးအစီအစဉ်အဖြစ် (၁၀) တန်းအောင်မြင်ပြီးသော ကျောင်းသားများ၊ IGCSE အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ အများအပြား ပညာသင်ဆု လာရောက်လျှောက်ထားခဲ့ကြောင်း၊ ကျောင်းသားတစ်ဦးစီလျှင် ပညာသင်ဆု ရရှိငွေ မလေးရှားငွေ (RM 5000) ပေးအပ်ခဲ့ကြောင်း၊ ထိုပညာသင်ဆုကို အောက်တိုဘာလကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင်သော ကျောင်းသားဦးရေမှာ (၅) ဦးသာဖြစ်ကြောင်းနှင့် Myanmar Search International (MSI) တွင် လာရောက်လျှောက်ထားသည့်သူများသာ ၎င်းပညာသင်ဆုကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်းကို Taylor’s တက္ကသိုလ်မှ တာဝန်ရှိသူ Ms. Natasyia မှ ရှင်းလင်းပြောကြားခဲ့သည်။
 
ပညာသင်ဆုများအကြောင်းနှင့် ကျောင်းလျှောက်ရာတွင် လိုအပ်မည့်အချက်အလက်များအပြင်  အသေးစိတ် သိရှိလိုပါက MSI ဖုန်းနံပါတ်ဖြစ်သော ၀၁-၂၅၀၉၂၉၊ ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်သလို ရုံးခန်းလိပ်စာဖြစ်သော အမှတ် (၂၃၄) ၊ ဒုတိယထပ် (ညာ) ၊ ရွှေဘုံသာ အလယ်လမ်း ၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်လာရောက် ဆက်သွယ်စုံစမ်းနိုင်သည်။ သို့ရာတွင် မိမိ၏ ပညာအရည်အချင်းမှတ်တမ်းများပါ တစ်ပါတည်း ယူဆောင်လာစေလိုကြောင်း MSI မှ သိရှိရသည်။ Taylor’s တက္ကသိုလ်ရှိ ကနေဒါနိုင်ငံ တက္ကသိုလ်အကြို Foundation (CPU) အပြင် အင်္ဂလန်နိုင်ငံ Cambridge A-Level၊ သြစတြေးလျနိုင်ငံ South Australian Matriculation (SAM)၊ International Baccalaureate Diploma Programme (IBDP) Program များကို မြန်မာနိုင်ငံမှ (၁၀) တန်းအောင်၊ IGCSES ကျောင်းသားများ အများဆုံးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ထပ်မံသိရှိရသည်။

Comments

There are no comments

Posting comments after three months has been disabled.