အင်ဂျင်နီယာဘာသာရပ်တွင်Tire 5 ExcellentဆုရထားသောCurtin တွင် Chemical Engineeringဘာသာရပ်ကိုသင်ယူနိင်

                    အနောက်သြစတြေးလျနိုင်ငံတွင် အကြီးမားဆုံးတက္ကသိုလ်ဖြစ်သော Perth မြို့ရှိ Curtin တက္ကသိုလ်၏ အဓိကပင်မကျောင်းခွဲ ဖြစ်သောမလေးရှားနိုင်ငံSarawaka ပြည်နယ်ရှိ Curtin Sarawakaသည် Engineering ဘာသာရပ်တွင် Tire 5 Excellent Award ကိုမလေးရှားနိုင်ငံအဆင့်မြင့် ပညာရေးဝန်ကြီးဌာန၏ စစ်ဆေးဆုံးဖြတ်မှုဖြင့် တရားဝင်အသိအမှတ်ပြုခံထားရသောတက္ကသိုလ်ဖြစ်ကြောင်း၊ ၄င်းတက္ကသိုလ်တွင် မြန်မာနိုင်ငံ မှကျောင်းသားများအင်ဂျင်နီယာဘာသာရပ်ကိုအများဆုံးသင်ယူလျက်ရှိကြောင်း၊ ယခုလက်ရှိ (၅၀%) ပညာသင်ဆုခံစားခွင့်ဖြင့် တက်ရောက်လျက်ရှိသော မြန်မာကျောင်းသား ၂ဦးရှိကြောင်း၊ ၄င်း ၂ ဦးမှာ Chemical Engineering ဘာသာရပ်ကိုသင်ယူလျက်ရှိကြောင်း Myanmar Search International (MSI) ၏ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။
                  Curtin Sarawakaသည် Sarawaka ပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်ဖြင့် ၁၅ နှစ်တိုင်ကြာမြင့်ခဲ့ပြီး Engineering ဘာသာရပ်အပြင် စီးပွားရေး၊ စီမံခန့်ခွဲ၊ စာရင်းအင်း၊ အုပ်ချုပ်မှု၊ ဘဏ္ဍာရေးစသည့်ဘာသာရပ်များကိုပါ သင်ကြားပေးလျက်ရှိသည်။ ဘာသာရပ်များကို Foundation Level မှ Master Level အထိသင်ကြားနိုင်ပြီးPh.D Level ဖြစ်သော Doctor of Philosophy ပါ သင်ယူနိုင်သည်။သင်ကြားနေသော Engineering ဘာသာရပ်များမှာ Chemical/ Civil and Construction/ Computer Systems/ Electrical Power/ Electronic and Communication/ Environmental/ Mechanical/ Mechatronic/ Petroleum တို့ဖြစ်ပြီး Applied Geology နှင့် Computer Systems and Networking ဘာသာရပ်တို့ဖြစ်သည်။ထို့အပြင် Mass Communication နှင့် Public Relations and Management/ Tourism, Hospitality and Marketing ဘာသာရပ်များကိုသင်ယူနိုင်သည်။ ထူးခြားချက်အနေဖြင့် စီးပွားရေးဘာသာရပ်များကို Double မေဂျာဖြင့် ပူးတွဲသင်ယူနိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိနိုင်သည်။
             ထို့အပြင် ထပ်မံ၍ Tire 5 Excellent Award (Overall) ကိုလဲ SETARA အဖွဲ့အစည်းမှ ရရှိခဲ့ပြီး Chemical Engineering ဘာသာရပ်တွင် EAUST &IChemEအဖွဲ့အစည်းမှလည်းအသိအမှတ်ပြုခံထားရသည်။ ထိုဘာသာရပ်ဖြင့် World Ranking Top 100 ထဲတွင် ပါဝင်စာရင်းသွင်းခံရပြီး အလုပ်သင်ကာလတွင် ကျောင်းသားကျောင်းသူများအလုပ်ရှာဖွေမှုလွယ်ကူစေရန် နာမည်ကြီးကုမ္ပဏီများစွာဖြင့် ချိတ်ဆက်ထားသောတက္ကသိုလ်ဖြစ်သည်။
