Latest News
Mechatronics ကို စိတ်ဝင်စားသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် KDU (ပီနန်) မှပညာသင်ဆု (၈၀)
ရာခိုင်နှုန်းကို MSI တွင် လျှောက်ထားနိုင်ပြီ။
မလေးရှားနိုင်ငံ၏ ပီနန်မြို့ရှိ KDU (ပီနန်) ကောလိပ်တွင် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအတွက် ကမ္ဘာ့အသိအမှတ်ပြုဘွဲ့ကြိုတန်းများ၊ ဘွဲ့လွန်တန်းများကို ဘာသာပေါင်းများစွာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် Diploma in Electrical & Electronic Engineering (Mechatronics) ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်မှသိရှိရသည်။
Mechatronics ဘာသာရပ်သည် mechanical engineering၊ electrical engineering၊ telecommunications engineering၊ control engineering နှင့် computer engineering ဘာသာရပ်များကို ပေါင်းစုထားသော ဘာသာရပ်တစ်ခု ဖြစ်သောကြောင့် ထိုဒီပလိုမာတန်းတွင် လျှပ်စစ်နှင့် သက်ဆိုင်သည့်အကြောင်းအရာများ၊ အင်ဂျင်နီယာပိုင်းနှင့် သက်ဆိုင်သောစက်ပစ္စည်းများ၊ Mechatronics စနစ်များအကြောင်း၊ လေဖိအား၊ ရေအားများအကြောင်း၊ ကွန်ပျူတာ အခြေခံဒီဇိုင်းများနှင့် စက်ပစ္စည်းဆိုင်ရာနည်းပညာရပ်များကို သင်ကြားရမည်ဖြစ်ကာ ကာလအားဖြင့် (၂) နှစ်ခွဲ ကြာမြင့်မည် ဖြစ်သည်။ ဒီပလိုမာတန်းပြီးဆုံးပါက အင်ဂျင်နီယာ နယ်ပယ်အတွင်းရှိ သုတေသနလုပ်ငန်းများ၊ ဒီဇိုင်းနှင့်ကုန်ထုတ်လုပ်မှု များ၊ နည်းပညာဆိုင်ရာစီမံခန့်ခွဲမှုများနှင့် marketing ပိုင်းများတွင် လွယ်ကူစွာ ၀င်ရောက် လုပ်ကိုင်နိုင်သလို ဘွဲ့ဒီဂရီတန်း အထိဆက်လက်သင်ယူလိုသူများအနေဖြင့် KDU တက္ကသိုလ်ကောလိပ်တွင် Bachelor of Engineering (Hons) – Electrical & Electronic Engineering/ Electronic Engineering (Communication & Network) (သို့မဟုတ်) အင်္ဂလန်နိုင်ငံ၏ Northumbriaတက္ကသိုလ်မှ ချီးမြှင့်ပေးအပ်မည့် 3+0 Bachelor of Engineering (Hons) Electrical & Electronic Engineering နှင့် 3+0 Bachelor of Engineering (Hons) Mechatronic Engineering ကို KDU တက္ကသိုလ် ကောလိပ်တွင် ပညာသင်နှစ် “သုံးနှစ်တာလုံး” တက်ရောက်ရန်မလိုဘဲ “ဒုတိယနှစ်”မှ စတင်တက်ရောက်နိုင်ပြီဖြစ်သည်။ ထို့ပြင် အင်ဂျင်နီယာဘာသာရပ်ဖြစ်သောကြောငု့် စာတွေ့တင်သာမဟုတ်ဘဲ လက်တွေ့ဖြစ်သည့် “Internship” များလည်း ပါဝင်မည်ဖြစ်ကာ အချိန်ကာလအားဖြင့် (၃) လမှ (၁) နှစ်အတွင်းကြာမြင့်မည်ဖြစ်ကြောင်း MSI မှ ထပ်မံသိရှိရသည်။
ထိုဘာသာရပ်ကို စိတ်ဝင်စားသောကျောင်းသား၊ ကျောင်းသူများသည် အနည်းဆုံးတက္ကသိုလ်ဝင်စာမေးပွဲ (သို့မဟုတ်) IGCSE စာမေးပွဲကို အောင်မြင်ရမည်ဖြစ်ကာ “သချာင်္၊ အင်္ဂလိပ်နှင့် ရူပဗေဒဘာသာရပ်များ”တွင် ရမှတ် ကောင်းကောင်းရထားရန် လိုအပ်ကြောင်း MSI မှ သိရှိရသည်။ ထိုဒီပလိုမာတန်းအတွက် ပညာသင်ဆုများလည်း ပေးအပ် လျက်ရှိရာ ပညာသင်ဆုများကို စိတ်ဝင်စား သော ကျောင်းသား၊ ကျောင်းသူများသည် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ၀န်ဆောင်မှု အမှတ် (၂၃၄) ၊ ဒုတိယထပ်(ညာ) ၊ ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် - ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ သို့ လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း ဆက်သွယ်လျှောက်ထားနိုင်ကြောင်းသိရှိရသည်။
Comments
There are no comments