Taylor’s တက္ကသိုလ်၏ တက္ကသိုလ်အကြိုတန်းပညာသင်ထောက်ပံ့ကြေးများကို MSI မှ လျှောက်ထားပေးနေပြီ

Taylor’s တက္ကသိုလ်၏ တက္ကသိုလ်အကြိုတန်းပညာသင်ထောက်ပံ့ကြေးများကို MSI မှ လျှောက်ထားပေးနေပြီ

မလေးရှားနိုင်ငံ Subang Jaya မြို့တွင် ဖွင့်လှစ်လျက်ရှိသော နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီတန်းများနှင့် ဘွဲ့လွန်တန်းများကို သင်ကြားပေးနေသည့် Taylor’s တက္ကသိုလ်တွင် တက္ကသိုလ်အကြိုတန်းဖြစ်သော Pre-University တန်းများဖြစ်သည့် Canadian Pre-Univeristy (CPU)၊ Cambridge A Level၊ International Baccalaureate Diploma Programme (IBDP) နှင့် South Australian Matriculation (SAM) တို့အတွက် “မလေးရှား RM (၂၅၀၀၀) ကို ပညာသင်ထောက်ပံ့ကြေးအဖြစ် ပေးအပ်နေပြီဖြစ်ပြီး ထိုပညာသင်ထောက်ပံ့ကြေးသည် ကျောင်းသား (၅) ဦးအတွက်သာ” ဖြစ်ကြောင်း၊ သို့ရာတွင် “CPU တန်းအတွက် နောက်ဆုံးလျှောက်လွှာတင်ရမည့်ရက်မှာ စက်တင်ဘာလ (၃) ရက်နေ့” ဖြစ်ပြီး “ကျန် Pre-Unversity တန်းများအတွက် (၂၀၁၅) ခုနှစ်အတွင်းတွင် လျှောက်ထားရမည်” ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။
Taylor’s တက္ကသိုလ်တွင် သင်ကြားပေးလျက်ရှိသော Pre-University Program များသည် အင်္ဂလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကနေဒါနိုင်ငံနှင့် ဆွစ်ဇလန်နိုင်ငံများ၏အဆင့်မြင့်ပညာရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုခံထား ရသည့်အပြင် နိုင်ငံတကာရှိ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ အသိအမှတ်ပြုခြင်းခံထားရသောကြောင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များသို့လည်း ကျောင်းဝင်ခွင့်လွယ်ကူကြောင်း၊ Pre-University Course တွင် Science၊ Humanity ဘာသာရပ် များနှင့် စီးပွားရေးဘာသာရပ်များစသည်ဖြင့် ဘာသာရပ်မျိုးစုံကို မိမိစိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်ပြီး ဘာသာရပ် ရွေးချယ်ရာတွင် MSI ၏ Career Test ကိုဖြေဆိုခြင်းဖြင့် ဘာသာရပ်ရွေးချယ်မှုမှန်ကန်စေရန် MSI မှ အခမဲ့စီစဉ်ဆောင်ရွက် အကြံပေးလျက်ရှိကြောင်း၊ ထို Pre-University Course ပြီးသည့်အခါ မိမိ၏ social communication ကောင်းလာပြီး Taylor’s ရှိ Academic Counselor များ၏အကူအညီဖြင့် မိမိတက်ချင်သည့် ဘာသာရပ်နှင့် တက္ကသိုလ်များကိုလျှောက်ထား နိုင်ကြောင်း၊ ထို့ပြင် တစ်လလျှင်တစ်ကြိမ် “Mentorship Meeting” လုပ်ပေးပြီး တက္ကသိုလ်တက်နိုင်ရန်အတွက် ပြင်ဆင်မှု များပြုလုပ်ပေးသေးကြောင်း ဒေါ်စုစုလှိုင်ထံမှ ထပ်မံသိရှိရသည်။
Taylor’s တက္ကသိုလ်သည် (၁၉၆၉) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ပုဂ္ဂလိကပညာရေးလောကတွင် (၄၆) နှစ်တိုင်တိုင် ထိပ်ဆုံးအဆင့်ဖြင့်ရပ်တည်လျက်ရှိသည်။ Business နှင့်သက်ဆိုင်သောဘာသာရပ်များ၊ IT & Computing/ Engineering/ Hospitality and Tourism/ Culinary Arts/ Medical/ Biosciences/ Law/ Education နှင့် ADP (American Degree Transfer Program) ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကာ ၄င်းဘာသာရပ်များထဲတွင် ပာိုတယ် နှင့်ခရီးသွားလာမှုဘာသာရပ် (Tourism & Hospitality) တွင် “Tire 6” Outstanding Award ကိုရရှိထားကြောင်း၊ “နိုင်ငံတကာမှ အသိအမှတ်ပြုချီးမြှင့်ဆုတံဆိပ်ပေါင်း (၅၀) ကျော်ရရှိ” ထားကြောင်းနှင့် “(၂၀၁၅) ခုနှစ်တွင် QS Global Rankings ၌ ပထမဆုံးစာရင်းသွင်းအသိအမှတ်ပြုခံရသော ပုဂ္ဂလိကတက္ကသိုလ်ဖြစ်ကာ အာရှတွင် အဆင့် ၂၀၀ မှ ၂၅၀ အတွင်း သတ်မှတ်ခံရကြောင်း” လည်း သိရှိရသည်။
Taylor’s မှ ပေးအပ်သောပညာသင်ဆုများအကြောင်း၊ သင်ကြားလျက်ရှိသော ဘာသာရပ်များ၊ ကျောင်းဝင်ခွင့် ရရန်နှင့် ပညာသင်ထောက်ပံ့ကြေးလျှောက်ထားရန်အတွက် လိုအပ်ချက်များ၊ ပြင်ဆင်မှုများအကြောင်းကို အသေးစိတ် သိရှိလိုပါက (၂၀၁၅) ခုနှစ် စက်တင်ဘာလ (၅) ရက်တွင် ရန်ကုန်မြို့ရှိ Park Royal ပာိုတယ်၊ ပတ္တမြား Meeting  Room (3) ၌ နေ့လယ် (၁) နာရီမှ (၃) နာရီထိလည်းကောင်း၊ (၂၀၁၅) ခုနှစ် စက်တင်ဘာလ (၆) ရက်တွင် မန္တလေးမြို့ရှိ Hotel Mandalay၊ စံပယ်ဖြူခန်းမ၌ နေ့လယ် (၁) နာရီမှ (၃) နာရီထိ လည်းကောင်း ကျင်းပမည့် “Taylor’s ပညာရေးဆွေးနွေးပွဲ”သို့ လာရောက်ဆွေးနွေးနိုင်ကြောင်း MSI မှ သိရှိရသည်။   

Comments

There are no comments

Posting comments after three months has been disabled.