Chemical Engineering ကိုတက်ရောက်လိုသူများအနေဖြင့် အဓိကသင်ကြားရမည့်ဘာသာရပ်မှာ - Mathematics (Calculus), Chemistry, Physics နှင့် Thermodynamics တို့ဖြစ်သည်။ Chemical Engineering ဆိုသည်မှာဓာတုဗေဒကိုအခြေခံထားသောဘာသာရပ်တစ်ခုဖြစ်သည်။အင်ဂျင်နီယာဘာသာရပ်မှ ခွဲထွက်လာသောဘာသာရပ်တစ်ခုဖြစ်၍အရာဝတ္တုများ၏ဒီဇိုင်း၊ တည်ဆောက်ပုံနှင့် စက်ပစ္စည်းတွေ၊Chemical Engineering မှာဓာတုဗေဒကိုအခြေခံသောဘာသာရပ်တစ်ခုဖြစ်ပါတယ်။  အင်ဂျင်နီယာဘာသာရပ်မှ ခွဲထွက်လာသည့်ဘာသာရပ်တစ်ခုဖြစ်ပြီး အရာဝတ္တုများ၏ဒီဇိုင်း၊ တည်ဆောက်ပုံ နှင့် စက်ပစ္စည်းများ၊ အပင်များမှဖြစ်ပေါ်လာသောဓာတုတုံ့ပြန်မှုများကိုအသုံးချပြီး လက်တွေ့တွင် ဖြစ်ပေါ်နေသောပြဿနာများကိုဖြေရှင်းပေးခြင်းဖြစ်သည်။ ထို့အပြင် ပစ္စည်းသစ်များထုတ်လုပ်နိုင်သည့်ဘာသာရပ်လည်းဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင်ရှိသောပုဂ္ဂလိကကျောင်းများတွင် Chemical Engineering ဘာသာရပ်ကိုသင်ကြားခြင်းမရှိသော်လဲမလေးရှားနိုင်ငံတွင် Chemical Engineering ကိုဘာသာရပ်တခုအနေဖြင့် သင်ကြားလျက်ရှိနေသည်ကိုတွေ့ရသည်။Myanmar Search International (MSI)နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ မန်နေဂျင်းဒါရိုက်တာဒေါ်စုစုလှိုင်မှ ပြောကြားရာတွင် “မြန်မာနိုင်ငံမှာကတော့ Chemical Engineering ဘာသာရပ်ကိုဘွဲ့တစ်ခုအနေနဲ့ အထူးပြုပေးထားတာတော့ မရှိသေးဘူးလို့သိရတယ်။  အင်ဂျင်နီယာဘာသာရပ်ကိုအထူးပြုတဲ့ကျောင်းတိုင်းမှာ Chemical Engineering ရှိပါတယ်။ နိုင်ငံတကာကတက္ကသိုလ်ကျောင်းတွေမှာတော့ Chemical Engineering ဘာသာရပ်ကတခြားဘာသာရပ်တွေထက် ကျောင်းလခကမဆိုသလောက်နည်းနည်းပိုများတယ်။ အခုနောက်ပိုင်း မြန်မာကျောင်းသားတွေ Civil &Construction Engineering အပြင် Chemical Engineering ကိုပါ စိတ်ဝင်စားလာကြတယ်။ အကြောင်းအရင်းကတော့ ကုန်ပစ္စည်းသစ်ကိုကိုယ်ပိုင် Brand နဲ့ထုတ်ချင်တဲ့သူတွေများတယ်။’’ ဟုပြောကြားသည်။ ကျောင်းဖွင့်ချိန်ကာလမှာ- နှစ်စဉ် မတ်လ နှင့် သြဂုတ်လတို့ဖြစ်သည်။ Curtin Sarawakaကျောင်းသားအများစုသည် သြစတြေးလျနိုင်ငံရှိ Main Campus သို့ ကူးပြောင်းသင်ယူကြမည့် ကျောင်းသားများဖြစ်ကြသည်။
             ကျောင်းဝင်ခွင့်သတ်မှတ်ချက်မှာ- တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုအနည်းဆုံးတစ်ဘာသာလျှင် ပျမ်းမျှ (၆၀) မှတ်ရရှိထားသူဖြစ်ရမည်။ IELTS အနည်းဆုးံ(5.5 )/ TOFEL အနည်းဆုံးရမှတ်(525) ရရှိထားရမည်ဖြစ်သည်။ Curtin တက္ကသိုလ်တွင် ကျောင်းတက်ချိန်ကာလမှာ Foundation တန်းအပါအ၀င် (၅) နှစ်ကြာမြင့်မည်ဖြစ်ပြီးထိုတတိယနှစ်တွင်အလုပ်သင် (Internship) အနေဖြင့် လုပ်ကိုင်နိုင်ရန်စီစဉ်ပေးထားသဖြင့် ကျောင်းသား/သူများသည် လုပ်သက်အတွေ့အကြုံပါ တစ်ပြိုင်နက်ရရှိနိုင်ကြောင်းကို Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ သိရှိရပါသည်။အသေးစိတ်စုံစမ်းဆွေးနွေးလိုပါက Myanmar Search International (MIS) နိုင်ငံခြားပညာရေးဝန်ဆောင်မှု အမှတ်(234) ဒုတိယထပ်(ညာ) ရွှေဘုံသာလမ်း(အလယ်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၃၈၉၉၁၅၊ ၀၁-၂၅၀၉၂၉၊၀၉-၅၁၀၃၉၁၅ သို့မေးမြန်းနိုင်ပါသည်။

Comments

There are no comments

Posting comments after three months has been disabled.